Tuesday, March 27, 2012

ကျွန်ုပ်နှင့် ကျွန်တော့် ၏ အတွေးစများ


အဲဒီနေ့ဟာ 27.3.2012 ရက်နေ့ဖြစ်ပါတယ်။ မှတ်မှတ်ရရအဲ ဒီနေ့ နေရာတော်တော်များများ ရောက်ဖြစ်ခဲ့တဲ့နေ့ လဲဖြစ်ပါတယ်.။ ဦးလေးမွေးနေ့ ဆွမ်းကပ်လို့ ဘုန်းကြီးကျောင်းရောက် တယ် NLD မွဲဆွယ်ပဲရောက်တယ်…။

အစုံရောက်ခဲ့ပါတယ် မအားတဲ့ကြားထဲကပေါ့။ အဲဒီနေ့ဟာ (--)နှစ်မြောက် တပ်မတော်နေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်ကြားဖူးသလောက်တော့် ဟိုအရင်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့လို့လဲ ဆိုစမှတ်ပြုခဲ့ကြောင်း မှတ်သားခဲ့ရပါတယ်။ ဘာကြောင့်ပြောင်းသွားလဲတော့ အတိအကျ ပြောနိုင်တဲ့လူ ရှားပါတယ်။ ကျွန်တော့်အထင် တပ်မတော်က နယ်ချဲ့တွေကို တော်လှန်ခဲ့လို့ တပ်မတော်နေ့ လို့ ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော် နေ့ရယ်လို့ ခေါ်တယ်ထင်ပါတယ်။

          တပ်မတော်သည် ဒီနေ့ထိ ဘာကြောင့် တည်မြဲပြီး နေပါလိမ့်လို့ တွေးဖူးပါသလား….။ တည်မြဲတာလဲမဆန်းပါ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ စစ်စည်းကမ်းများကြောင့် ယနေ့ထိ မားမားမတ်မတ် ရှိနေခြင်းဖြစ်ကြောင်း ကျွန်တော်ယုံကြည်မိပါသည်။

          မည်သည့်အဖွဲ့အစည်းမဆို စည်းကမ်းဆိုတာ ရှိစမြဲပါ။ စည်းကမ်းပိုမိုတင်းကြပ်သော စည်းကမ်း  ပိုမို ကောင်းမွန်သော စည်းကမ်းရှိသော အဖွဲ့အစည်း သည် ကြာရှည် တည်မြဲပြီး အများက လေးစားထောက်ခံကြတာ ဖြစ်တဲ့လို့ ယုံကြည်ပါသည်…….။ ကျွန်တော်သည် ဂိုဏ်းစွဲ၊ကဏ္ဏစွဲ၊ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ၊ ပါတီစွဲ လုံးဝမရှိပါ။ အများယောင်တိုင်း လိုက်မယောင်တက်ပါ။ မှန်ကန်ပြီး အများအတွက် အသုံးဝင်သော အဖွဲ့အစည်း စည်းကမ်း၊ ၀ါဒီ၊ လုပ်ရပ်များ ကို လက်တွေ့ အသုံးချနေသော အဖွဲ့အစည်း ကိုသာ အားပေးယုံကြည် ပါသည်။

"စည်းကမ်း ဟူသည် လူ့တန်ဖိုး"  ဆိုသော ဆောင်ပုဒ်ကို အမြဲယုံကြည်ပါသည်။

          နောက်လိုအပ်ချက်တစ်ခု သည် ရိုးသားမှု (တနည်း) ကိုယ်ကျင့်တရား ပင်ဖြစ်ပါသည်။ တချို့ပညာရှင် တွေပြောသော စကားက

          "I Practice what I preach" တဲ့ ရိုးသားမှုဟူသည်မှာ ကိုယ်ဟောသလို ကိုယ်ကျင့်ခြင်းပင် ဖြစ်သည်။ လို့ အဓိပ္ပါယ်ရပါတယ်။ လိုအပ်နေသေးတဲ့အချက်ရှိသေးတယ်လို့ ထင်ပါတယ် စာဖတ်သူ သိခဲ့ရင် ကျွန်တော့်ကိုဆက်သွယ် ပြောပြပေးပါလို့ တိုက်တွန်းပါရစေ။

          ဘယ်ပါတီ၊ ဘယ်အဖွဲ့ကို ထောက်ခံ ထောက်ခံ၊ အားပေး အားပေး စည်းကမ်းရှိရှိ ထောက်ခံကြပါ စည်းကမ်းရှိရှိ အားပေးကြပါလို့  

ကျွန်တော် တိုက်တွန်း အကြံပေးတိုက်တွန်းပါရစေ။ စည်းကမ်းအတွင်းမှာပဲ လွတ်လပ်ကြပါ။ မင်းမဲ့တိုင်းပြည် ကဲ့သို့ မလွတ်လပ် ကြပါနဲ့လို့ အကြံပေးချင်ပါတယ်။ ကျွန်တော် ယုံကြည်တဲ့ ဒီမိုကရေစီဆိုတာ

"ဒီမိုကရေစီ ဟူသည် စည်းကမ်းရှိရှိ လွတ်လပ်ခြင်း" လို့ ယူဆ ခံယူပါတယ်။

စည်းကမ်းတော့ရှိပါပြီးတဲ့ အလုပ်မလုပ်ပဲ တွင်ကျယ် တိုးတက်လာပါ့မလား………………….။

ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ဆိုတဲ့ ကိုင်ဇာ သီချင်းလိုပါပဲ……….. ဘာမှတိုးတက်မှုမဖြစ်လာပါ………

လို့ပြောကြားပါရစေ။ လွတ်လပ်ရေး မရခင်မှာ ပြောကြားခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ထဲမှာ လွတ်လပ်ရေးဆိုတဲ့ နေရာမှာ ဒီမိုကရေစီ လို့ ပြောင်းထည့် ပြပါ့မယ်………………။ အလုပ်လုပ်ကြဖို့ ပြောတဲ့ မိန့်ခွန်းပါ။

          "အလုပ်မလုပ်ဘဲနဲ့တော့ ဒီမိုကရေစီ ရပေမယ့် ဘယ်နည်းနဲ့ ခင်ဗျားတို့ ဒီမိုကရေစီ အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားစံစားရမှာမဟုတ်ဘူးဆိုတာ ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီပဲတက်တက် ဘယ်သူအုပ်ချုပ်အုပ်ချုပ် အလုပ်မလုပ်ပဲနဲ့တော့ ခင်ဗျားတို့ ဘာမှမဖြစ်ဘူးဆိုတာ ကျွန်တော်ထစ်ထစ် ချရဲရဲ ကြီး ပြောရဲတယ်" ဆိုတာပါပဲ။

          ဖတ်ဖူးတာကြာပြီဖြစ်တဲ့ "လူ၏" ဆိုတဲ့ ကဗျာလေး ထည့်လိုက်ပါအုန်းမယ်။ ပါဝင်တာတွေက "စည်းကမ်း၊ပညာ၊ကိုယ်ကျင့်တရား" စသည်စသည်……………….

"လူ၏………."

"စည်းကမ်း" သည် လူ၏ "တန်ဖိုး" ဖြစ်သလို

"ပညာ" သည်လူ၏ "အရင်းအနှီး" ဖြစ်သည်

"ကိုယ်ကျင့်တရား" သည် လူ၏ "တန်ဖိုး" ဖြစ်သည်

ဆိုတဲ့ ကဗျာလေးဖြစ်ပါသည်။

          ကျွန်တော်တွေးဆမိသလောက် အဲဒီသုံးချက်ကို လိုက်နာပြည့်စုံရုံဖြင့် အေးအေးချမ်းချမ်း အောင်အောင်မြင်မြင် နေနိုင်မယ်လို့ ယုံကြည်မိပါတယ်…………………………… ။

ကျွန်တော်သိတက်စ အချိန်စဉ်းစားတက်တဲ့ အချိန် မှစပြီး အမှန်တရားဆိုတာဘာလဲ၊ လူ့အခွင့်အရေးဆိုတာဘာလဲ၊ စည်းကမ်းဆိုတာဘာလဲ၊ လွတ်လပ်မှုဆိုတာ ဘာလဲ…….၊ တရားမျှတမှုဆိုတာ ဘာလဲ………….၊ လာဘ်စားမှုဆိုတာဘာလဲ………၊ငြိမ်းချမ်းရေးဆိုတာဘာလဲ၊ စည်းလုံးမှုဆိုတာဘာလဲ စသည် စသည် စဉ်းစားခဲ့ မေးမြန်း မှတ်သား ဖတ်ရှုလေ့လာခဲ့တာ ယနေ့ထိပါပဲ……………………………..

အလုံးစုံသိခွင့်မရှိသေး………………. မသိသေးတာတော့ အမှန်……………………………..

ကျွန်တော့်ကို နည်းလမ်းပြခဲ့သော  အသိပညာ ၊အတက်ပညာ အမှားအမှန်ခွဲခြား တက်သော ဦးနှောက်ကို မီးညှိပေးခဲ့သော တမလွန် မှ အဖိုး…………….၊ စာအုပ်စာပေတွေ ဖတ်ဖြစ်အောင် မျိုးစေ့ချ ပျိုးထောင်ပေးခဲ့သော ဦး အဒေါ်တွေ၊ ဦးလေးက စာဖတ်တက်တဲ့ အရွယ်ကစ ပြီး ရွှေသွေး၊ မင်္ဂလာမောင်မယ်၊ရတနာပန်းခင်း၊ ၃၈-ဖြာမင်္ဂလာ စသော ကာတွန်းစာအုပ်၊ စတာတွေနဲ့ ပျော်မွေ့စေခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော် လောကကြီးနဲ့ သဟဇာတ ဖြစ်အောင် လူအများထက်မသာသော် လည်း…………..

လူအများနည်းတူ အမှားအမှန်ခွဲခြားတက် ၊ လူ့တန်ဖိုး လေးစားတက်ပြီး လူတွေနဲ့ နေတက်ထိုင်တက်ခဲ့ပါတယ်။

          ကျွန်တော့်အတွက် "စာအုပ်စာပေ၊လူ့မိတ်ဆွေ" ဆိုတာ ထာဝရ မှန်ကန်ခဲ့ပါတယ်။…………..။

ကျွန်တော်တို့ ပြည်သူတွေ ကိုယ့်အလုပ် ကိုယ် လုပ်နေသည်မှန်သောငြားလဲ ကျွန်တော်တို့ လုပ်ရပ်တိုင်းသည် တိုင်းပြည် ၏ အဆင့်အတန်း ကိုဖော်ပြ နေတယ်ဆိုတာ မမေ့သင့်ပါ……………။

ကျွန်တော်တို့လုပ်ရပ်သည် တစ်ချိန်မှာ သမိုင်းဆိုတာ ဖြစ်လာမှာပါ…………….။

ဒီသမိုင်းအကောင်းအဆိုး သည် လူတိုင်း နှင့် တစ်ဦးချင်းစီနှင့် ထာဝရ သက်ဆိုင်နေပါသည်……………….။

          မြန်မာတွေဟာ ဘာ………….ဆိုသော ပုံရိပ်အတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။

တစ်ယောက်ချင်း၏ လုပ်ရပ်…………

တစ်ယောက်ချင်း၏ စိတ်ဓာတ်……………..

တစ်ယောက်ချင်း၏ ကိုယ်ကျင့်တရား…………..

တစ်ယောက်ချင်း၏ ဥာဏ်ပညာ………………..

သမိုင်း အဆက်ဆက် လက်ဆင့်ကမ်းရသည့် နာမည် အဆိုးအကောင်းများ………………………….

          စာဖတ်သူ အားလုံး ကို အားမာန်ပေးနိုင်စေမဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးနဲ့ အားဖြည့်ရင်းနိဂုန်းချုပ်ခွင့်ပြုပါ………………..

 

 

ငှက်တို့သမိုင်း

-      မလိုက်ရဲရင်လဲ

အသိုက်ထဲမှာပဲ ကျန်ခဲ့လေ……..။

-      တစ်နေ့နိုးမှာပေါ့

ရှေ့ခရီးမျှော် မာန်တင်းပါကွယ်

(ငှက်ဆိုတာကတော့….) ပျံရင်းသေ…။

 

-      ကဆုန်စိုင်းသလိုပေါ့

မုန်တိုင်းက ရှေ့မှာမွှေ

တောမီးက ရှေ့မှာဝိုင်း……….

 

-      ခြင်္သေ့က မြက်မစား

ကျားက ကြွက်မချောင်း

ဖွတ်က မိကျောင်းလိုမနေ

အိုးဝေ တွန်သံနှောလေတဲ့

စိမ်းမြညို ဟောဟို တောဆီသို့…..

အမောခံ ဇောမာန်တင်းပါလို့….

ပျံရင်းသေ ခရီးဆက်မယ်……တဲ့

(အဲဒါ…….) ငှက်တို့သမိုင်း…..။

သဘာဝတရားမှ အမှန်တရားများကို မြတ်နိုးတန်ဖိုးထားတက်ကြပါစေ……….

 

    ကျေးဇူးရှိသူအပေါင်း ခင်ပွန်းကြီးဆယ်ပါး ကို ဤ ဆောင်းပါးဖြင့် ရှိခိုးဦးတင်လိုက်ပါရစေ……..။   

အစဉ်ကြိုးစားလျှက်

ပစ်တိုင်းထောင်(Wisdom Life)

Read More In                               www.wisdomlife7.blogspot.com

 

2 comments:

သိပ်ကောင်းတယ်ညီလေး..ဆက်ကြိုးစားပါ..။ အားပေးနေတယ်.။

စာလေးတွေ ကဗျာလေးတွေ ဖတ်လို့ကောင်းသလို ဗဟုသုတလည်းရပါတယ်
ပညာ ရှာတယ် ဆိုတာ တန်ဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှူ ဆိုတာ ယနေ့ခေတ် လူငယ်တိုင်း သိရင် မြန်မာပြည်ကြီး လျှင်မြန်စွာ တိုးတက်ပါလိမ့်မယ်

Post a Comment

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။

Related Posts Plugin for WordPress, Blogger...