Skip to main content

မြခွာညိုရဲ့ လပြာသိုလ် အမေနေ့


ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့
ဘဝနိယာမကို ရှေ့ရှုရင်းနဲ့
နောက်မပြန်တမ်း လျှောက်လှမ်းရင်း
ဝန်ထုပ်ဝန်ပိုးတွေ မနိုင်ဝန်ထမ်းလို့
ခရီးဆက်ခဲ့ မနက်နဲ့ည နေနဲ့လ
အကူပြုခဲ့ရတဲ့ လောကဇာတ်ခုံထဲ
မေတ္တာ ကရုဏာ မုဒိတာ
ဥပေက္ခာတွေနဲ့ အံတုလို့
အေးစက်နေတဲ့ အပြင်လောကကို
စိန်ခေါ် မောင်းထုတ် တိုက်ခိုက်ရင်း
အနွေးထွေးဆုံး ရင်ခွင်မှာ ထားခဲ့ပေးသူ...။

အကွေ့အပတ်များလွန်းတဲ့ တောင်တက်လမ်းတွေမှာ
ပင်ပန်းမောဟိုက် နွမ်းလျနေတုန်း
ပူလောင်အိုက်စက်တဲ့ လေပူလေပြင်းတွေ
အပြင်မှာရိုက်ခတ် အသက်ရှုသံတွေတောင်
မှားယွင်းတော့မည့် ဘဝတဆစ်ချိုးထဲ
ရှုပ်ပွေနေတဲ့ ဇစ်မြစ်လောကဓံကို
ယှဉ်ပြိုင်ကာ စိန်ခေါ်အံတုရင်း
မရပ်တန့်သေးတဲ့ ခြေလှမ်းတွေနဲ့
ဆက်လျှောက်လှမ်းခဲ့ နယ်နိမိတ်မှားတဲ့
သောကနိမိတ်ရဲ့ နေလောင်ပြင်ထဲ
သီတာရေစဉ်တပေါက် သွန်းလောင်လို့
ထာဝရမေတ္တာ အနွေးဓာတ်ပေးခဲ့သူ...။

ထောင်ချောင်တွေ ဝိုင်းရံနေတဲ့
လောကလူ့ဘုံရွာထဲ ကြီးနိုင် ငယ်ညှင်း
သောကခြင်း ဖလှယ်ကြရင်း
ဝေဒနာခြင်းလည်း မတူညီခဲ့
အသက်ရှုခြင်းမတူညီခဲ့တဲ့ အသိုင်းဝိုင်းတွင်း
ရှိုက်ငင်တချက်နဲ့ မာယာအကွေ့အပတ်ကို
ကျူးကျော်ဝင်ရောက်မိခဲ့ ငြီးငြူသံတွေ
ဝေဟင်တိုက်ခိုက်ရင်း လေလှိုင်းထဲမှာတောင်
အဆိပ်တွေသင့်လို့ နှလုံးသားထဲစီးဝင်ခဲ့
မမြင်ရတဲ့ တိုက်ခိုက်မှု သံယောဇဉ်က
ဘဝဂ်မှာ ဆူညံရင်း ပလ္လင်လုသလိုဖြစ်ခဲ့မိ
ဒါပေမဲ့...
သံသေ အသားကောင်းတဲ့
ဓားကောင်းတစ်လက်အတွက်
လောကဓံမီးဖိုမှာ အထုအထောင်းခံဖို့
နည်းလမ်းတွေ သင်ကြားပေးခဲ့လို့
နည်းကောင်းအမှန် စိတ်ဓာတ်မှန်
သားကောင်းတမန် ဇွဲအားသန်တဲ့
ဓားကောင်းတစ်လက် ထုဆစ် ထုတ်ခဲ့ပေးသူ...။


သစ်ရွက်သစ်ကိုင်း ကြွေကျတိုင်း
ကြောက်တက်ဖို့ မသင်ပေးသလို
အမှန်တရားကို ကြောက်လန့်ဖို့လည်း
နည်းပေးလို့ မသင်ကြားပေးခဲ့သူ
ဒါပမဲ့...
ထာဝရ မေတ္တာမွန်နဲ့ ရင်ခွင်အနွေးဓာတ်ပေးသူပါ...။

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ           ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။           သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။