This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Sunday, March 10, 2013

ဘယ်ဆီ





သင်္ကြန်ဒိုးတွေကြားရတိုင်း ဘယ်ဆီမှန်းလို့လွမ်းရမှန်းမသိ
ငယ်ငယ်အတိတ်ဘ၀ဆီက အမေ့ကို ရေပြွတ်ကြီးဝယ်ခိုင်းဖို့ကလဲ 
အရွယ်ကစားပြော ဒီအရွယ်နဲ့ရေပြွတ် မလိုက်တာအမှန်
ပိတောက်ဆိုတာကလဲ မိုးပြေးလေးရွာမှထထ ပွင့်တက်တာကြာပေါ့
မိုးပြေးမှီတဲ့ ပန်းပိတောက်ထင်ပ
တစ်နှစ်တစ်ခါ မှန်ပေမဲ့ သူလဲ အမှီရှိတယ်။
အလုပ်နဲ့ သင်္ကြန်သင်္ကြန်နဲ့ အလုပ် ဘာကိုပျော်စေရမလဲ 
တရားစခန်းသွားဖို့ကလဲ စိတ်မပါ 
ဘုန်းကြီးကျောင်းမနက်သွားပြီး နေ့လည်သွားကဲတာပဲကောင်းမှာပါ။
မိုးပြေးနဲ့အတူ လက်တွဲဖော်ဆိုတာလဲ ဘယ်ဆီမှာမသိ
Rock n Roll နဲ့သင်္ကြန်ဒိုးကလဲ လွမ်းသူ့ရင်ထဲ ခိုခိုဝင်လာတယ်။
ဘယ်သွားရပါ့မလဲ

ဘယ်သွားကြမလဲသူငယ်ချင်းတို့။




Saturday, March 9, 2013

ဘောက်ဖတ်ကလေး

ပန်းဝတ်ရည်တွေကိုသောက်သုံးပြီး လှပတဲ့ပန်းပွင့်တိုင်းပေါ်မှာ နားခွင့်ရတဲ့ လိပ်ပြာလေးတွေကို သင်တွေ့ဖူးမှာပေါ့။ လှပတဲ့လိပ်ပြာလေးတွေဆိုတာက ကြိုက်တဲ့ ပန်းပွင့်ကို စားသုံးခွင့်ရှိသလိုလောကကြီးကိုလဲ သူအပေါ်စီးမှ ခံစားခွင့်မြင်နိုင်ခွင့် ရှိပါတယ်။

လူတိုင်းလဲ ပြီးပြည့်စုံတဲ့ဘ၀တစ်ခု၊ လိုချင်တာရနိုင်တဲ့ "လိုတရ" ဘ၀တစ်ခုသင်ပိုင်ဆိုင်ချင်မှာပေါ့။
ဒုက္ခတွေကြုံနေလဲသင်စိတ်ဓာတ်မကျဖို့ ကျွန်တော်အဖြစ်မှန်တစ်ခုပြောပြပါရစေ။ နေရိပ်မလာခင်တော့ နေပူထဲလျောက်ရတာလူ့သဘာဝတရားတစ်ခုပါ
လှပတဲ့လိပ်ပြာလေးမဖြစ်ခင်က တရွှေ့ရွှေ့ပဲသွားလာနိုင်ပြိး အရွက်ကလေးတွေပဲစားသုံးနေရတဲ့ ဘောက်ဖတ်လေးကို တွေ့ဖူးကြမှာပါ။ ဘောက်ဖတ်လေးကနေရာကျဉ်းကျဉ်း
လေးမှာ ပဲပျင်းရိစွာနေရတာတွေ့ရလိမ့်မယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ သူ့အပေါ်အခွံမာတစ်ခု လာဖုံးအုပ်ပြီး သူနေရခက် ထိုင်ရခက်သွားစရာရှိတာမသွားရ လာစရာရှိတာမလာရနဲ့ အခက်ကြုံပါလေရော။

သုတေသနကျောင်းသားတစ်ဦးက ဘောက်ဖတ်နှစ်ကောင်အနက် တစ်ကောင်ရဲ့အခွန်မာကို သူခွဲထုတ်ပေးပြီး အပြင်ထွက်ခွင့်ပေးခဲ့တယ် ။ ကံမကောင်းစွာပဲ ထိုဘောက်ဖတ်လေးသေဆုံးသွားခဲ့တယ်။
အခွံမာနဲ့ဘောက်ဖတ်လေးကတော့ တိုးထွက်လာနိုင်ပြီး အမြင့်ကိုပျံသန်းနိုင်တဲ့ လှပခန့်ညားတဲ့
လိပ်ပြာလေးအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။

ဒါပုံပြင်မဟုတ်ခဲ့ပါဘူး လက်တွေ့ဖြစ်ရပ်တစ်ခုပါ။
ဒီအခွံမာကြီးဟာ တခြားမဟုတ်ပါဘူး ။ စည်းကမ်း ဒါမှမဟုတ် အခက်အခဲ ဒါမှမဟုတ် အတွေ့အကြုံတစ်ခုဖြစ်တဲ့အတွက် ဒီအခွံမာလေးကိုကြံကြံခံပြီး တိုးထွက်နိုင်မှသာ အောင်မြင်လှပတဲ့ဘ၀တစ်ခု
ကို ကိုယ်စီလှမ်းနိုင်ကြမှာဖြစ်ပါတယ်။ ဒါကြောင့် အခက်အခဲတွေကြုံလာခဲ့ရင် စိတ်ဓာတ်မကျ၊မငိုကြွေး၊
အရှုံးမပေးပါနဲ့ ဘောက်ဖတ်လေးကို မြင်ပေးကြပါ။
သင်အောင်မြင်မယ်လို့ယုံကြည်ထားလိုက်ပါ။ သင်အောင်မြင်ပါလိမ့်မယ်။


ကြိုးစားလျှက်
ရဲသွေး(Wisdom Life)

ကြွေစေ့

"ချွင်" ခနဲ အသံနဲ့အတူလည်ပတ်ပြီး

ချာချာလည်

တ၀ီဝီကြားနေရတယ်။

ကောင်းတစ်ခါဆိုးတလှည့်ပေါ့။

-

-

-

အပြောင်းအလဲကလည်း

နှစ်ခုကပ်လျှက်

အဆိုးအကောင်းကလည်း

"ဒေါက်" ကနဲကအောက်ကျတာတောင်

ဟိုလှိမ့်ဒီလှိမ့်နဲ့

ခဏကြာမှသူဆုံးဖြတ်ချက်တစ်ခု

ခပ်ရဲရဲချလိုက်တယ်

-

--

ဒါဖြစ်မြဲအရာတစ်ခုပေါ့။

Saturday, March 2, 2013

ရှဉ့်ကလေးတွေရဲ့သတ္တိ …

ရှဉ့်ကလေးတွေရဲ့သတ္တိ …

… လွန်ခဲ့သော (၁၅)နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်တော်စာရေးဆရာ ပေါက်စဘ၀။ ၀င်ငွေ မသေချာသေးသည့်အချိန်။ တစ်နေ့မှာတော့ လက်ရှိဘ၀ပြဿနာကို အလေးအနက် စဉ်းစား အဖြေရှာတော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။
…အမျိုးသမီးနှင့် ကျွန်တော် စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့ဝင်ငွေ

ဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သိပ်တောင့်တတာ တစ်ခုရှိသည်။ ပါရီ၊ ရောမ၊ ဗီယင်နာ၊ လန်ဒန် စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည် နေထိုင်ရင်း စာရေးချင်သောဆန္ဒ။
…သို့သော် မကြာမကြာ ငွေအသင့်အတင့်ရဖို့ပင် မသေချာသေးသော ယခုချိန်ခါ၌ ကိုယ့်အတွက် လုံခြုံမှုရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်ကို စွန့်ခွာကာ မိုင် ၃၀၀၀ ကျော် အဝေးရှိ ဥရောပသို့ သွားရောက်ရန်မှာ မစဉ်းစား ကောင်းသောအရာတစ်ခုဖြစ်နေသည်။

…အဲသည်အခိုက်အတန့်မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီး တစ်ခုထက်မှ ရှဥ့်ကလေးတစ်ကောင် နောက်သစ်ပင်ကြီး တစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်။ သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြီးမှ သစ်ကိုင်းက သူနှင့် အတော်ပင် အလှမ်းဝေးသည်။ မြင့်လည်း အမြင့်ကြီး။ သူလုပ်ပုံက စွန့်စားတာနှင့်မတူ၊ သတ်သေဖို့ ကြံစည်နေသလားပင် အောက်မေ့ရသည်။ တကယ်လည်း သူခုန်သည့် အကိုင်းကြီးဆီသို့ မရောက်ပါ။ လေထဲ ပြုတ်ကျလာသည်။ သို့သော် အောက်ဖက် အတော်နိမ့်သည့် သစ်ကိုင်းတစ်ခုမှာ ဘေးမသီရန်မခ သွားချိတ်မိသည်။ ပြီးတော့ ဘာမှ မမှုသလို ဟန်မျိုးနှင့် သူနဂိုရည်မှန်းရာ သစ်ကိုင်းကြီးဆီိသို့ ပြေးတက်သွားသည်။ အတော်ဟုတ်သည့်ကောင်…။
…ခုံတန်းလျားပေါ်ထိုင်နေသည့် အဘိုးကြီးတစ်ယောက်ကလည်း သဘောကျစွာ မှတ်ချက်ချသည်။
“ အံ့သြစရာကွ၊ ဒီကောင်တွေ ခုန်တာ ကိုယ်အကြိမ်ပေါင်း ရာချီပြီး မြင်ဖူးတယ်၊ အထူးသဖြင့် အောက်မှာ ခွေးတွေ ၀ိုင်းနေလို့ မြေကြီးပေါ် ဆင်းမလာနိုင်တဲ့အချိန် ခုန်တယ်၊ များသောအားဖြင့် လွဲသွားတာပဲ၊ ဒါပေမယ့် အဲဒီလို ကြိုးစားရင်း နာသွားတာ၊ ဒုက္ခရောက်သွားတာ တစ်ခါမှ မတွေ့ရဘူးကွ…” အဘိုးကြီးက ကျေနပ်အားရဟန်ဖြင့် ရယ်သည်။ ပြီးတော့မှ “ အေးလေ၊ သစ်ပင်တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ ” ဟု ဆိုလေသည်။
…သည်စကားကြားပြီး ကျွန်တော့ခေါင်းထဲ အတွေးတစ်ခု ၀င်သွားသည်။
“ရှဉ့်တစ်ကောင်တောင် ရှိတဲ့အခွင့်အရေးကို ရယူဖို့ကြိုးစားတယ်၊ ငါကရှဥ့်လောက် သတ္တိမရှိဘူးလား”
…ကျွန်တော် ကြာကြာမဆိုင်းပါ။ နှစ်ပတ်အတွင်းမှာပင် အမျိုးသမီးနှင့် လက်ထပ်လိုက်သည်။ ထိုနောက် သင်္ဘောခရီး အတွက် စရိတ်စက ရအောင် ကြံဖန်စုဆောင်းပြီး အတ္တလန်တိတ်ကို ဖြတ်ကူးလာခဲ့သည်။ ဥရောပမှာ ကျွန်တော် နှစ်ဆတိုး ကြိုးစားသည်။ စာတွေ နှစ်ဆလောက် မြန်အောင်ရေးသည်။ ထိုနောက်တွင်ကား ကိုယ်တိုင် အံ့အားသင့်ရ လောက်အောင်ပင် ကျွန်တော် လျင်မြန်စွာ အောင်မြင်ခဲ့သည်။ “ လေးစားလောက်သော ၀င်ငွေ ” ရှိသူ အသိုင်းအ၀ိုင်းသို့ များမကြာမီ ကျွန်တော်တို့ ရောက်ရှိသွားခဲ့သည်။
…သုံးနှစ်ခန့်အကြာ နယူးယောက်သို့ ကျွန်တော်တို့ ပြန်ရောက်လာကြသည့်အခါ မိတ်ဆွေတစ်ယောက်က ကျွန်တော့်အား နိုင်ငံရပ်ခြားတွင် နေထိုင်၍ စာရေးသားခဲ့သည့် အတွေ့အကြုံများအကြောင်း ဟောပြောရန် ကမ်းလှမ်းလာပါသည်။ ဟောပြောခ ကောင်းကောင်းရစေမည်ဖြစ်ကြောင်းလည်း အာမခံပါသည်။ ကျွန်တော် ခေါင်းခါသည်။ ကျွန်တော်က ပရိသတ်ရှေ့တွင် တစ်ခါမျှ ဟောပြောဖူးသူမဟုတ်။ စင်ပေါ်တက်ပြီး ပရိသတ်ကို ရင်ဆိုင်မိရုံဖြင့် မေ့လဲသွားနိုင်သည်ဟု အကြောင်းပြပြီး ငြင်းသည်။
…သည်အချိန် ဇနီးသည်က စကားတစ်ခွန်း ၀င်ပြောသည်။ “ တစ်ခါတုန်းက ရှဥ့်ကလေး တစ်ကောင်ရှိတယ်၊…မှတ်မိလား” ဟူ၍။


…သူက ခုန်ဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ပေါ်လာသည့် အခွင့်အရေးကို အရယူဖို့။ မှန်သည်။ ကြိုးစားကြည့်သဖြင့် အနာတရ ဖြစ်သွားနိုင်သည်မှ မဟုတ်ဘဲ။ အဲသည်နေရာတွင်ပဲ ဆုံးဖြတ်ချက်ကို ကျွန်တော်ပြန်ပြင်ခဲ့သည်။ နောက်လ အနည်းငယ်အတွင်းမှာ ပွဲပေါင်း (၂၀) လောက် ကျွန်တော်ဟောပြောခဲ့ရသည်။ ဘာအနာအဆာ ထိခိုက်ဒဏ်ရာမျှ မရခဲ့။ ပျော်ပင် ပျော်ခဲ့သေးသည်။
…သည့်နောက်မှာတော့ လုပ်ငန်းသစ်တစ်ခုကို စွန့်စားပြီး လုပ်မလား၊ နေရာတွင်ပဲ ကုတ်တွယ်နေမလား စဉ်းစားရသည့် အခါတိုင်း တစ်ခါတုန်းက ရှဥ့်ကလေးတစ်ကောင်ကို ကျွန်တော်ပြေးသတိရသည်။ တစ်ဆက်တည်းပင် ပန်းခြံခုံတန်းလျား ပေါ်က အဘိုးအို၏ စကားသံကို နားထဲပြန်ကြားယောင်လာသည်။


“ အေးလေ၊ သစ်ပင်တစ်ပင်တည်းပေါ်မှာချည်း တစ်သက်လုံး အချိန်မဖြုန်းချင်ရင်တော့ ဒီလိုပဲ စွန့်စားကြရမှာပဲ ” ဟူသော စကား။


…သို့နှင့် အကြိမ်ကြိမ်အခါခါပင် ကျွန်တော် ခုန်ဖြစ်ခဲ့ပါသည်။ သည်လိုခုန်ရင်းက ရှဥ့်ကလေးတွေ ဘာကြောင့် မကြာခဏ ခုန်ကြသလဲဆိုတာပါ ကျွန်တော်သဘောပေါက်လာသည်။
…ခုန်ရတာ ပျော်စရာပေကိုး…။
 
ဖေမြင့်ဘာသာပြန်ဆိုသည်
[ မူရင်း…Oscar Schisgall ၏ Once There Was a Squirrel ]

Excellent Quotes by Warren Buffet

တက်လို့ရေးထားတာမဟုတ်ပါဘူး။ တစ်ချို့စကားလုံးလေးတွေကို ဘာသာမပြန်တက်တာကတစ်ကြောင်း
ဘာသာမပြန်ထိုက်တာကတစ်ကြောင်း ကြောင့် မူရင်းအတိုင်းပဲရှယ်ယာလုပ်လိုက်ပါတယ်။
အတွေးနယ်ချဲ့နိုင်ကြပါစေ။

On Earning : "Never Depend On Single Income. Make Investment To Create A Second Source".


On Spending : "If You Buy Things You Do Not Need, Soon You Will Have To Sell Things You Need".


On Savings : "Do Not Save What Is Left After Spending, But Spend What Is Left After Saving".


On Taking Risk : "Never Test The Depth Of River With Both The Feet".


On Investment : "Do Not Put All Eggs In One Basket".


On Expectations : "Honesty Is Very Expensive Gift. Do Not Expect It From Cheap People".


How to spell Friendship ?


How to spell Friendship ?

F-orgive each other.
R-efresh each other.
I-nvest each other.
E-ncourage each other.
N-urture each other.
D-epend each other.
S-hare each other.
H-elp each other.
I-nspire each other.
P-ray for each other.
By John C.Maxwell

လမ်းဆုံ

ကောင်းကင်ကိုမောင်းတင်ကာ ကျော်ဖြတ်မယ်ကြံ
စင်္ကြာဝဌာရေမြေဆုံးစေတော့
ပျို့ဖူးစာ ရွာနှယ်လည်လို့
facebook မှာ share လုပ်သလိုပ
မြန်လိုက်သည့် ဒီဖြစ်အင်
ဒုန်းပျံလိုထင်
လွမ်းပိုင်ပင် သူ့လောက်မြန်မည်မထင်
ခုတစ်မျိုးတော်ကြာတစ်မျိုးလိုပ
အခုချစ်ကာခုကွဲ
ချစ်ကာမျှမ၀သေး
အသဲကွဲပြီလေးးးးးးးးးးးးးးးးးး ။

အမှတ်မရှိတဲ့ 
ရဲသွေး

Related Posts Plugin for WordPress, Blogger...