Skip to main content

ကျွန်တော်ဖတ်မှတ်မိသမျှပြန်ပြောသည်


ကျွန်တော်ဖတ်မှတ်မိသမျှပြန်ပြောသည်
ခုတလော စာသိပ်မဖတ်ဖြစ်တော့ စာပေဟောပြောပွဲတွေပဲ နားထောင်ဖြစ်တယ်။ စာရေးဆရာက တော့ အစုံပဲ။
အဲဒါတွေထဲကမှ ကျွန်တော်မှတ်မိသမျှ ပြန်ပြောပြပါမယ်။
ဦးဘုန်း(ဓါတု) ရေးထားတာလားမသိဘူး။ After You ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ နိုင်ငံခြားမှာ အဲဒီစာကိုရေးတဲ့သူက မိမိကိုယ်မိမိပဲဦးစားပေးခဲ့ပါတယ်တဲ့။လေယာဉ်မယ်လေး ပြောတဲ့စကားတစ်လုံးက After You ဆိုတဲ့စကားလုံးလေးကိုပြန်စဉ်းစားတယ် မင်းပြီးမှဆိုပါလား အော်တော်တော်အတ္တကြီးတဲ့ငါပါလားဆိုပြီးနောင်တရမိတဲ့အကြောင်း ရှက်ရှက်နဲ့ပြန်ရေးထားတဲ့အကြောင်း ဖတ်ရပါတယ်။ အရင်ကတော့မိမိပြီးမှသာ တစ်ခြားသူ အလုပ်ကိုဦးစားပေးခဲ့ပါတယ်တဲ့သူပြောခဲ့ပါတယ်။သူသုံးခဲ့တဲ့နည်း (Law)က After Me နည်းပါပဲ။

ကြားဖူးတာလေးပြန်ရေးပြပါ့မယ်။လူတစ်ယောက်ကိုနိဗါန်နဲ့ ငရဲကို အလည်ခေါ်သွားတယ်တဲ့။ ငရဲမှာတော့ ငါပဲစားမယ်ဆိုပြီးတော့ လုစားနေကြတယ် တစ်ယောက်နဲ့တစ်ယောက်လဲ သတ်ကြခုတ်ကြပေါ့။
နိဗါန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်ခွံ့ကျွေးနေကြတယ်တဲ့ သတ်တာခုတ်တာလဲမတွေ့ရပါဘူး။ဒါပြန်စဉ်းစားကြည့်ရင် After You နည်းပါပဲ။ တစ်ယောက်နဲ့တစ်ယောက် စေတနာရှိရှိ အပြန်အလှန်မေတ္တာထားနိုင်မှ လောကကြီး သာယာလာမှာပါ။
          ဟိုရင်ကဆိုစစ်ပွဲတွေပြိုင်ပွဲတွေနဲ့အနိုင်အရှုံးကိုဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါဟာ (Win-Lose) Theory ပါပဲ။
တယောက်ရှုံးရင် တယောက်ကနိုင်ရမယ် အဲလိုဆုံးဖြတ်ကြပါတယ်။ ဒါပေမဲ့ငြိမ်းချမ်းမှုကိုတော့ လစ်လျူရှုသလိုပါပဲ။
အခုနောက်ပိုင်း ပညာရှင်တွေက စဉ်းစားအကောင်အထည်ဖော်နေတဲ့ နည်းကတော့ (Win-Win)Theory ပါပဲ။
ပူပေါင်းလုပ်ဆောင်ခြင်းအားဖြင့် အောင်မြင်မှုဆီကို အတူတူလှမ်းကိုင်ကြတဲ့ နည်းပါပဲ။ဘယ်သူမှမရှုံးပါဘူး အားလုံးအနိုင်ပါပဲ။ဒါက After You နဲ့လဲဆက်စပ်ပါတယ်။
          အခုဆိုရင် သတင်းစာတိုင်းမှာ မရိုးတမ်ဖတ်နေရတာက နိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးတဲ့သတင်း စတဲ့အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ကိုစပြီး လုပ်ဆောင်လာတာတွေ့ရပါတယ်။
          နောက်ဆိုရင် Free Flow of Myanmar ဖြစ်တော့မှာပါ။
အဲဒီကျရင် မြန်မာတွေ ဘာမှမတက်လို့မဖြစ်ပါဘူး ကိုယ့်အရည်အချင်းကိုယ်ပိုင်နဲ့ ပြည့်ဝနေအောင်ကြိုးစားကြရမှာ။ ဒါမှသာ နိုင်ငံတကာအလယ်မှာ မျက်နှာမငယ်ပဲ ကောင်းတဲ့ ဘက်မှာ ဒါမှဒို့မြန်မာကွ ဆိုပြီးလက်မထောင်နိုင်မှာပါ။
မကောင်းတဲ့ဘက်မှာတော့ လက်မ မထောင်ချင်ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့တော့။
မိမိကိုယ်ကိုရယ် နိင်ငံရယ်အတွက် ဘာဆက်လုပ်မလဲ ဘယ်လိုကြိုးစားမလဲ ဆိုတာစဉ်းစား အကောင်အထည်ဖော်ကြရမှာပါ။
          စာရေးဆရာကြည်မင်းပြောသလိုပါပဲ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ မိမိပညာကိုနည်းနည်းတက်ရင်နည်းနည်းပြန်ဖြန့်ပါ။ အများကြီးတက်ထားမှပြန်သင်ရမှာမဟုတ်ပါဘူးတဲ့။
နည်းနည်းတက်ရင်နည်းနည်းပြန်လက်ဆင့်ကမ်းရင်း ကြိုးစားကြပါစို့လို့ တိုက်တွန်းလိုပါတယ်။
          ပညာကိုသေရွာမယူကြေးလေ ဟုတ်တယ်နော်။ ဒါမှသာအချိန်တိုတိုအတွင်းမှာ လူအများကြီးကို ပညာတွေလက်ဆင့်ကမ်းပေးနိုင်ပါမှာ။ ဒါမှသာ တိုးတက်တဲ့နိုင်ငံတော် အဖြစ်အချိန်တိုတို အတွင်းမှာ ရရှိလာမှာပါ။
          အယူအဆအမှားတွေကို သုံးစွဲနေကြတာတွေ့ရပါတယ်။ အနောက်တိုင်းယဉ်ကျေးမှုက မြန်မာနိုင်ငံထဲကိုသိသိသာသာ ကိုနယ်ချဲ့လာတာတွေ့ရပါတယ်။ အနောက်နိုင်ငံတွေရဲ့အချိန်လေးစားမှု
အလုပ်ကြိုးစားမှု အရှုံးအပေါ်တုန့်ပြန်တဲ့ အပြုအမူတွေ ကိုအတုယူပါ့လား။ ဒါအကြံပေးတာပါ။
မဟုတ်တဲ့ အပြုအမူတွေက သမီးရည်းစားတွေ ဘာမြင်ကွင်းမရှောင်ဘာမရှောင် ချစ်နလန်ထ နေကြတာ တွေ့တွေ့နေရပါတယ်။ ဒါအနောက်တိုင်းယဉ်ကျေးမှုပါ မြန်မာရဲ့ ယဉ်ကျေးတဲ့ ယဉ်ကျေးမှုမဟုတ်ပါဘူး။
ကိုယ့်အမေကိုပြန်မေးကြည့် ပြန်သုံးသပ်ကြည့်ပါ ဘယ်လိုနေခဲ့ဘယ်လိုထိုင်ခဲ့ဘယ်လိုပြုမူခဲ့သလဲဆိုတာကို ပြန်လေ့လာကြည့်ပါ။ လူမြင်ကွင်းမရှောင် ဘာမရှောင် အဲလိုအပြုအမူတွေရှိသလား ပြန်မေးကြည့်ပါ။
စည်းဆိုတာရှိပါတယ် စည်းကမ်းရှိမှတိုးတက်တာပါ။
ဒါကြောင့် သားသမီးဝတ်ငါးပါး ကျေတဲ့ သားသမီးများ အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်းသားသမီးများ ဖြစ်အောင် အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်ကြပါစေလို့ တိုက်တွန်းရင်း ရှေ့ဆက်ကြိုးစားခွင့်ပြုပါ။
ကိုရဲမင်းထွန်း(Wisdom Life)

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...