Skip to main content

ဆရာမနှင့်ကျောင်းသား ဟာသများ

ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?

ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..



စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ

စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့

လဲ?




ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။

ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး..



တရားဟောဆရာ။ ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း. . . မင်းဟာထမင်းမစားခင်မှာ
ဆုတောင်းလား. မတောင်းဘူးလား?

ဆမ်။ ။ ဆုတောင်းဖို့ မလိုပါဘူးခင်ဗျာ.. ကျွန်တော့်အမေက ဟင်းချက်ကောင်းပါတယ်…



ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ
စမ်းပါဦးကွယ်..

ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ
မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ....









ဆရာမ။ ။ နေနဲ့လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ

ကျောင်းသား။ ။ လပါဆရာမ

ဆရာမ။ ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?

ကျောင်းသား။ ။ လက ကျွန်တော်တို့အလင်းရောင် လိုအပ်နေတဲ့ညမှ ပေါ်လာပြီးတော့
နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။



ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား

ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ

ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ

ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့
ကျောင်းဆရာ

ဆရာမ။ ။ မင်းအမေကရော

ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..



'တစ်ကယ်ချစ်လို့လား'


"မောင် ကျွန်မကိုတစ်ကယ်ချစ်လို့လား"
"ချစ်တာပေါ့"
"ဒါဆိုရင်ကျွန်မသေရင်ငိုမှာလား"
"ငိုမှာပေါ့"
"ကဲ ဒါဖြင့်ခုငိုပြ"
"မင်းအရင်သေပြလေ" :P....




'နတ်သမီးလေး'


သားငယ်။။။။နတ်သမီးဆိုတာပျံနိုင်လားမေမေ
မိခင်။။။။။။။။။ပျံနိုင်တာပေါ့ကွယ်
သားငယ်။။။။အိမ်ရှေ့ခန်းထဲမှာရောက်နေတဲ့သူနာပြုဆရာမလေးကိုဖေဖေကနတ်သမီးလေး
လို့ခေါ်နေတာသားသားကြားခဲ့ရတယ်မေမေ
အဲဒီနတ်သမီးလေးဘယ်တော့ပျံမှာလဲဟင်မေမေ
မိခင်။။။။။။။။။မေမေထမင်းချက်ပြီးအိမ်ရှေ့ထွက်တဲ့အခါကျရင်သူပြန်မှာပေါ့သားရယ် :P...



'ဖုန်းဆက်ခြင်း'

ယောကျာ်းဖြစ်သူက နံနက်ခင်းကော်ဖီသောက်နေပါတယ်။ဒီအခိုက်
သူ့မိန်းမ ဖြစ်သူအနားရောက်လာပြီး သူ့ယောကျာ်းရဲ့ဇက်ပိုးကိုအုပ်လိုက်ပါတယ်။
"ရှင့် ဘောင်းဘီအိပ်ထဲမှာမေရီလို့နာမည်ထိုးထားတဲ့စာရွက်တစ်ရွက်တွေ့တယ်။
ရှင်ဘယ်လိုငြင်းမလဲ"
မိန်းမကဒေါသနဲ့ပြောပါတယ်။
"စိတ်အေးအေးထားစမ်းပါမိန်းမရာ ပြီးခဲ့တဲ့အပါတ်ကကိုယ်မြင်းပွဲသွားတာမင်းမမှတ်မိဘူးလား
အဲဒါကိုယ်လောင်းတဲ့မြင်းမရဲ့နာမည်ပေါ့"
ယောကျာ်းကရှင်းပြပါတယ်။
နောက်တစ်နေ့မနက်မှာတော့မိန်းမဖြစ်သူကဗြုန်းကနဲပေါက်ချလာပြီး ယောကျာ်းလုပ်သူကိုရိုက်လိုက်ပါတယ်
"ဒါကဘာဖြစ်ရပြန်တာတုန်း"
ယောကျာ်းလုပ်သူကမကျေမနပ်ပြောတော့---
"ရှင့်မြင်းမက မနေ့ညက ဖုန်းဆက်တယ်ရှင့်........:P


နည်းနည်းလျှော့ပါဦး

ဆရာဝန်ကလူနာရဲ့ရောဂါအခြေအနေစစ်ဆေးထားတဲ့စာရွက်တွေကိုင်လာပြီး လူနာဆီရောက်လာပါတယ်။
ကျသင့်တဲ့ဆေးစစ်ချက်တွေနဲ့ဆေးဘိုးဝါးခတွေကိုစာရင်းချပြပါတယ်။
ကုန်ကျငွေလည်းတော်တော်များနေပါပြီ။
"ခင်ဗျာရောဂါကကျွမ်းနေပြီဗျ။ ခင်ဗျားအနေနဲ့နောက်ထပ်ခြောက်လပဲနေရတော့မယ်"
လို့ဆရာဝန်ကပြောပါတယ်။
"ဟာ...ဒေါက်တာရယ်ကျွန်တော့မှာအသက်အာမခံတွေဘာတွေလည်းမလုပ်ရသေးဘူး
ဒါကြောင့်ဆရာ့ကိုပေးဖို့ဆေးဘိုးတွေလည်း အချိန်မှီပေးဖို့မရနိုင်သေးဘူးထင်တယ်"
'ဒီတော့ဆရာဝန်ပြန်ပြောလိုက်ပုံက----
"ရပါတယ်၊ ဒါဆိုလဲ ကိုးလလုပ်ဗျာ............. :P


ချစ်လွန်းလို့


တုန်တုန်ယင်ယင်ဖြစ်နေတဲ့မိန်းမတစ်ယောက်ဟာအလုပ်ခွင်ကယောကျာ်းထံဖုန်းဆက်ပါတယ်။
"ကျွန်မထီပေါက်ပြီရှင့်ရှင့်အ၀တ်အစားတွေထုပ်ပေတော့"
"ကောင်းတာပေါ့ နွေရာသီအ၀တ်အစားလား?ဆောင်းရာသီအ၀တ်အစားလား?"
ယောကျာ်းကပြန်မေးပါတယ်။
"နှစ်ခုစလုံးပဲရှင့်။ည ခြောက်နာရီတိတိမှာ ရှင်အိမ်ပေါ်ကဆင်းစေချင်တယ်".....:P


ကွာရှင်းခွင့်

မျက်ရည်စက်လက်နဲ့အိမ်ထောင်ရှင်မတစ်ဦးဟာ တရားသူကြီးတစ်ဦးရှေ့မှောက် ခုလိုတိုင်တန်း
နေပါတယ်။
"တရားသူကြီးမင်းရှင့်၊ကျွန်မယောကျာ်းကို ကွာရှင်းခွင့်ပေးပါ။
"မင်းမှာသက်သေရှိလို့လား"
တရားသူင်္ကြီးကမေးလိုက်ပါတယ်။
"ဟုတ်ကဲ့ရှိပါတယ် တရားသူကြီးမင်းရှင့် ။ ကျွန်မကလေးသုံးယောက်စလုံးရဲ့
မျက်နှာတွေကိုအကဲခတ်ကြည့်ရတာ တစ်ယောက်မှသူနဲ့မတူပါဘူးရှင့်။ :P



အစကကျွန်မမပြောလား


လင်ယောကျာ်းဖြစ်သူက မမျှော်လင့်ပဲ ခရီးထွက်ရာကပြန်လာခဲ့ပါတယ်။အိမ်မှာ သူ့ဇနီးဟာ
တခြားတစ်ယောက်ရဲ့ရင်ခွင်မှာတွေ့ရတော့---
"မင်းတို့ကိုယ်မင်းတို့ ဘာလုပ်နေတယ်လို့များထင်နေလဲကွဟေ"
လို့ဒေါသနဲ့အော်လိုက်ပါတယ်။
ဒီတော့ဇနီးဖြစ်သူက သူ့လူကိုပြောလိုက်ပုံက---
"တွေ့တယ်မဟုတ်လား။အစတည်းကကျွန်မပြောသားပဲ။သူကခပ်တုံးတုံးပါလို့............:P

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ