Wednesday, March 28, 2012

ခေါင်းလောင်းသံ၏သမိုင်း………..


ဒီကဗျာလေးက ၁၀တန်း ကျောင်းပိတ်ခါနီး ကျောင်းသားတစ်ယောက်က ဆရာ ကဗျာ စပ်ပေးပါလားဆိုလို့ ဘာရယ်မဟုတ် လက်တန်းချရေးပြီး လက်ဆောင်ပေးလိုက်တဲ့ကဗျာလေးပါ….. အမှတ်တရပေါ့ဗျာ………. ဖတ်ကြည့်ကြပါအုန်း  သူတို့လုပ်နေတာလေးတွေကို မြင်အောင် ဟာသနဲ့ချိတ်ပြီး ကာရန်ထည့်ထားတာပါ…………………..
ခေါင်းလောင်းသံ၏သမိုင်း………..
ခေါင်းလောင်းသံနှင့် မှောင်ရီရီ… တို့တွေ ထရပြီ…………(အဆောင်မှာ အိပ်ရာထ ခေါင်းလောင်းတီးပါတယ်)
ထိုင်လိုက်ပြီတဲ့ Study ခန်း………..များမကြာမီ သမ်း…………..
ငိုက်လို့ဝေရီကြောင်စီစီ………ဘာသင်လိုက်မှန်းမသိပြီ…….

မင်္ဂလာပါနှုတ်ဆက်မှ……. အားလုံးအိပ်ရာထ
နှေးတုတ်နှေးတုတ်တရားမှတ်………ထမင်းကြော်ငတ် မည်မှတ်…..
မဟုတ်တာလဲမလုပ်ရဲပြီ ….ကြိမ်လုံးကြောက်ရသည်…..
ကျောင်းတွေပြီးမှ ပြန်ကာလွမ်း…….ဟောဒီကြိမ်အစွမ်း……
စာကျက်ရမှာ အဟုတ်ကိုပျင်း……ကျွန်တော် ကုပ်ကမြင်း…..
အိပ်ချိန်ကျတော့ တော်ကီပွား………ခေါက်ဆွဲလေးလဲစား………..
LED မီးမှောင်ရီရီ…..ရည်းစားစာခိုးရေးရသည်…
ဆရာမိမှာလဲသေအောင်ကြောက်…..ကြည့်ကျီးကန်းတောင်းမှောက်…
စာမေးပွဲလဲနီးခဲ့ပြီ…….. အိပ်ရေးပိုဝသည်………
ကျောင်းပိတ်လို့စာမေးပွဲပြီး…… ကျွန်တော်ဝလို့ဖီး……..။

0 comments:

Post a Comment

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။

Related Posts Plugin for WordPress, Blogger...