Skip to main content

Posts

Showing posts with the label တိုးတက်ရေး

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဆိုကရေးတီး၏စကားတစ်ခွန်း

ဆိုကရေးတီး၏စကားတစ်ခွန်း ............................ တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာ ပျာသလဲပြောသည်။ ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။ ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား” “မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့” “မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား” “မဟုတ်ဘူး” “ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား” “ မကြီးပါဘူး” “အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူေ...

မေတ္တာဘာဝနာ အကျိုး (၁၁) ပါး

မေတ္တာဘာဝနာ အကျိုး (၁၁) ပါး ၁။ ကောင်းစွာ အိပ်ရခြင်း။ ၂။ ကောင်းစွာ နိုးရခြင်း။ ၃။ ကောင်းသောအိပ်မက်ကို မြင်မက်ရခြင်း။ ၄။ လူအများ ချစ်ခင်မြတ်နိုးခြင်း။ ၅။ နတ်တို့ ကောင်းစွာ စောင့်ရှောက်ခြင်း။ ၆။ နတ်တို့ ချစ်မြတ်နိုးခြင်း။ ၇။ မီး၊ လက်နက်၊ အဆိပ်စသည်တို့ဖြင့် မနှိပ်စက်နိုင်ခြင်း။ ၈။ စိတ်တည်ကြည်ခြင်း။ ၉။ မျက်နှာအဆင်း တင့်တယ်ခြင်း။ ၁၀။ မတွေဝေခြင်း။ ၁၁။ ဗြဟ္မာပြည်သို့ လားရခြင်း။   source : http://www.worldofwisdom.asia/2013/05/blog-post_8451.html  

ဘဝတွင် အောင်မြင်ဖို့ရာ

ဘဝတွင် အောင်မြင်ဖို့ရာ ဒီပုံလေး နိုင်ငံတကာ ဖွဘုတ်ပေ့တွေမှာ အတော်လေး ရေပန်းစားနေ ပါတယ်။ ကောင်လေး တစ်ယောက် အစက မလုပ်နိုင်ဘူးလို့ အထင်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ကြည့်ရင်း အပေါ် ရောက်သွားတာလေးပါ။ လုပ်နိုင်မယ့် အထင်နဲ့ နောက်ဆုံးတော့ ပန်းတိုင်ကို ရောက်သွားတဲ့ ပုံစံမျိုး။ သို့ပေမယ့် အောင်မြင်သွားတဲ့ သူအတော်များများရဲ့  လက်ကိုင်ထားတဲံ လမ်းစဉ်နဲ့ နည်းနည်းတော့ လွဲနေပါတယ်။ ဘုရင့်နောင် ဖောင်ဖြတ် ဆိုရိုးကလည်း အရှိသားလေ။ လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကိစ္စကို သူပြန် နောက်မဆုတ်ဘူး။ နောက်တစ်ခုက ကမ္ဘာကျော်တီထွင်ပညာရှင်တွေ။ အက်ဒီဆင်တို့ မီးလုံး ဖန်တီးတုန်းက သူပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ "ငါမကျရှုံးဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်း တစ်ထောင်ကို ရှာတွေခဲ့တာ" တဲ့။ I found 1000 ways not to make a lightbulb လို့ဆိုပါတယ်။ ဒီမှာကတည်းက အက်ဒီဆင်ရဲ့  ခံယူချက်ကို မြင်နေရပါတယ်။ သူ စလုပ်ကတည်းက အရှုံးအတွက် လက်မိုင်မကျဘူး။ အရှုံးအတွက် ဝမ်း မနည်းဘူး။ ပုံကပြထားတဲ့ ကလေးလို လှေကားမှာ မိုင်မနေတတ်တဲ့ လူစားမှန်း သူ့စကားနဲ့ လုပ်ရပ်က သက်သေပြပါတယ်။ ပညာရှင်များ က တီထွင်ဖန်တီးမှု မအောင်မြင်သည့်တိုင် ...

သင်ဆိုရင်ရောဘယ်လိုလုပ်မလဲ။

တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး 'ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ' လို့ ကျောင်းသားတွေကို မေးတယ်.. ၅၀ဂရမ်၊ ၁၀၀ ဂရမ်အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် .. 'ဒီဖန်ခွက်ရဲ့ တကယ့် အလေးခ်ျိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင်ဘာဖြစ်မလဲ ဆိုတာပဲ ..' "ဘာမှမဖြစ်ဘူး" လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ "တော်တော်ကြာကြာကိုင်ထားရင်ရော" လို့ ဆရာက ဆက်မေးတယ် .. "လက်တွေညောင်းပြီး ထုံကျင်လာမယ်" လို့ ဖြေကြတယ် … 'ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ' လို့ ဆရာမေးတော့ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က "ဆရာ့လက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ ပြီးတော့ ဆရာ့ရဲ့ ကြွက်သားတွေအညောင်းမိ လေဖြတ်ပြီးဆေးရုံရောက်မယ်" လို့ ပြောတော့ တတန်းလုံး ၀ိုင်းရယ်ကြတယ် … ဆရာက 'မင်းပြောတာမှန်တယ် ..ဒါဆိုရင် ဘာလို့ အဲ့လိုဖြစ်သွားတာလဲ..ငါကိုင်ထား တဲ့အချိန် အတွင်းမှာ ဖန်ခွက်ရဲ့ အလေးချိန် ပိုတိုးလာလို့လား' လို့ ဆက်မေးတော့ " ...

တက္ကသိုလ်ကျောင်းသားဟူသည်

တက္ကသိုလ်ကျောင်းသားဟူသည် ကျွန်တော်တို့တိုင်းပြည်မှာအခြေခံပညာကျောင်းပြီးသူတိုင်း အသက်မွေးဝမ်းကျောင်းပညာသင်ပေးတဲ့တက္ကသိုလ်တွေကို သွားပြီးပညာသင်ကြားကြရပါတယ်။တက္ကသိုလ်တွေကိုသွားပြီး ပညာသင်ကြားကြပါတယ်။ယခုခေတ်မှာ တွေ့နေရတာတွေက တက္ကသိုလ်တက်သာတက်နေတာ မိမိဝါသနာနဲ့မကိုက်ညီတဲ့ မေဂျာ(Major) ကိုယူပြီးတက်နေကြတာတွေဒုနဲ့ဒေးပါ။ ဒါတွေဟာ Brain Drainတွေပါပဲ။ဖြစ်ခဲ့တာတွေကို မပြောတော့ပါဘူး အပြစ်မတင်တော့ပါ။ ရှေ့ဆက်လျောက်မည့်လမ်းကိုသာ ပြောလိုဆွေးနွေးလိုပါတယ်။ အကြောင်းကြောင်းကြောင့် မေဂျာနဲ့ ၀ါသနာ မကိုက်တာတွေရှိနေသော်လည်း သုံးနှစ်၊ငါးနှစ်၊ခြောက်နှစ် စတဲ့အချိန်တွေကိုအလဟသ မကုန်စေချင်ပါဘူး။ စိတ်မပါဘဲတက်နေတဲ့ ကျောင်းတွေမေဂျာတွေကို တက်နေရသော်ငြားလဲ ကျောင်းတက်ရင်း မိမိဝါသနာပါရာ အလုပ်၊ပညာ စတာတွေကို အချိန်ကို စနစ်တကျခွဲယူပြီး လေ့လာရင်ရပါတယ်။ဒါမှကျောင်းပြီးရင် မိမိလုပ်ချင်တာလဲလုပ်ရ၊ လုပ်သင့်တာလဲလုပ်ရပြီး အောင်မြင်ပျော်ရွင်တဲ့ပညာသိ၊ပညာတက်တွေ ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ အမိန့်ပေးနေခြင်းမဟုတ် အချင်းချင်းလက်တွဲ ခေါ်ဆောင်ခြင်းသဘောမျှသာ…………..။           စိတ်လေပြီး မပျက်စီးစေချင...

One Thing We Needs

One Thing We needs                 ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု ကင်းမဲ့နေခဲ့ကြလို့ဖြစ်နေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ကိုယ်ချင်းစာစိတ်ဟူသည်လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာအရမ်းကိုစကားပြောပါတယ်(အရေးပါတယ်)ကိုယ့်မှာဒီလိုမျိုးခံစားရရင်ကျေနပ်မလားဆိုပြီးအရင်ခံစားနားလည်တက်တဲ့ကိုယ်ချင်းစာစိတ်မွေးကြပါလို့တိုက်တွန်းချင်ပါတယ်။လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာစစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ်၊မိမိအိုးအိမ်တည်မြဲရေး၊ မိမိမျိုးဆက်ကျန်းမာပျော်ရွှင်ရေးစသောအချက်တွေကိုဆောင်ကျဉ်းပေးနိုင်မယ် “ထာဝရငြိမ်းချမ်းရေး” ကိုသာလိုလားတယ်လို့ထင်ပါတယ်။ဒေါသတွေပါတဲ့လုပ်ရပ်တွေကြောင့်အပူမီးတွေဟာဆက်ဆက်ပြီးလောင်ကျွမ်းစေခဲ့...

ဘောက်ဖတ်ကလေး

ပန်းဝတ်ရည်တွေကိုသောက်သုံးပြီး လှပတဲ့ပန်းပွင့်တိုင်းပေါ်မှာ နားခွင့်ရတဲ့ လိပ်ပြာလေးတွေကို သင်တွေ့ဖူးမှာပေါ့။ လှပတဲ့လိပ်ပြာလေးတွေဆိုတာက ကြိုက်တဲ့ ပန်းပွင့်ကို စားသုံးခွင့်ရှိသလိုလောကကြီးကိုလဲ သူအပေါ်စီးမှ ခံစားခွင့်မြင်နိုင်ခွင့် ရှိပါတယ်။ လူတိုင်းလဲ ပြီးပြည့်စုံတဲ့ဘ၀တစ်ခု၊ လိုချင်တာရနိုင်တဲ့ "လိုတရ" ဘ၀တစ်ခုသင်ပိုင်ဆိုင်ချင်မှာပေါ့။ ဒုက္ခတွေကြုံနေလဲသင်စိတ်ဓာတ်မကျဖို့ ကျွန်တော်အဖြစ်မှန်တစ်ခုပြောပြပါရစေ။ နေရိပ်မလာခင်တော့ နေပူထဲလျောက်ရတာလူ့သဘာဝတရားတစ်ခုပါ လှပတဲ့လိပ်ပြာလေးမဖြစ်ခင်က တရွှေ့ရွှေ့ပဲသွားလာနိုင်ပြိး အရွက်ကလေးတွေပဲစားသုံးနေရတဲ့ ဘောက်ဖတ်လေးကို တွေ့ဖူးကြမှာပါ။ ဘောက်ဖတ်လေးကနေရာကျဉ်းကျဉ်း လေးမှာ ပဲပျင်းရိစွာနေရတာတွေ့ရလိမ့်မယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ သူ့အပေါ်အခွံမာတစ်ခု လာဖုံးအုပ်ပြီး သူနေရခက် ထိုင်ရခက်သွားစရာရှိတာမသွားရ လာစရာရှိတာမလာရနဲ့ အခက်ကြုံပါလေရော။ သုတေသနကျောင်းသားတစ်ဦးက ဘောက်ဖတ်နှစ်ကောင်အနက် တစ်ကောင်ရဲ့အခွန်မာကို သူခွဲထုတ်ပေးပြီး အပြင်ထွက်ခွင့်ပေးခဲ့တယ် ။ ကံမကောင်းစွာပဲ ထိုဘောက်ဖတ်လေးသေဆုံးသွားခဲ့တယ်။ အခွံမာနဲ့ဘောက်ဖတ်လေးကတော့ တိုးထွက်လာနိုင်ပြီး အမြင့်ကိုပျံသန်း...

ရှဉ့်ကလေးတွေရဲ့သတ္တိ …

ရှဉ့်ကလေးတွေရဲ့သတ္တိ … … လွန်ခဲ့သော (၁၅)နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်တော်စာရေးဆရာ ပေါက်စဘ၀။ ၀င်ငွေ မသေချာသေးသည့်အချိန်။ တစ်နေ့မှာတော့ လက်ရှိဘ၀ပြဿနာကို အလေးအနက် စဉ်းစား အဖြေရှာတော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။ …အမျိုးသမီးနှင့် ကျွန်တော် စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့ဝင်ငွေ ဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သိပ်တောင့်တတာ တစ်ခုရှိသည်။ ပါရီ၊ ရောမ၊ ဗီယင်နာ၊ လန်ဒန် စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည် နေထိုင်ရင်း စာရေးချင်သောဆန္ဒ။ …သို့သော် မကြာမကြာ ငွေအသင့်အတင့်ရဖို့ပင် မသေချာသေးသော ယခုချိန်ခါ၌ ကိုယ့်အတွက် လုံခြုံမှုရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်ကို စွန့်ခွာကာ မိုင် ၃၀၀၀ ကျော် အဝေးရှိ ဥရောပသို့ သွားရောက်ရန်မှာ မစဉ်းစား ကောင်းသောအရာတစ်ခုဖြစ်နေသည်။ …အဲသည်အခိုက်အတန့်မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီး တစ်ခုထက်မှ ရှဥ့်ကလေးတစ်ကောင် နောက်သစ်ပင်ကြီး တစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်။ သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြ...

အမိန့်မကျသေးလို့ပါ။

ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတဲ့လူတွေကိုမ ဖမ်းပဲဦးထုပ်ဆောင်းပြီး နည်းနည်းလောက် သေးငယ်တဲ့အမှုကို ဦးထိပ်တင်တက်တဲ့ တို့ပြင်ဦးလွင်က ယာဉ်ထိန်းရဲတွေအတွက် မှတ်ကျောက်တင်ပါရစေ။သုံးယော က်စီးတဲ့လူတွေကိုတော့ ဖမ်းပါရဲ့။ဦးထုပ်မဆောင်းတဲ့ လူတွေကို မဖမ်းဘူးလားဆိုတော့ အများကြီးဆိုတော့မဖမ်းနိုင် ဘူးလေဗျာ အမိန့်လဲမရသေးလို့ပါတဲ့ ။ သိတဲ့လူတွေဖြေကြပါ တရားဥပဒေစိုးမိုးရေးဆိုတဲ့ေ ခါင်းစဉ် ဘယ်မှာချောင်ထိုးထားကြပါသလဲ ။ ကိုယ်တွေ့ဖြစ်ရပ်ပါ။ ကျွန်တော်မီးနီဖြတ်ပီး စီးမိပါတယ် ဖမ်းပါဖမ်းခံခဲ့ပါတယ် အပြစ်ရှိတာကိုး ကိုယ်လုပ်ရင်ကိုယ်ခံရဲပါတယ် ။ ဒါပေမဲ့ များတယ်ဆိုပြီး မနိုင်ဘူးဆိုပြီး စည်းကမ်းမရှိစီးနင်းနေတဲ့ လူတွေကြတော့လစ်လျှူရှုနေကြတာ ဒို့နိုင်ငံကို ခင်ဗျားတို့ ယာဉ်ထိန်းရဲတွေ ခြစားအောင်လုပ်နေတာနဲ့ အတူတူပဲ ။တရားဥပဒေအထက်မှာဘယ်သူမှမရှိစေရဘူးဆိုတဲ့ စကားကို ဘယ်မှာထားကြပါသလဲ။ ပေါက်ကွဲလွန်းလို့တင်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်သမ္မတကြီးလဲသိစေချင်ပါတယ်။ ကျွန်တော်က ဥပဒေ၊တရားမျှတမှု၊စည်းကမ်း ကို လိုလား၊လေးစားတဲ့ မြန်မာပြည်သား စစ်စစ်ပါ။ ဒီကိစ္စကို ဖတ်မိတဲ့လူတိုင်း ပြန်ရှယ်ယာလုပ်ပေးကြပါ။ ဒီလိုဦးထုပ်မဆောင်းတဲ့လူတေ...

ဒို့ပြည်

ခပ်ရိုင်းရိုင်းအပြောအဆိုနဲ့ စာရိတ္တသင်နေတဲ့ ဆရာ၊ဆရာမတွေ သခင်မျိုးဟေ့ဒိှု့ဗမာဆိုပြီး တရုတ်ရဲ့အလုပ်သမားတွေ ဖြစ်နေရတဲ့ ဒို့လူမျိုးတွေ ဒီလိုအဖြစ်တွေတွေ့ရတိုင်း ခေါင်းကုတ်စဥ်းစားစရာဖြစ်လာရော ဘာကြောင့်ဖြစ်ပါလိမ့်........ ???  ယဉ်ကျေးမှုမပပျောက်ရေးဆိုတာတွေထက် ကိုးရီးယားစတိုင်ဝတ်စားမှုတွေက ခေတ်စားလာတာအမှန် ကျောင်းဆိုတာကလဲ စာဆိုတာထက် အသပြာကို သင်နေတာလားမသိ ကိုးတန်းဆယ်တန်းရောက်သာရောက်လာတယ် True or False ဆိုတာ မသိသူတွေ ဒုနဲ့ဒေး အမှားနဲ့အမှန်မသိသရွှေ့ တို့မြန်မာတွေ တိုးတက်ဖို့ဝေးနေအုန်းမှာပဲ Free flow of Myanmar ဖြစ်လာရင် ဒို့နိုင်ငံမှာ သူများနိုင်ငံသားကခိုင်းတာလုပ်ရအုန်းမှာပဲ။ ဒါကို ထမင်းစားတာ မမေ့သလို မမေ့ဖို့လိုတယ် ရှာမယ်ဆိုတာထက် 12 လ ရာသီပွဲမှာ သုံးဖြုန်း မူးတူး ပျော်ပါးနေကြတာတွေ ဒို့လူငယ်တွေအင်အားပြဖို့ က ငမူးအင်အားပြဖို့ ငရူးအင်အားပြဖို့မဟုတ်ပေ သူများလူငယ်တွေနဲ့ကွာပဗျာ။ မလုံမလဲဝတ်စားမှုတွေ ရဲ့ စီးဆင်းမှုအောက်က ရွှေမြန်မာ မ တွေရဲ့ ၀တ်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ မဒိမ်းမှုတွေ။ ဒို့မြန်မာတွေရဲ့ တလင်တမယား စနစ်မြောင်းထဲရောက်ပြီလားဟင်......။ အတုမခိုးသင့်တာခိုးတဲ့ ဒို့လူမျိုးတွေပါလား။ ဒ...

အရာရာကို........

အရာရာကိုအရှုံးပေးနေရင်.......ဘယ်အောင်မြင်သူဖြစ်တာပါ့မလဲ။ အရာရာကိုလက်မြောက်နေရင်...ကျွန်တော်လူညံတစ်ယောက်ဖြစ်သွားမှာပေါ့။ အရာရာကိုကြောက်နေရင်....ဘယ်ရှေ့ရောက်ပါတော့မလဲ။ အရာရာမှာ မပြောရဲမဆိုရဲရင်....ရသင့်တဲ့အခွင့်အရေးဘယ်ရပါတော့မလဲ။ အရာရာမှာ နှုတ်ပိတ်နေရင်....ငတုံးငအဆိုပြီးလူတိုင်းနှာခေါင်းရှုံ့ကြမှာပေါ့။ အရာရာမှာ အားနာနေရင်......ဒီကောင်ငပိန်းပါကွာဆိုပြီး လာညာစားကြမှာပေါ့။ အရာရာမှာ ရက်ရောနေရင်....သူတောင်းစားတွေ တိုက်ဆောက်ကုန်မှာပေါ့(ကလေးစကားနဲ့ပြောတာပါ) အရာရာမှာ မောက်မာနေရင်..........လူတိုင်းရှောင်ဖယ်ကုန်မှာပေါ့။ အရာရာမှာ လိုက်ပြောနေရင်.... ကိုယ်စကားဘယ်လေးစားပါတော့မလဲ။ အရာရာမှာ စည်းကမ်းမရှိရင်....ဘယ်တိုးတက်အောင်မြင်ပါတော့လဲ။ အရာရာမှာ လက်ဖွာနေရင်ဘယ်ကြီးပွားပါ့မလဲ။ အရာရာမှာ စီးကပ်နေရင်ဘယ်လူကပေါင်းဝံ့ပါတော့လဲ။ အရာရာမှာ ဒူးထောက်အရှုံးပေးနေရင် သူများထက်ခေါင်းတစ်လုံးနိမ့်နေမှာပေါ့။ အရာရာမှာ ခေါင်းငုံနေရင်ဘယ် အမြင့်ကိုမြင်ရပါတော့လဲ။ အရာရာမှာ မစဉ်းစားရင် တန်ဖိုးရှိတာတွေဘယ်သိတော့မလဲ။ အရာရာမှာ အချိန်ဖြုန်းနေရင် လူ့ဘ၀က အလကားဖြစ်သွားမှာပေါ့။ အရာရာမှာ...........................................

One Thing We needs

One Thing We needs                 ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု ကင်းမဲ့နေခဲ့ကြလို့ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။           ကိုယ်ချင်းစာစိတ်ဟူသည် လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာ အရမ်းကို စကားပြောပါတယ်(အရေးပါတယ်) ကိုယ့်မှာ ဒီလိုမျိုးခံစားရရင် ကျေနပ်မလား ဆိုပြီး အရင်ခံစားနားလည်တက်တဲ့ ကိုယ်ချင်းစာစိတ်မွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။           လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာ စစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ် ၊မိမိအိုးအိမ်တည်မြဲရေး၊မိမိမျိုးဆက် ကျန်းမာပျော်ရွှင်ရေး စသောအချက်တွေကို ဆော...