Skip to main content

ဘောလုံးချစ်သူ(ဟာသ)


အခုစစချင်း မင်းရဲ့အလှတရားကို တို့က ကမ္ဘာဖလားနဲ့ တောင်မလဲနိုင်တဲ့အကြောင်း စပြောပါရစေနော်....


အချစ်ဆိုတာ ရီးရဲမက်ဒရစ်လို ပိုက်ဆံချမ်းသာတိုင်း ၀ယ်လို့မရနိုင်ဘူးဆိုတာ


မင်းအနည်းနဲ့အများတော့ နားလည်လိမ့်မယ်လို့ထင်ပါတယ်....... ....


မန်ယူလို အကြံတူတဲ့လူတွေရှိနေမှန်းလဲသိပါတယ်။


မင်းရဲ့အနားမှာ စည်းကြပ်ဒိုင်တွေရှိလို့ အနီးကပ်တောင်မထိုင်ရဲပါဘူးကွာ...


တို့ကို အဖြောင့်တည်ကြည်သဘောနဲ့ ထောင့်တည်ဘော တစ်လုံးလောက်မျှော်လင့်ခွင့်ပေးပါလား....


မင်းရဲ့အချစ်တွေက တို့အပေါ်မှာ ဘလက်ဘန်းလို အရမ်းလန်းနေတော့


တို့ရင်ထဲမှာ ဖူလ်ဟမ်လို လိုအပူကန်နေပါတယ်ချစ်သူရယ်....


မင်းကိုတို့က ဆီနီဂေါ လို တစ်ကယ် အပီပြောမယ်ကြံကာမှ


မင်းက ဘရာဇီးလို အထာကြီးနဲ့နေနေတဲ့အတွက် တို့မှာ အင်္ဂလန်လို ရင်ခံနေရပါတယ် ချစ်သူရယ်.....




အဲဒီအတွက်မင်းက လစ်ဗျားလို အပြစ်စကားဆိုရင်လဲ တို့လက်ခံပါ့မယ်....


တို့ကမင်းကို ဟော်လန်လို အပျော်ကြံတာမဟုတ်ပဲ


ပြင်သစ်လို အရင်ချစ်ခဲ့တဲ့အတွက် မင်းအနားကို ဒိန်းမတ်လို တစ်စိမ်းကပ်တာတောင်မကြိုက်ပါဘူး...


ယူဂိုဆလပ်လို အူတိုမတတ်ချစ်ခဲ့ တာကို မင်းကဂရုမစိုက်ပဲ စပါးစ်လို ကုလားတစ်ယောက်နဲ့


စကားပြောနေတာကိုမြင်လိုက်ရတဲ့တို့မှာ လီဗာပူးလို အတည်ငါရူးနေပြီဆို တာ မင်းတွေးမိသေးရဲ့လား


မင်းရဲ့အကြည့်တစ်ချက်က တို့ရဲ့ရင်ထဲကို ဘိုင်ယန်မြူးနစ်လို အမှန်တစ်ကယ်စူးနစ်နေပြီ။


မင်းရဲ့အနားလာ ကပ်ပြီး ဂျပန်လို မဟန်တော့မှ နောက်ဆုတ်သွားတဲ့လူမျိုးတွေထဲမှာ တို့မပါဘူးဆိုတာ မင်းသိစေချင်တယ်ကွာ....


မင်းတို့ကို ဆက်ဆံပုံက ပါးမားလို တစ်အားများပြီးမှားရင်တော့ တို့က အေစီလို သေပြီပေါ့ကွာ....


မင်းကို ဆမ်ဒိုးရီးယားလို မြတ်နိုးမိရသူပါ စတုဂတ်လို ဘုပြောတတ်တဲ့ မင်းကိုချစ်တယ်။


ဒါကို ဟန်နိုဗာလို အပိုပါလို့ မပြောနဲ့နော်.... မင်းကို ပို့စ်မောက်လို အမျိုးတစ်ယောက်လို ကြင်နာမှုမျိုးတွေနဲ့ ထားချင်တယ်....


လက်ဆောင်ပေးတိုင်း အနားမှာတွေ့တာနဲ့ ၀ုပ်ဖ်ဘတ်လို ထုတတ်တဲ့ အပြုအမူတွေ နောက်တစ်ခါမလုပ်နဲ့တော့နော်.


တို့ကို အင်တာလို အစဉ်သာကြင်နာပေါ့.... ပြီးတော့ ဗီလာလို ကြည်ကြည်သာသာလေးနေနော်...


ရိုးမားလို တစ်မျိုးစကားပြောရရင် ရေးစင်းလို ပြေးမနင်းနဲ့ (ဆိုက်ကားပြောပါတယ်)


မင်းကို ဟမ်းဘတ်လို အရမ်းဖက်ချင်တယ်သိလား..... အခုပြောနေတာတွေက ဂီဂျွန်လို အပီတွန်နေတယ်လို့ ထင်နေတယ်မဟုတ်လား.....


ဟွန်းနော်.. ပြီးတော့မှ မာဆေးလ်လို အထာမပေးနဲ့ ဂျာမနီလို အသာတစ်ကြည် မလာတော့ဘူးမှတ်....


အခုပြောနေတာတွေကို နယူးကာဆယ်လို ရူးပါတယ်လို့ဝေဖန်ရင်လဲ ကျေနပ်ပါတယ်.....


ရင်ထဲက ခံစားချက်တွေကို နာပိုလီလို စာတွေစီနေတဲ့အတွက် တိုဂိုလို အပိုတစ်အလိုမပါဘူးဆိုတာ ယုံစေချင်တယ်....


အီကွေဒေါလို တစ်ကယ်အတည်ထပ်ပြောမယ် ယူကရိန်းလို တစ်ကယ်မစိမ်းပါနဲ့ လိုင်လီလို ဆိုင်သည်လို့ပဲပြောထားပါရစေနော်....


မင်းနဲ့ ဖရီးကစ်လို တစ်သီးတစ်ခြားမဖြစ်ပါစေနဲ့လို့ ဆုတောင်းတယ်သိလား.....


တို့ရဲ့ရင်ခွင်ထဲကိုမင်းက ချဲလ်ဆီးလို အပြတ်ကြီးနဲ့ အာဆင်နယ်လို လာချင်တယ်ဆိုရင် မန်စီတီးလို အနမ်းကြီးပေးပြီးကြိုမယ်နော်..


ဒီစာလေးကို ဘာစီလို မင်းက အသာတစ်ကြည်နဲ့ ယူမယ်ဆိုရင်တော့ ကိုလုံးလို အပျော်ဆုံးဖြစ်နေမဲ့လူလို့ပြောရင်း ဂီတာဖေးလို အပီစာပေးလိုက်ပါတယ်ကွာ........
မှုရင်းလိပ်စာ>>>http://pistouk48.blogspot.com/2011/03/blog-post_06.html

Comments

  1. တော်တော်၇ယ်၇ပါတယ် မောင်လေးကပိုကြိုက်မှာဒါမို.ကူးလိုက်အုံးမယ်

    ReplyDelete

Post a Comment

Leave a Message for me

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ           ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။           သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။