Tuesday, March 27, 2012

Love Poems (Only Two)

မကြွေပွင့်

ဘယ်သူ့နှုတ်ခမ်းမှ

ပန်းပွင့်တယ်လို့………..ကိုယ်မယုံ

ချစ်တဲ့သူနှုတ်ခမ်း

ပန်းကြာနံ့ထုံ………….

စိတ်ကောက်တော့ ကြာလိုငုံ

ရင်ခုန်တော့ ကြာလိုဖူး…………..

တစ်ခါနမ်းရုံနဲ့

ပန်းကြာငုံ မကြွေပွင့်ရယ်ကြောင့်……..

(ကိုယ့်မှာတော့….)

နေမြင့်လေရူး…………။

 

 

ကိုယ်ရံတော်

အချစ်မင်းကိုယ့်ကို သေနတ်တစ်လက်ဝယ်ပေးသင့်တယ်

ကျည်တစ်တောင့်စီပေါ်မှာ

မင်းရန်သူတွေရဲ့နာမည်ကိုရေးပေးလိုက်ပေါ့။

ကျန်တာကတော့

ကိုယ့်လက်ကလေးကို

မင်းနမ်းလိုက်ရုံပါပဲ။      

ညိုမင်းထက်

0 comments:

Post a Comment

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။

Related Posts Plugin for WordPress, Blogger...