Skip to main content

Posts

Showing posts with the label သုတ

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ခြင်းတောင်းထဲက ကြက်

ခြင်းတောင်းထဲက ကြက် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။ ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင...

ကံကိုချည်းမယုံပါနဲ့

ဖြူစင်သော အ၀တ်အစားများကို အစွန်းအထင်းများ စွန်းပေခဲ့သော် ဆေးများဖြင့် ဖျက်ကြရသည်။ သို့သော် ခဏခဏ စွန်းပေပါများလာလျှင် (သို့) လက်နှီးစုတ်ဖြစ်သွား လျှင်ကား ဖျက်ဖို့ခဲရင်းသွားပါသည်။ ထို့အတူပင် အတွေးမှားအကြံမှား အယူအဆမှား များကို လူတိုင်းလို ကျင့်သုံးဖန်များလာ လျှင် အမှားကြာ အမှန်ဖြစ်ဆိုသလို အယူအဆ မှားကို ဖျက်ဆီးပစ်ဖို့ ခဲယင်းလှပါသည်။ လူ့လောက၌ လူအမျိုးမျိုး စိတ်အထွေထွေ ရှိကြလေရာ စိတ်ဆန္ဒမျိုးစုံ အယူဝါဒမျိုးစုံ ကွဲပြားနေကြပါ သည်။ စိတ်ဆန္ဒချင်း အယူဝါဒချင်း မတူသော်လည်း တစ်ဦးနှင့်တစ်ဦး ကောင်းကွက်ကို ရှာဖွေကာ သည်းခံပေါင်းသင်းနေကြရသည်..။ လူအများစုသည်ကား အတွေးမှား အကြံမှား အယူအဆမှားတို့ ဖြင့် အမှားသံသရာကြီးထဲမှာ မှားပြီးယင်းမှားက ဆင်းရဲတွင်း နစ်နေကြပါသည်။ ကျွန်ုပ်တို့ ဗုဒ္ဓဘာသာ ၀င်းများပင် အတွေးမှား အကြံမှား အယူအဆမှားကြီးများကို အမှန်ဟုယူဆကာ ကျင့်သုံးနေကြဆဲဖြစ် ပါသည်။ ထိုအမှား ကြီးများကို ဖယ်ရှားပေးကာ လမ်းမှန်ကိုညွှန်ပြပေးဖို့ရန် ကျွန်ုပ်တို့ တာဝန်ဖြစ်ပါ၏။ ကံကိုချည်းပုံချတတ်သော အမှားတစ်ခု ဗုဒ္ဓဘာသာမှန်လျှင် နံပါတ်(၁)အချက်က ကံနှင့်ကံ၏အကျိုးကို ယုံကြည်ရပါမည်။ သို့သော် က...

{ ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ }

{ ဘူးသီး၏ ကျန်းမာရေး အကျိုးကျေးဇူးများ } မြန်မာလူမျိုးတွေရဲ့  မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီးဟာ သွေးတိုး ကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါ တယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ပြုလုပ်ကြပါတယ်။ ဘူးသီးကို စားပေးတာကြောင့် အောက်ပါ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။ ၁။ အသည်းရဲ့  လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ် ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်းကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာကွယ်ပေး တာတို့ လုပ်ဆောင်ပေးပါတယ်။ ၂။ ဆံပင်ဖြူတာကို လျော့ကျစေပါတယ် ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။ ၃။ နုံးချည့်ညောင်းညာမှု သက်သာစေပါတယ် ဘူးသီးကို စားပေးတာကြောင့် နုံးချည့်ညောင်းညာမှု လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူ...

ဘဝတွင် အောင်မြင်ဖို့ရာ

ဘဝတွင် အောင်မြင်ဖို့ရာ ဒီပုံလေး နိုင်ငံတကာ ဖွဘုတ်ပေ့တွေမှာ အတော်လေး ရေပန်းစားနေ ပါတယ်။ ကောင်လေး တစ်ယောက် အစက မလုပ်နိုင်ဘူးလို့ အထင်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ကြည့်ရင်း အပေါ် ရောက်သွားတာလေးပါ။ လုပ်နိုင်မယ့် အထင်နဲ့ နောက်ဆုံးတော့ ပန်းတိုင်ကို ရောက်သွားတဲ့ ပုံစံမျိုး။ သို့ပေမယ့် အောင်မြင်သွားတဲ့ သူအတော်များများရဲ့  လက်ကိုင်ထားတဲံ လမ်းစဉ်နဲ့ နည်းနည်းတော့ လွဲနေပါတယ်။ ဘုရင့်နောင် ဖောင်ဖြတ် ဆိုရိုးကလည်း အရှိသားလေ။ လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကိစ္စကို သူပြန် နောက်မဆုတ်ဘူး။ နောက်တစ်ခုက ကမ္ဘာကျော်တီထွင်ပညာရှင်တွေ။ အက်ဒီဆင်တို့ မီးလုံး ဖန်တီးတုန်းက သူပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "ငါမကျရှုံးဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်း တစ်ထောင်ကို ရှာတွေခဲ့တာ" တဲ့။ I found 1000 ways not to make a lightbulb လို့ဆိုပါတယ်။ ဒီမှာကတည်းက အက်ဒီဆင်ရဲ့  ခံယူချက်ကို မြင်နေရပါတယ်။ သူ စလုပ်ကတည်းက အရှုံးအတွက် လက်မိုင်မကျဘူး။ အရှုံးအတွက် ဝမ်း မနည်းဘူး။ ပုံကပြထားတဲ့ ကလေးလို လှေကားမှာ မိုင်မနေတတ်တဲ့ လူစားမှန်း သူ့စကားနဲ့ လုပ်ရပ်က သက်သေပြပါတယ်။ ပညာရှင်များ က တီထွင်ဖန်တီးမှု မအောင်မြင်သည့်တိုင် ...

သင်ဆိုရင်ရောဘယ်လိုလုပ်မလဲ။

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် .. 'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..' "ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ "တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် .. "လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် … 'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် … ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထား တဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား' လို့ ဆက်မေးတော့ " ...

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လက်အဆစ် ချိုးလျှင်

လက်အဆစ် ချိုးလျှင် လက်အဆစ် ချိုးခြင်းက အဆစ် ရောင်နာ ဖြစ်နိုင်လားလို့ မေးခွန်းများ ရှိခဲ့ ဖူးပါတယ်။ သို့ပေမယ့် လက်ဆစ် ချိုးခြင်းက အဆစ်ရောင်ခြင်း မဖြစ်နိုင် ပါ ဘူး။ သို့ပေမယ့် သူ့မှာလည်း ဆိုးကျိုးတော့ ရှိပါတယ်။ လက်ဆစ်ချိုးလို့ အသံမြည်တယ်ဆိုတာ ယင်းအရိုး အဆစ်တွေကြားက တစ်ရှုးများ ပျက်ဆီး သွားခြင်း ဖြစ်ပါတယ်။ လက်ဆစ်တစ်ခါ ချိုးတိုင်း ယင်း အဆစ်တွေကြားက ခြင်ဆီများ အပေါ်လည်း သက်ရောက်မှု ရှိပါတယ်။ အဓိက ကတော့ ဆဲလ်တစ်ရှုး များအား သေစေပါတယ်။ နောက်ဆက်တွဲ ဆိုးကျိုးကတော့ ယင်းအဆစ်များ အားနည်းခြင်း ဖြစ်ပါတယ်။ လက်ချိုး တယ်ရယ်လို့ မဟုတ်ပဲ ချိုးတဲ့ အဆစ်များ အားလုံးဟာ အကြိမ်ပေါင်း၊ နှစ်ပေါင်းများလာရင် အားနည်းလာပြီး အသက်ကြီးလာရင် လေဖြတ်ဖို့ ပိုအခွင့်အလှမ်း များတယ်လို့ ဆေးပညာရှင် များက ဆိုထားတယ်လို့ သိရပါတယ်။ Ref: medic-facts Myawady Health မှကူးယူဖော်ပြပါသည်။

တက္ကသိုလ်ကျောင်းသားဟူသည်

တက္ကသိုလ်ကျောင်းသားဟူသည် ကျွန်တော်တို့တိုင်းပြည်မှာအခြေခံပညာကျောင်းပြီးသူတိုင်း အသက်မွေးဝမ်းကျောင်းပညာသင်ပေးတဲ့တက္ကသိုလ်တွေကို သွားပြီးပညာသင်ကြားကြရပါတယ်။တက္ကသိုလ်တွေကိုသွားပြီး ပညာသင်ကြားကြပါတယ်။ယခုခေတ်မှာ တွေ့နေရတာတွေက တက္ကသိုလ်တက်သာတက်နေတာ မိမိဝါသနာနဲ့မကိုက်ညီတဲ့ မေဂျာ(Major) ကိုယူပြီးတက်နေကြတာတွေဒုနဲ့ဒေးပါ။ ဒါတွေဟာ Brain Drainတွေပါပဲ။ဖြစ်ခဲ့တာတွေကို မပြောတော့ပါဘူး အပြစ်မတင်တော့ပါ။ ရှေ့ဆက်လျောက်မည့်လမ်းကိုသာ ပြောလိုဆွေးနွေးလိုပါတယ်။ အကြောင်းကြောင်းကြောင့် မေဂျာနဲ့ ၀ါသနာ မကိုက်တာတွေရှိနေသော်လည်း သုံးနှစ်၊ငါးနှစ်၊ခြောက်နှစ် စတဲ့အချိန်တွေကိုအလဟသ မကုန်စေချင်ပါဘူး။ စိတ်မပါဘဲတက်နေတဲ့ ကျောင်းတွေမေဂျာတွေကို တက်နေရသော်ငြားလဲ ကျောင်းတက်ရင်း မိမိဝါသနာပါရာ အလုပ်၊ပညာ စတာတွေကို အချိန်ကို စနစ်တကျခွဲယူပြီး လေ့လာရင်ရပါတယ်။ဒါမှကျောင်းပြီးရင် မိမိလုပ်ချင်တာလဲလုပ်ရ၊ လုပ်သင့်တာလဲလုပ်ရပြီး အောင်မြင်ပျော်ရွင်တဲ့ပညာသိ၊ပညာတက်တွေ ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ အမိန့်ပေးနေခြင်းမဟုတ် အချင်းချင်းလက်တွဲ ခေါ်ဆောင်ခြင်းသဘောမျှသာ…………..။           စိတ်လေပြီး မပျက်စီးစေချင...

Excellent Quotes by Warren Buffet

တက်လို့ရေးထားတာမဟုတ်ပါဘူး။ တစ်ချို့စကားလုံးလေးတွေကို ဘာသာမပြန်တက်တာကတစ်ကြောင်း ဘာသာမပြန်ထိုက်တာကတစ်ကြောင်း ကြောင့် မူရင်းအတိုင်းပဲရှယ်ယာလုပ်လိုက်ပါတယ်။ အတွေးနယ်ချဲ့နိုင်ကြပါစေ။ On Earning : "Never Depend On Single Income. Make Investment To Create A Second Source". On Spending : "If You Buy Things You Do Not Need, Soon You Will Have To Sell Things You Need". On Savings : "Do Not Save What Is Left After Spending, But Spend What Is Left After Saving". On Taking Risk : "Never Test The Depth Of River With Both The Feet". On Investment : "Do Not Put All Eggs In One Basket". On Expectations : "Honesty Is Very Expensive Gift. Do Not Expect It From Cheap People".

မသိခြင်းများနှင့်ကျွန်တော်

အရာရာကို သင်ယူချင်နေတဲ့ ကျွန်တော်မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ်ဆိုင်မှာ သွားအလုပ်လုပ်ဖြစ်တယ်လေ။ ကဲ ပြဿနာက စတော့တာပဲ။ စရောက်တုန်းက မနေတက်မထိုင်တက်ပေါ့။ဟိုနေရာ မ၀င်ဒီနေရာမကိုက် ကောင်တစ်ယောက်ဖြစ်နေခဲ့တယ်။ အပြောအဆိုကစ၊ အနေအထိုင်အဆုံး အစစ သင်နေရတယ်လေ။  ရေးနေတာကလဲ ဘလော့သာဆိုတာပါ။ ဒိုင်ယာရီ တစ်ပုဒ်အဖြစ်သာ စိတ်ထဲက ထင်နေမိပါတယ်။ အဆင်မပြေတာကြုံလာရတိုင်း ဘ၀အတွက်ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးနဲ့ အဆင်ပြေအောင်ပေါင်းတက်အောင်လုပ်နေရတယ်။ အနေအထိုင်မတက်လို့ အပြောခံရတာလဲ ရှိတယ်။ နောက်တစ်ခါ မမှားအောင် မနည်းသတိထားနေရတယ်။ အမှားတစ်ခုကို ထပ်ခါထပ်ခါမှားတာက ပိုဆိုးတယ်ဆိုလို့လေ။ သဘောကျမိတာက စည်းကမ်းပိုင်းဆိုင်ရာ Management ပိုင်းပေါ့။ ဘယ်လို ဆက်ဆံမလဲ ။ဘယ်လိုပြောဆိုမလဲ။ ဘယ်လိုရောင်းဝယ်မလဲ ။စသည်စသည်ပေါ့။နောက်တစ်ခုခေါင်းထဲရောက်လာတာက ။ ဆက်ဆံရေးနှင့်ကျွမ်းကျင်မှု။ ဆက်ဆံရေးက စီးပွားရေးမှာ အရမ်းအဓိကကျတယ်နော်။ အဲဒီရောက်မှသိတယ် အ၇မ်းအရေးပါတယ်ဆိုတာပေါ့။ ဆက်ဆံရေးကောင်းတာတင်မကဘူးဗျ ၀န်ဆောင်မှုကလဲ လိုပြန်ရော။ ကဲ သင်နိုင်သမျှသင်ယူလေ့လာအုန်းမှာပဲနော်။ အင်းတစ်နေ့နေ့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ မမှိတ်မသုန် လေ့လာကြိုးစာ...

လက်တို့ဆုံရာဝယ်

                                                                  လက်တို့ဆုံရာဝယ် “ခွမ်း” ပုလင်းကျကွဲသံကြောင့် ဘေးမှလူများစူးစမ်းကြသည်။ကျွန်တော်ကဒေါသတွေနှင့်ဘာမှ မမြင်တော့ လက်မှာလဲ ကပ်စေးစေး နီပျစ်ပျစ်သွေးတွေ စွန်းနေပြီ။အကြောင်းက ပုလင်းကိုရိုက်ခွဲလိုက်လို့ လက်ကိုပြန်ရှတာပါ။ ကျွန်တော်သွေးစွန်းတဲ့လက်နဲ့ လက်ညိုးငေါက်ငေါက်ထိုးပြီး “မင်းမို့လုပ်ရက်တယ်ကွာ၊ငါတန်ဖိုးထားတဲ့ သစ္စာတရားကို မင်းမို့လို့စော်ကားရက်တယ်။ မင်းပျက်ပြီလို့ပြောခဲ့တဲ့ မင်းရဲ့ အဆက်ဟောင်းကြီးနဲ့မင်းပြန်ဆက်တယ်။ မင်းကိုချစ်ခဲ့တဲ့ သစ္စာတရားတွေနဲ့ ငါ့နှလုံးသားကို မြေမြှုပ်ပစ်ရမှာလားကွ            ဟင်” “ဖြေလေကွာ”        ...

One Thing We needs

One Thing We needs                 ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု ကင်းမဲ့နေခဲ့ကြလို့ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။           ကိုယ်ချင်းစာစိတ်ဟူသည် လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာ အရမ်းကို စကားပြောပါတယ်(အရေးပါတယ်) ကိုယ့်မှာ ဒီလိုမျိုးခံစားရရင် ကျေနပ်မလား ဆိုပြီး အရင်ခံစားနားလည်တက်တဲ့ ကိုယ်ချင်းစာစိတ်မွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။           လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာ စစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ် ၊မိမိအိုးအိမ်တည်မြဲရေး၊မိမိမျိုးဆက် ကျန်းမာပျော်ရွှင်ရေး စသောအချက်တွေကို ဆော...