Skip to main content
ဘယ်စာကိုဘယ်မှာ သင်မတုံး
ဘယ်စာကိုဘယ်မှာ သင်မတုံး
      ကျွန်တော်တို့ လူမှု ပတ်ဝန်းကျင်မှာ လူတိုင်းဟာ အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီနဲ့ ကျင်လည် အသက်မွေးနေကြပါတယ်။ ဒီလိုအလုပ်တွေ မလုပ်ခင်မှာ လူတွေရဲ့ ၇၅% လောက်က အခြေခံပညာကိုသင်ယူတက်မြောက်ပြီးကြပါပြီ။ အဲဒီအထဲကမှာ ဘာကို ကျွန်တော်သွားတွေ့လဲ ဆိုတော့ အလုပ်နဲ့ ကျောင်းနဲ့ ၀ါသနာနဲ့ ထပ်တူမကျတာတွေ သွားတွေ့ပါတယ်။အားလုံးက အခြေခံပညာကျောင်းတုန်းက အတူတူသင်ကြလေ့လာကြရပါတယ်။ နောက်ပိုင်းမှ မိမိအတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်မဲ့ ပညာဘက်ကို ဆက်လိုက်ကြ လေ့လာကြရပါတယ်။
          တချို့က ရိုးရိုးတက္ကသိုလ်၊ တချို့က စက်မှုတက္ကသိုလ်၊ တစ်ချို့က ဆေးကျောင်း၊ တစ်ချို့ စစ်တပ်ထဲဝင်၊ တချို့ ပညာရေး ကောလိပ်တက်၊တက္ကသိုလ်တက်ကြနဲ့ ဆက်ပြီး လေ့လာသင်ယူကြရပါတယ်။
          တလောက သူငယ်ချင်းတစ်ယောက် သူဝါသနာပါတာက ရေကြောင်းပညာ၊ အမှတ်လဲမှီပါတယ်…..အဲဒါကိုမိဘတွေ တက်စေချင်တာက ဆေးကျောင်း၊ ဒါကြောင့်သူမတက်ချင်တဲ့ဆေးကျောင်းကို တက်နေရပါတယ်။ အစကတည်းက သူဆေးပညာကိုစိတ်မ၀င်စားတော့ ကျောင်းချိန်မှာ အတန်းလစ်တယ်၊ဂိမ်းဆော့တယ်။တစ်ခါတစ်လေ အရက်ဆိုင်ရောက်နေတက်ပါတယ်။ကျွန်တော်သူ့ကို အားပေးစကားပြောပြီးမနည်း နှစ်သိမ့်ခဲ့ရပါတယ်။
          အဲဒီနောက်ပိုင်းမှာဝါသနာနဲ့ ကိုယ်သင်ယူနေတဲ့ပညာ အကြောင်း အားရင်အားသလို အတွေးနယ်ချဲ့မိပါတော့တယ်။ ဒါတွေဟာ တနည်းအားဖြင့် Brain Drain တွေပင်ဖြစ်ပါတယ်။အဲဒီအသုံးအနှုံးကို လူသိများပါတယ် “ဦးနှောက် ယိုစီးမှု” ၊ အထူးသဖြင့် ကိုယ့်နိုင်ငံကပညာတက်များ လူသားအရင်းအမြစ် သယံဇာတ များ တိုင်းတစ်ပါးသို့…ယိုစီးရောက်ရှိသွားခြင်းကိုဆိုလာပါတယ်။
          ကိုယ်မသင်ယူချင်သော စိတ်မ၀င်စားသော ဘာသာရပ်ကို အကြောင်းအမျိုးမျိုးဖြင့် သင်၊ ထိုဘာသာရပ်ကို အထင်မကြီး၊ မချစ်၊ ထိုဘာသာရပ်ကို အသုံးမချ၊ ဖွံ့ဖြိုးအောင် မကြိုးစား စသည့် အချက်အလက်များသည်လဲ Brain Drain ပင်ဖြစ်ပါသည်။
          ဟိုနားသည်နားက LCCI ဆိုသော အသံဗလံ ကလေးများ ထွက်လာတော့ အဲဒါ LCCI ရှိရာ ဆီသို့ ပြေးသွားလိုက်၊ MBA လှိုင်းတွေ ရိုက်ခတ်လာသောအခါ MBA ဘက်ရောက်သွားလိုက် ၊သူများ TOEFL ဆိုတော့ ကိုယ် TOEFL ၊သူများ IELTS ဆိုကိုယ် IELTS။
          တကယ်တော့ နိမ့်မြင့်လို့၊ ဟိုလူ့ကြောင့်သည်လူ့ကြောင့် ပညာရှာဖွေ နေသည်မျိုးမဟုတ်ဘဲ ကိုယ်လျောက်လှမ်းမည့် ဘ၀ လမ်းကြောင်း နှင့် စပ်ဟပ်ကာ စိတ်ကြိုက် ပညာရပ်ကို သင်ယူခြင်းသာ ထွန်းကားရာ အလုပ်ဟု ကျွန်တော်ယူဆပါသည်။
          ကျွန်တော်တို့အားလုံးဟာ အစဉ်လေ့လာသင်ယူ နေသူတွေဖြစ်လို့ ဒီပို့စ်လေးကို စာရေးဆရာ မောင်သာချို ရေးတဲ့ “အနာဂတ် ၀ါကျများ” ဆိုတဲ့စာအုပ်ထဲက ဆောင်းပါးကို ကျွန်တော့်အိုင်ဒီယာနဲ့ ပေါင်းပြီး စာဖတ်သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။ ဒီစာကိုဖတ်ပြီး ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြရအောင်…………………..
“ဘယ်စာကိုဘယ်မှာ သင်မတုံး?” လို့……………..။
အားလုံးကိုလေးစားလျက်
ပစ်တိုင်းထောင်(Wisdom Life)
Comments
  1. မြန်မာပြည်က လူအများက ကိုယ်လုပ်တဲ့အလုပ်နဲ့ ၀ါသနာထပ်တူကျ
    တာ အရမ်းကိုနဲတယ်
    စိတ်မ၀င်စားသော ဘာသာရပ်ကို အကြောင်းအမျိုးမျိုးဖြင့် သင်--
    အဲတာတွေများနေတယ်-ဟုတ်တယ်
    ဒီပိုစ့်ကောင်းတယ် မျှဝေသင့်တယ်နော်
    ReplyDelete
  2. တချို့ မိဘတွေက ဖြစ်ချင်တာဘဲ သိကြတယ်..
    ကိုယ့်သားသမီး ၀ါသနာပါတာကို အားပေးသင့်တယ်..
    ReplyDelete
Post a Comment
Leave a Message for me
Popular posts from this blog
လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်
လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...
ဖူးစာရှင်ရှာနည်း
သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။
ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့
ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...