သိတာလေးကို ပြန်ဝေမျှလိုက်တာပါနော်......
မှန်မမှန်ကတော့ .... သူငယ်ချင်းတို့ ပဲကိုယ်တိုင်စမ်းကြည့်လိုက်ပါနော်.....
မေးခွန်းလေးတွေကို အတက်နိုင်ဆုံး (စိတ်ထဲအရင်ပေါ်လာတာကို)မြန်မြန်ဖြေပါနော်...
လွယ်ပါတယ်... ကဲစပြီ......
Q:(1) ခုပေးတဲ့အကောင်တွေကိုစိတ်ထဲပေါ်လာတဲ့အကောင်ကစရေးပါ...
မြင်း၊ ကျား၊ ၀က်၊ နွား၊သိုး.......
Q:(2) သက်ဆိုင်ရာရည်ညွှန်းအဓိပ္ပာယ်ကိုရေးပေးပါ...
ဥပမာ ...(ခွေး=ချစ်ဖို့ကောင်းသော)
ခွေး ၊ ကြောင် ၊ ကြွက် ၊ ကော်ဖီ ၊ ပင်လယ်
Q:(3) အောက်ပါအရောင်များကို
မိမိစိတ်ထဲတွင်ပေါ်လာသော၊လူများနှင့်တွဲပါ....
အ၀ါ ၊ လိမ္မော် ၊ အနီ ၊ အဖြူ ၊ အစိမ်း ....
A:(1) သင်ရွေးချယ်ထားသောအကောင်များသည် သင့်ဘ၀တွင် အရေးအကြီးဆုံးမှစသည်...
မြင်း = မိသားစု
ကျား = ဂုဏ်သိက္ခာ
ဝက် = ငွေကြေး
နွား = အသက်မွေးဝမ်းကျောင်းမှု
သိုး = ချစ်ခြင်းမေတ္တာ
A:(2) ခွေး = သင့် personality
ကြောင် = ချစ်သူရဲ့ personality
ကြွက် = ရန်သူရဲ့ personality
ကော်ဖီ = အချစ်ကို သင်ဖွင့်ဆိုသော အဓိပ္ပာယ်
ပင်လယ် = သင့်ကိုယ်ပိုင်ဘ၀ကို သရုပ်ဖော်ထားသော အဓိပ္ပာယ်
A:(3) အ၀ါ = ဘယ်တော့မှ မမေ့မယ့်သူတစ်ယောက်
လိမ္မော် = အစစ်မှန်ဆုံးသူငယ်ချင်းလို့လက်ခံထားသူ
အနီ = တကယ်ချစ်တဲ့သူ
အဖြူ = နှစ်ကိုယ့်တစ်စိတ် (စိတ်ချင်းသိပ်နီးကပ် ဆက်နွယ်နေသူ)
အစိမ်း = တစ်ဘ၀လုံး အမြဲသတိတရရှိမယ့်လူ
မှန်ရဲ့လားဆိုတာတော့ သူငယ်ချင်းတို့ဘဲ ဆုံးဖြတ်ပေးပါနော်.....
ယမင်းဖတ်ဖူးတာလေး ပြန်မျှဝေတာပါနော်
အဆင်ပြေကြပါစေနော်......

0 comments:
Post a Comment
ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။