Skip to main content

နာရီနှင့်တူသော………….


ဒီကဗျာလေးကတော့ ပျင်းပျင်းရှိတာနဲ့နာရီကြည့်မိပြီး………..နာရီအကြောင်းနဲ့ချိတ်ထားတဲ့လူ့ဘ၀အကြောင်းကို…ပုံဖော်ထားတာပါ….ခံစားကြည့်ကြပါအုန်းနော်…………
နာရီနှင့်တူသော………….
ဓာတ်ခဲနဲ့တူသော……စိတ်ဝိညဉ်
ကိန်းဂဏန်းတွေနဲ့ တူတဲ့ ဘ၀တွေ…..
များလာလိုက်နည်းသွားလိုက်…..မညီညာတဲ့ဘ၀တွေ…….
တစ်ချောင်းတည်း.ခွဲကြည့်လို့မရတဲ့……….နာရီလက်တံလို…
အမြဲတမ်း တွဲကြည့်မှ အဓိပ္ပါယ်ရှိတဲ့ …ကောင်းဆိုး…ဒွန်တွဲမှု….

အကြည့်မှားလို့….လွဲခဲ့တဲ့ ဆုံးဖြတ်ချက်တွေ……
ရှေ့ရောက်ခဲ့ရတဲ့ အချိန်တွေ……
နောက်ကျစွာ…ဖြတ်ကျော်ခဲ့ရတဲ့………နေ့ရက်တွေ…..
လူတိုင်း ခဏခဏ စောင့်ကြည့်နေတဲ့ မျက်ဝန်းတွေ…….
ကိုယ်ကိုတိုင်က……တိကျမှန်ကန်ဖို့လိုအပ်တယ်နော်……..။
ကွဲပြားတဲ့…..အခေါ်အဝေါ်တွေ…
မတူညီတဲ့…… စိတ်ဝိညဉ်တွေ….
ကွဲပြားတဲ့ ရုပ်သဏ္ဏန်တွေ……
နောက်မဆုတ်စတမ်း….ရှေ့ကိုသွားနေရတာခြင်းအတူတူ…
မှားလို့ မှန်တဲ့လူနဲ့……. ပြန်တိုက်ခဲ့ရတဲ့… နေ့ရက်တွေ….
နောက်ပြန်ဆုတ်လို့မရတဲ့……..လုပ်ရပ်တွေ……
ကိုယ်လုပ်ရပ်…..မှန်မမှန်စောင့်ကြည့်နေတဲ့….တခြားလူတွေ…
ကိုယ့်အလုပ်ကိုတာဝန်ကျေကျေ ပုံမှန် စနစ်တကျလုပ်နေရမယ့်…..ကျွန်တော်တို့…..
ခန္တာကိုယ်ပျက်မှ….ရပ်တန့်ရမဲ့……….နာရီလိုလူတွေပါလား……….။
28.3.2012

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ