Skip to main content

အလုပ်က လိုက်ရှာနေသည့်လူများ


အလုပ်က လိုက်ရှာနေသည့်လူများ
ဒီအကြောင်းအရာက မောင်သာချိုရဲ့ အနာဂတ်ဝါကျများဆိုတဲ့ စာအုပ်ထဲက အကြောင်းကို လူအများနဲ့ သက်ဆိုင်မယ်ထင်လို့ ကျွန်တော် မျှဝေပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ လောကမှာရှိတဲ့လူတိုင်းက အလုပ်လုပ်နေကြတာကိုး………။ အလုပ်လုပ်ရင်လိုအပ်မယ့်အရည်အချင်း လိုအပ်မယ့် စိတ်ဓာတ် စတာတွေကိုဒီ ခေါင်းစဉ်က အနည်းငယ် လမ်းကြောင်းပေးနိုင်ပါလိမ့်မယ်။
          နိုင်ငံတစ်နိုင်ငံ၏ ဖွံဖြိုးမှု၊ မဖွံဖြိုးမှု ကို
တိုင်းတာသည့် ပေတံတွေ တော်တော်များများရှိပါလိမ့်မည်။တစ်ချို့က GDP ဖြင့်တိုင်းပါသည်။ Gross Dosmestic Product ခေါ်အမျိုးသား ထုတ်လုပ်မှုပမာဏ ဟူသော ပေတံဖြင့် တိုင်းတာမှု၊ တချို့ကမူ GNH ခေါ် Gross National Happiness ပေတဲ့။ နိုင်ငံသူနိုင်ငံသားတွေဘယ်လောက် ပျော်သလဲ၊ မပျော်ဘူးလဲဆိုသော ပေတံ။ တစ်ချို့က Inflation ပေတံ။ ငွေကြေးဖောင်းပွမှု (သို့မဟုတ်) အရပ်ရပ် ပစ္စည်းများ ဈေးတက်မှု အနေအထားကိုကြည့်ကာ နိုင်ငံအခြေအနေကို တွက်ခြင်းဖြစ်ပါသည်။ နောက်ပေတံ တစ်ခု ကတော့ အလုပ်လက်မဲ့ မည်မျှရှိသလဲ ဟူသော ပေတံ။ အလုပ်လက်မဲ့များလျှင် တိုင်းပြည်မဖွံဖြိုး။ အလုပ်လက်မဲ့နည်းမှ တိုင်းပြည် တိုးတက်သည်ဆိုသော ပေတံ။
          အလုပ်………….အလုပ်။
          သည်အလုပ်အကြောင်းကိုပဲ ကျွန်တော်က ပြောလိုခြင်းဖြစ်သည်။ ကျွန်တော်တို့အားလုံး အလုပ်ကို ရှာဖွေကြ၊ အလုပ်တွေ လုပ်နေကြရပါသည်။ အလုပ်ခေါ်ယူသည် ကြော်ငြာပေါင်းစုံကို အငမ်းမရ ရှာဖွေဖတ်ရှုကြ၊ အလုပ်လျှောက်လွှာတင်ကြ၊ ရေးဖြေစာမေးပွဲတွေ ၀င်ဖြေကြ၊လူတွေ့ အင်တာဗျူးခန်းမရှေ့မှာ တန်းစီစောင့်စားကြ၊ ခန့်မှန်းလစာတွေ ရေးထည့်ကြ။ပြည်တွင်း၊ ပြည်ပ နေရာမျိုးစုံ၊ ရာထူးမျိုးစုံ။
          သို့သော် ကမ္ဘာမည်သည့်နေရာမှာမဆို လူတိုင်း အလုပ်မရနိုင်ကြ။ ထိုကြောင့် အလုပ်ကို ဆက်၍ ဆက်ကာ ကျွန်တော်တို့ ရှာကြရပါသည်။ ရသည်လည်းရှိ၊မရသည်လည်းရှိ။ လူက အလုပ်ကို လိုက်ရှာရသည့်နေ့ရက်များ။
          ဒါဆို အပြန်အလှန်အားဖြင့် အလုပ်ကရော လူကို လိုက်ရှာနေတာမျိုးမရှိနိုင်ဘူးလားတဲ့။ ရှာတဲ့လူကိုရော အလွယ်တကူ တွေ့တက်ကြရဲ့လား။ ဒါကိုပဲကျွန်တော်က ပြောလိုခြင်းဖြစ်ပါသည်။
(နှစ်)
          ဤနေရာ၌ ကျွန်တော်နှင့် ထိတွေ့ဆက်စပ်နေသော နေရာဒေသ သုံးလေးခုအကြောင်းကို ပြောလိုပါသည်။ ပထမနေရာက စာအုပ်တိုက်တစ်ခု ဖြစ်ပါသည်။ အောင်မြင်သော ဂျာနယ် သုံးစောင်နှင့် မဂ္ဂဇင်းကြီးတစ်ခုကို ထုတ်ဝေနေသည် စာအုပ်တိုက်ကြီးပဲဖြစ်ပါသည်။ စာပေနှင့် ပတ်သတ်ရာရာ နေရာများအတွက် မကြာခဏ အလုပ်ခေါ်လေ့ရှိရာ တစ်ကြိမ်၌ မိန်းကလေးနှစ်ယောက် လူတွေ့လာဖြေပါသည်။မေးလိုက်သည်မေးခွန်းခက်မခက်ကို စာဖတ်သူကပဲ သုံးသပ်ကြည့်စေလိုပါသည်။
          “အပတ်စဉ်ထွက်နေတဲ့ ဂျာနယ်သုံးစောင်ရဲ့ အမည်ပြောပြပါ။”
မေးခွန်းက ဒါပဲဖြစ်ပါသည်။ တစ်ယောက်က တစ်စောင်မှ မပြောနိုင်။ တစ်ယောက်ကမူ နှစ်စောင်ပြောပြီးနောက် ရပ်သွားသည်။ စာနယ်ဇင်းသမား(Jorunalist) ရာထူးအတွက် ခန့်သင့်သလား၊မခန့်သင့်သလား စာဖတ်သူကပဲ ဆုံးဖြတ်ကြည့်စေလိုပါသည်။
          ဒုတိယနေရာက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းမှာဖြစ်ပါသည်။ ၂၀၀၄ ခုနှစ် သြဂုတ်လ ကုန်ခါနီးရက်များ၊ မှတ်မှတ်ရရ သြဂုတ် ၁၄ တွင် ထူးအိမ်သင်ဆုံး၍ သြဂုတ် ၁၅ ၌ ဆရာ မင်းသုဝဏ် အနိစ္စရောက်ပြီးခါစ ရက်များဖြစ်ပါသည်။ မန္တလေး အက်ဖ်အမ်နှင့် MRTV-4 အတွက်လူတွေ့လာရောက်သော မိန်းကလေးကို တာဝန်ရှိသူတစ်ယောက်က မေးခွန်းအနည်းငယ် မေးပါသည်။ ဒါကိုလည်း ကပ်သီးကတ်သတ် မေးခွန်းဟုတ်၊မဟုတ် စာဖတ်သူကပဲ သုံးသပ်စေလိုပါသည်။
          “ခုရက်ထဲမှာ စာပေပညာရှင် ကြီးတစ်ယောက် ဆုံးတယ် သမီးရဲ့ သိလား”
          “နောက် အဆိုတော်တစ်ယောက်လည်း ဆုံးရှာတယ်ကွာ”
 အမေးနှစ်ခုလုံးအတွက် အဖြေက တစ်ခုတည်းဖြစ်ပါသည်။ ခေါင်းခါခြင်းနှင့် ဟင့်အင်း။ လူထုဆက်သွယ်ရေး ၊ မီဒီယာ လုပ်ငန်းအတွက် အသုံးတည့်သူတွေလား၊ မတည့်သူတွေလား စာဖတ်သူကပဲ စဉ်းစားဖို့ ဖြစ်ပါသည်။
          နောက်တစ်ခုနေရာက စီးပွားရေးကုမ္ပဏီတစ်ခု။လာလျောက်သူ၏ ပူးတွဲတင်ပြထားတော့ လက်မှတ်တွေထဲမှာ LCCI level အမျိုးမျိုး၏ လက်မှတ်တွေပါပါသည်။ ထို့ကြောင့် စာရင်းဇယားတစ်ခုကို လက်တွေ့ပြုစုခိုင်းသည်။
          “သမီးက စာတွေပဲအလွတ်ရတာ။ လက်တွေ့ မလုပ်တက်ဘူး။”
ထိုသမီးငယ်၏ အဖြေကိုရော။ ကုမ္ပဏီက ငြင်းလွှတ်လိုက်တာကိုရော စာဖတ်သူ ဘ၀ကျနိုင်ပါစ။
          မြန်မာနိုင်ငံ၏ ထိပ်တန်းအဆင့် ဂျာနယ်တိုက်ကြီးတစ်ခုက သုတေသန အရာရှိ ရာထူးအတွက် လူခေါ်ပါသည်။အခုအထိ လူရှာလို့မရ။ ပြည်တွင်းနှင့်ပတ်သတ်သည့် အချက်အလက် များကို ဂျာနယ်က တောင်းလာခဲ့သော်ညွန်းပေးရမည့် ရာထူး။ ဥပမာ - ကာလသားရောဂါ နောက်ခံဝထ္ထုဟုဆိုလျှင် သိန်းဖေမြင့်၏ တက်ခေတ်နတ်ဆိုးကိုညွှန်းပေးဖို့၊ ပုဂံခေတ်ကရဟန်းတော်များအကြောင်းဆိုလျှင် ဆရာပါရဂူ၏ ပဉ္စ၀ဂ္ဂီ ကိုညွှန်းပေးဖို့၊ ရာထူးမျိုးဖြစ်ပါသည်။ မိမိကိုယ်မိမိ ပြန်လည်တွေ့ရှိကာ အလုပ်မှ ထွက်သွားခဲ့ကြသည်။
          လူတို့အလုပ်ကို လိုက်ရှာကြပါသည်။ လွယ်လွယ်နှင့်မရ။ ထို့အတူ တချို့အလုပ်တွေကလည်း လူကို လိုက်ရှာနေပါသည်။ လွယ်လွယ် နှင့် မရပြန်။ ဒီတော့ အလုပ်ရှားသလို၊ အလုပ်က လိုအပ်သည့်လူကလည်း ရှားပါလား ဆိုတာကို ကျွန်တော် သဘောပေါက်သွားပါသည်။ ဘာကြောင့်လဲဆိုသည့် အဖြေကအရှင်းကြီး။
          Skill ပဲပေါ့။ Ability ပဲပေါ့။ စွမ်းဆောင်နိုင်မှု၊ ကျွမ်းကျင်မှု။ ဒါက ကိုယ့်ဘက်က ဖြည့်ဆည်းထားရမည့် အပိုင်း။ ဘယ်သူ့ကိုမှ အပြစ်ပုံချနေစရာမလို။
          လူတွေက အလုပ်ကို လိုက်ရှာနေသလို တချို့တချို့သော အလုပ်တွေကလည်း လူကိုလိုက်ရှာ နေပါသည်။     
(7 Day၊ 29.10.2009)

Comments

  1. ကောင်းလှချည်လားညီ. မင်းကိုယ်တိုင်ရေးထားတာလား..

    ReplyDelete

Post a Comment

Leave a Message for me

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

ခြင်းတောင်းထဲက ကြက်

ခြင်းတောင်းထဲက ကြက် ။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ကြက်သတ်သမား တစ်ယောက်မှာ ကြက်ခြင်းကြီးတစ်ခု အကြီးကြီးပဲ ရှိသတဲ့။ အဲ့ဒီ ကြက်ခြင်း ထဲမှာ ကြက်တွေ အမြောက်အမြား ပြွတ်ကျိတ်နေအောင် ထည့်ထားတယ်။ ကြက်တစ်ကောင်ချင်း ကြပ်ညပ်နေကြလို့ အသက်ရှူရခက်လောက်အောင် ဖြစ်ကြတယ်။ အထူးသဖြင့် အောက်မှာ ပိနေတဲ့ ကြက်တွေပဲ။ သူတို့တွေ အသက်ရှူရကျပ်တဲ့ အခါ၊ အပေါ်က ကြက်တွေကို ခေါင်းနဲ့ ထိုးဆိပ် တွန်းထုတ်ပြီး ခေါင်းဝင့်လို့ အသက်ရှူကြရတယ်။ ဒီကြားထဲ ကြက်တွေအားလုံးက မဝရေစာသာ စားထားကြရတာရယ်။ အဲ့အတွက် မွတ်သိပ်တဲ့ ဝေဒနာနဲ့ ဒေါသတွေက ကိုယ်စီရှိကြတယ်။ အဲ့လို တစ်ကောင့် ခန္ဓာကိုယ်ကို တစ်ကောင်နင်းရင်း ထိုးဆိတ်နေကြတဲ့ ကြားက ကြက်မတစ်ကောင်များ တွေ့မိရင်လည်း ဝိုင်းအုံလုနေကြပြန်ရော။ ဒီလိုနဲ့ အဲ့ဒီ ကြက်ခြင်းကြီးထဲက ကြက်တွေဟာ အုတ်အော်သောင်းနင်း ဆူညံ ပွက်လော ရိုက်နေကြတော့တယ်။ အဲ့အချိန် ကြက်သတ်သမား ရောက်လာတယ်။ လက်နဲ့ နီးရာ တစ်ကောင်ချင်း စီကို နှိုက်၊ လည်ပင်းကနေကိုင်ပြီး ခြင်းထဲက ထုတ်သတ်တယ်။ တစ်ကောင်ချင်းစီ ထုတ်သတ်လိုက်၊ နားလိုက်၊ အေးအေးဆေးဆေး စိမ်ပြေနပြေပဲ။ ဓားနဲ့ ခုတ်ထစ်သတ်တာမို့ စင်လာတဲ့ သွေးစသွေးနတွေဟာ ကြက်ခြင...