Skip to main content
ကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့အကြောင်း
ကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့အကြောင်း
မအားတာရယ်၊အိုင်ဒီယာ မထွက်တာတွေကြောင့် ကျွန်တော်ပို့စ်မရေးဖြစ်တာ ကြာခဲ့ပါပြီ။ ကျွန်တော်အဓိက လေ့လာဖြစ်တာတွေက နည်းပညာအကြောင်းပဲရေးဖြစ်ဖတ်ဖြစ်ခဲ့တာပါ။ ဒီပို့စ်လေးကထူးထူးခြားခြားဖြစ်သွားအောင် ရေးလိုက်တာပါ။
          ဗိုလ်ချုပ်ပြောတဲ့စကားတစ်ခွန်းက “ကျွန်တော်တို့နေ့စဉ် သွားလာလှုပ်ရှား ပြုမူပြောဆိုလုပ်ဆောင် နေတာတိုင်းသည် နိုင်ငံရေးဖြစ်တယ်”တဲ့ အဲလိုပါပဲ နိုင်ငံသူနိုင်ငံသားပြည်သူလူထုရဲ့အပြုအမူ စိတ်ဓာတ်၊ လုပ်ရပ်တိုင်းသည် နိုင်ငံရေးပဲဖြစ်ပါတယ်။ လူငယ်တွေမှာ ခေတ်စားနေတဲ့ စကားတစ်ခွန်းရှိခဲ့ပါတယ်။ တစ်ခုခု မကြိုက်တာပြောတာတို့၊ ညစ်ညမ်းတွေပြောမိတာတို့ဆိုရင် “နိုင်ငံရေးတွေမပါကြေး ” ဆိုပြီးပြောတက်ပါတယ်
ကြုံဖူးကြလားမသိဘူးနော်။
          ဒီစကားလုံးက ကျွန်တော့အတွက်စဉ်းစားစရာဖြစ်လာတယ်။အတွေးမှားတက်တာတစ်ခုက မကောင်းတာတွေလုပ်မှနိင်ငံရေးလားဆိုပြီးတွေးစရာဖြစ်လာပါတယ်။ မကောင်းတာလုပ်တာတွေးတာ၊ကြံတာ၊လုပ်တာ ကို နိုင်ငံရေးလို့ယူဆရင် အမှားကြီးမှားပါလိမ့်မယ်။ မြန်မာနိုင်ငံ ၏အတိတ်သည် အတန်ငယ်ဆိုးရွားခဲ့ပါတယ်။ ၂၀၁၁ မှစပြီးတော့် ဒီမိုကရေစီအသွင်ကူးပြောင်းရန် အစပျိုးပြောင်းလဲခဲ့ပါတယ်။
          အရက်သမားတွေ အရက်တအားစွဲနေပြီးမှ ရုတ်တရက်ဖြတ်လိုက်သလိုမျိုး လက်တုန်၊ခြေတုန်၊ဂယောင်ခြောက်ခြားတွေလဲ ဖြစ်ခဲ့ဖြစ်ဆဲ ပါ…….။ “ဆေးကောင်းမည်သည် ခါးသက်၏” ဆိုသလိုပါပဲ ဆေးခါးကိုတော့ကျိတ်မှိတ်မျိုရအုန်းမှာပါပဲ။ ထွေးမပစ်ဖို့ပါပဲ။
          “အပြောင်းအလဲ” ဆိုတဲ့အတိုင်း “အပြောင်း”တွေပြုလုပ်နေချိန်မှာ “အလဲ” ဆိုတာလဲရှိနိုင်ပါသေးတယ်။ဒါကတော့ ဖြန့်ထွက်တွေးနည်းနဲ့တွေးပြတာပါ။ လဲကျတယ်ဆိုတာမြင့်မားတယ်ဆိုတာကိုသက်သေပြလိုက် တာပါ။
          “လဲကျရင်ပြန်ထလိုက်ပါ ဒါရှက်စရာမဟုတ်ပါဘူး” ပြန်မထတာကသာ ရှက်စရာပါ။
ကျွန်တော်တို့မြန်မာတွေတိုးတက်သင့်သလောက် မတိုးတက်သေးတာဟာ၊ အခြေနေ၊အချိန်အခါ၊အခွင့်အရေး၊နည်းပညာလိုအပ်မှုတွေ၊ အသိပညာ လိုအပ်မှုတွေကြောင့်ပါ။ကျွန်တော်တို့မြန်မာတွေနိုင်ငံတကာနဲ့ရင်ပေါင်တန်း ချင်ရင်ကြိုးစားကြရမှာပါ၊ အလွှာမျိုးစုံက လူတွေ က မိမိအလုပ်ကို တစ်ဦးနဲ့တစ်ဦး လေးစား တန်ဖိုးထားပြီး ကြိုးစားကြရအောင်ပါ။ကျွန်တော်အပါအ၀င်ပေါ့။ ကျွန်တော်တို့ “အသာနေ” လို့မရတော့ပါဘူး။ဦးဘုန်းပြောသလိုပါပဲ “အသာမနေနဲ့ အသာနေရင်အသေနာတက်တယ်” တဲ့
ဒါကြောင့်အသိပညာ အတက်ပညာတွေခေတ်နောက်ကျမနေစေဖို့ မိမိဝါသနာပါရာ မိမိအားသန်ရာ အတက်ပညာ တစ်ခုခုကို လေ့လာဆည်းပူးကြပါစို့။ကျွန်တော်တို့ပညာရေးပိုင်းမှာဆိုရင် ဆောင်ပုဒ်ရှိခဲ့ပါတယ်။
“အစဉ်လေ့လာသင်ယူနေသောလူ့အဖွဲ့အစည်းတစ်ရပ်ပေါ်ပေါက်ရေး” ဆိုပြီးရှိပါတယ်။
          ဒီဆောင်ပုဒ်မှာ လိုနေတာလေးတစ်ခု ကျွန်တော်မြင်ပါတယ်။ စာဖတ်သူတို့လဲ လက်ခံနိုင်မှာပါ။
ဒါလေးကတော့
          အစဉ်လေ့လာသင်ယူ အသုံးချ နေသော လူ့အဖွဲ့အစည်း”ဆိုပြီးတော့ဖြစ်ပါတယ်။
          “လူ့ရဲ့စွမ်းအားကိုပေါ့ပေါ့ဆဆ မတွက်ကြပါနဲ့ နိုင်ငံတကာနဲ့ယှဉ်ပြနိုင်အောင် ကြိုးပမ်းတဲ့နေရာမှာ
လူ့စွမ်းအားကိုအသုံးချနိုင်ကြပါစေ”
          “အကူအညီပေးတယ်ဆိုတဲ့နိုင်ငံတစ်နိုင်ငံရဲ့ အချည်အနှောင်ကို မခံသင့်ပါဘူး”
ပညာရေးစနစ်ကို စတင်ပြောင်းလဲနေပြီဖြစ်ပါတယ်။ကျွန်တော်မြင်တာတစ်ခုက အလွက်ကျက်မှတ်ဖြေဆိုတဲ့
စနစ်ကြီးကို ပပျောက်စေချင်ပါတယ်။ ဒါကလဲ သူငယ်တန်းကစပြီး အကျင့်ဖြစ်အောင် လုပ်ပေးသင့်ပါတယ်။
ဒါမှသာလျှင်ကမောက်ကမ မဖြစ်မှာပါပဲ။ မေးခွန်းသုံးစုံချပေး တစ်စုံဖြေဆိုတဲ့ စနစ်ဆိုးကြီးပပျောက်သင့်တာကြာပါပြီ။
          “အခြေခံပညာကျောင်းတွေမှာလဲ လက်တွေ့ပစ္စည်း တွေအစုံအလင်မဟုတ်ရင်တောင် သင်ထောက်ကူပစ္စည်း အဖြစ် အတန်ငယ်ထားသင့်ပါတယ်” လက်တွေ့က စာတွေ့ထက် ပိုပြီး မှတ်မိစေပါတယ်။
          အဲဒီလိုလုပ်ရင်းနဲ့မှ ဘယ်ကျောင်းသားကဖြင့်ဘာကို ပိုဝါသနာပါတယ်။ ကျွမ်းကျင်တယ်ဆိုတဲ့ ဇ လေးတွေ ထွက်လာမှာပါ။ ဒါမှ သူဝါသနာပါတဲ့ လိုင်းကို ဆက်လိုက်ခိုင်းခြင်းအားဖြင့် တိုးတက်မှုကိုဖြစ်စေရမှာပါ။
          အခုနောက်ပိုင်းဆိုတွေ့လာရတာက ကျူရှင်ဆရာဆရာမကိုမှ ဆရာ၊ဆရာမ လို့ ထင်ကြခြင်းပါပဲ။
ဒါတွေဟာ ကျူရှင်စနစ်ရဲ့ ရလဒ်အမွေဆိုးကြီးပါပဲ။
          မိသားစုတစ်စုအတွက် သား-သမီးကောင်းများမွေးထုတ်ပေးနိုင်မှ စာသင်ကျောင်း၏ အဓိပ္ပါယ်
ပြည့်စုံပါသည်
          နိုင်ငံတစ်နိုင်ငံအတွက် နိုင်ငံသူနိုင်ငံသားကောင်း များမွေးထုတ်ပေး နိုင်မှ စာသင်ကျောင်း၏ အဓိပ္ပါယ် ပြည့်စုံသည်” ကဲဘယ်လောက်မှန်တဲ့စကားလုံးတွေလဲဗျ။
ဒါတွေအားလုံးကိုရုတ်တရက်ပြောင်းလဲလို့မရပေမဲ့ တဖြည်းဖြည်း ပြောင်းလဲရင်တော့် ကျောက်ဆောင်ပင်ဖြစ်သော်ငြားလဲ တစ်ဖြည်းဖြည်း လှုပ်ရှားပြီး အကျိုးရလဒ်တွေခံစားလာရမယ်ဆိုတာ အသေချာပါပဲဗျာ။
          သကြားကလက်ဖက်ရည်ကိုချိုစေတာမဟုတ်ပါဘူး မွှေလို့ချိုတာပါ
          ကမ္ဘာကြီးကိုသင့်မှာရှိတဲ့ အကောင်းဆုံးတွေကိုပေးပါ ဒီတခါသင့်ရဲ့မျက်နှာကို အကန်ခံရလိမ့်မယ်
ဘာဖြစ်ဖြစ် ကမ္ဘာကြီးကိုသင့်မှာရှိတဲ့ အကောင်းဆုံးတွေကိုသာပေးပါ” ဆိုသလိုပါပဲကျွန်တော် ပေးတာတွေကို
အကောင်းဆုံးလို့ယူဆပြီးကျွန်တော်က ရေးခဲ့တွေးခဲ့ပါတယ် စာဖတ်သူတွေရင်ထဲမှာ တစ်ခုခုမကျန်ခဲ့ရင်
ကျွန်တော့်ဘက်က တစ်ခုခု လိုအပ်ချက်ကြောင့်ဖြစ်ပါတယ်။
အားလုံးကိုလေးစားလျက်
ကိုရဲမင်းထွန်း(Wisdom Life)
Comments
  1. အတွေးအမြင်လေးတွေ ကောင်းပါတယ်
    တခုလောက်ပြောချင်ပါတယ်...ကွန်မန့်ပေးရင် ပြန်ရေးရတဲပ notification box လေး ဖြုတ်ထားပေးရင် ကောင်းမယ်
    ReplyDelete
Post a Comment
Leave a Message for me
Popular posts from this blog
ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့
ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...
လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်
လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...
မီးခြစ်
တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ