This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions..

Tuesday, May 29, 2012

ဘ၀ထဲကအတွေးများ(2)

ကင်မရာနှင့် ကျွန်တော်

            အဆောင်မှာစာသင်တဲ့နေရာ၊ စာကျက်တဲနေရာ ထမင်းစားတဲ့နေရာတွေမှာ ကင်မရာတွေတပ်ပြီး အုပ်ချုပ်ရေးမှူးက အချိန်ပြည့် ကြည့်နေတယ်……………။ အစကနေသားမကျသေးတော့ ယုံကြည်မှုတော့မရှိသေးဘူး။ ငါဘာလုပ်လိုက်ရင် သူတို့ဘယ်လိုမြင်မလဲပေါ့။ နောက်ကျတော့ ကိုယ့်အလုပ်ကို ပဲ အာရုံစိုက်ပြီး လုပ်တယ်။ စာသင်စရာရှိသင်၊ စာရှင်းပြစရာရှိရင် ရှင်းပြပေါ့လေ……………။ မကောင်းတာလဲ သိပ်မလုပ်ဖြစ်ပါဘူး။ ကင်မရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊မှန်တာပဲ အမြဲလုပ်နေရမယ် ဆိုတဲ့စိတ်ဝင်လာတယ်။

            ဘေးလူကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ "မှန်ကန်ခြင်းဖြင့်ရဲရင့်နိုင်ကြပါစေ။"

စိတ်ခလုပ်

            ပြောချင်တာက ဓာတ်လှေကား၊စက်လှေကားများအကြောင်း………… ဘသာဝကတော့ အောက်လဲကျနိုင်တယ် အထက်ကိုလဲတက်နိုင်ပါတယ်။ သို့ပေသော်ငြားလဲ အထက်ကိုတက်နေတဲ့ ဓာတ်လှေကား၊စက်လှေကား သဘာဝကိုသာ အသားပေးပြောချင်ပါတယ်။ အတွေးကအပြုသဘောဆောင်တဲ့ အတွက် အထက်ကို တက်တာကိုပဲ ပြောပါ့မယ်။ သူလဲ အပေါ်တက်တယ်၊ သူများကိုလဲ အပေါ်တင်တယ်ဆိုတဲ့ (Win-Win) သီအိုရီပါ…………။ ဒါတွေအလုပ်လုပ်ဖို့ စိတ်(ခလုပ်)ကိုဖွင့်ထားဖို့လိုသလို လျှပ်စစ်(ပညာတည်းဟူသောအတက်ပညာ)ကိုလဲ မပြတ်စီးဝင်နေစေရမှာပါ။

            (စိတ်ဓာတ်၊ပညာ၊အလုပ်)ညီမှသာ တိုးတက်စေမှာပါ။ "စိတ်ခလုပ်များ ဖွင့်ထားနိုင်ပါစေ"

 

 

ပူပေါင်းနှင့် အရောင်

လေဖြည့်ထားသော ပူပေါင်းများအရောင်စုံ Helium ဖြည့်ထားသသော ပူပေါင်းများနှင့် လေဖြည့်ထားသော ပူပေါင်းများ……..။

            လေဖြည့်ထားသော ပူပေါင်းများ အပေါ်မတက်နိုင်ပါ။ ဟီလီယံ ပူပေါင်းများသာ အပေါ်တက်နိုင်ကြ၏။ လေထက်ပေါ့သောကြောင့်၊အထက်ကို ပျံတက်နိုင်သောသတ္တိရှိတဲ့ ဓာတ်ငွေ့ဖြည့်ထားသောကြောင့် ဖြစ်သည်။ ဘောလုံးဘာအရောင်ဆိုတာ အရေးမကြီး အထဲတွင့်ရှိသော ဖြည့်ထားသော ဓာတ်ငွေ့ သာအရေးကြီးသည်။

            လူသည်လဲ ဆင်းရဲချမ်းသာ၊ အဖြူအမည်း အရေးမကြီး အတွင်း၌နေသော စိတ်ဓာတ်သာလျှင် အရေးကြီး၏။ မြင့်မြတ်သောစိတ်ထားရှိရင် မြင့်မြတ်သောဘ၀ကိုပိုင်ဆိုင်ရမည် ။ နိမ့်ကျသောစိတ်ထားရှိလျှင် နိမ့်ကျမည်။

            "စိတ်ဓာတ် မြင့်မြတ်ခြင်းဖြင့်အောင်မြင်နိုင်ကြပါစေ။"

 

Monday, May 28, 2012

ဘ၀ထဲကအတွေးများ(1)


ဘ၀ထဲကအတွေးများ
          မရိုးနိုင်အောင် တွေ့လာရတဲ့ fashion ၀တ်ဆင်မှုပုံစံများ၊စသည်စသည်ဆန်းသစ်လာကြသည်။အနည်းနဲ့အများ ဆက်စပ်နေသည်က ၀တ်စားဆင်ယင်မှုနှင့်စိတ်ဓာတ်၊စိတ်ဓာတ်နှင့် လုပ်ရပ်များ…. ခေတ်နှင့်အညီ လိုက်ရသည် မှန်သောငြားလဲ သရုပ်ပျက်ဝတ်ဆင်မှုများမဖြစ်သင့်၊ မိမိတင်မက တခြားလူများအား ပူလောင်ဆင်းရဲ၊ရိုင်းစိုင်း စေသောစိတ်များဖြစ်စေမည့် ၀တ်ဆင်မှုမျိုး မဖြစ်လျှင်ပိုကောင်းမည်ထင်ပါသည်။
ခေတ်သစ် fashion အ၀တ်အစားတွေဝတ်ဆင်ထားသော်ငြားလည်း အတွင်းစိတ်သာလျှင်အဓိက ဟုယုံကြည်ပါသည်။ မြန်မာတွေ စည်းကမ်းကောင်းတယ်၊တော်တယ်၊ယဉ်ကျေးတယ် ဆိုသော အသံများသာ ကြားချင်လှပါသည်။
“အတွင်းစိတ် အစဉ် ကြည်လင်သန့်ရှင်းနိုင်ကြပါစေ။”


Edutainment ဆိုသော စကားလုံးကို Education နှင့် Entertainment 
ဆိုသောနှစ်ခု ပေါင်းစုခြင်းမှဖြစ်ပေါ်လာသည်။ ဖျော်ဖြေရေးမှရရှိသော ပညာပေးမှု ဟု ကျွန်တော်ယူဆပါသည်။ ယူတက်မှ ရ၏ ဆိုသလိုပါပဲ Director ပြလိုသော main point ကို ယူတက်ဖို့ လိုပါသည်။ အတုခိုးမမှားဖို့ အထူးလိုအပ်ပါသည်။ ကြည့်မိသော ကားမှာ India ကားတစ်ကားဖြစ်တဲ့ sokkomon ခေါ် ကလေးသရုပ်ဆောင် ပညာပေးဇာတ်ကားတစ်ကား အကြောင်း…………………….. ။ ပြသလိုသော point က လူတိုင်းမှာ မျှော်လင့်ချက်ကိုယ်စီရှိကြောင်း၊ ရည်မှန်းချက် မပျောက်သင့်ကြောင်း၊ အယူမမှားသင့်ကြောင်း၊ မိမိကိုယ်ကို အမြဲ ယုံကြည်သင့်ကြောင်း ရိုက်ပြထားသောကားဖြစ်ပါတယ်။ ခေါင်းထဲစွဲဝင်သွားတာက သရုပ်ဆောင်ကလေးခဏခဏပြောသောစကား “မင်းကိုယ်မင်းယုံကြည်သလောက် မင်းသန်မာတယ်တဲ့”
ဘယ်လောက်အားရှိလိုက်တဲ့စကားလေးလဲဗျ။ “You are strong as you believe you are” လို့ပြောမယ်ထင်တယ်။

“မိမိကိုယ်မိမိ ယုံကြည်မှုရှိသော လူများဖြစ်ကြပါစေ။”

အောက်ချင်းငှက်………………………………………..
အောက်ချင်းငှက်တွေဟာ အဖိုမရှိတော့ရင် အမဟာ ကိုယ့်ကိုကိုယ်သတ်သေတက်တဲ့ သဘာဝရှိတယ်လို့ကြားဖူးပါတယ်။ အမ မရှိရင်လဲ ထိုနည်းငှင်း ပါပဲ။ သစ္စာအပြန်အလှန်တည်တဲ့ သဘောသဘာဝ လေးပါ။ တိရိစ္ဆာန် တောင်သစ္စာရှိရင် အရာရာမြင့်မြတ်တဲ့ လူသားတွေ ဘာလို့ သစ္စာမဲ့ကြရမှာလဲ။
“အပြန်အလှန် သစ္စာစောင့်သိနိုင်ကြပါစေ။”


 ဆေးလိပ်နှင့် ကျန်းမာရေး…………………………………..
ဆေးလိပ်သောက်တိုင်း ဦးနှောက် သွေးကြောများ မီလီမီတာ ခန့်ကျဉ်းမြောင်းသွားစေပါတယ်။ ဒါကြောင့် အများနည်းတူ စဉ်းစားတွေးခေါ်နိုင်စွမ်းမရှိတော့ပေ။ အဆုပ်ကိုလဲ ထိခိုက်စေပါသည်။ အသက်ရှုလမ်းကြောင်းကိုလဲ ကျဉ်းမြောင်းစေပါသည်။ ဆေးလိပ်သောက်ခြင်းသည် ရောဂါကို မသိမသာ ၀ယ်ယူနေခြင်းပါဖြစ်ပါသည်။ ပြတ်ပြတ်သားသား မဖြတ်နိုင်ကြသေးဘူးလား……………………….
“အမှားသိ၍ အမှန်ပြင်ရဲသော သတ္တိရှိကြပါစေ။”

Saturday, May 26, 2012

ငွေကြေးနှင့်အမေ့မေတ္တာ

ငွေကြေးနှင့်အမေ့မေတ္တာ



တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေညနေစာ ပြင်နေတုန်းမှာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ် ။ ပြီးတော့ သူရေးထားတဲ့ စာရွက်အပိုင်းအစလေးကို သူ့အမေလက်ထဲပေးလိုက်တယ် ။ သူ့မိခင်က ရင်ဘတ်ရှေ့ ဖုံးကို ချွတ်လိုက်ပြီး လက်ဆေးလိုက်တယ် ။ ပြီးတော့ကောင်လေးလက်ထဲကစာရွက်လေးကို ဖတ်လိုက်တယ် ။ စာထဲမှာရေးထားတာက

မြတ်ရိတ်ခ - ၅ ဒေါ်လာ
တစ်ပတ်အတွင်း အိမ်သန့်ရှင်းခ - ၁ ဒေါ်လာ
အမေ့အတွက် စတိုးဆိုင်သွားပေးခ - ၁ ဒေါ်လာ
အမေဈေးဝယ်ထွက်နေချိန် ညီလေးအားထိမ်းပေးခ - ၂ ဒေါ်လာ
အမှိုက်သိမ်းခ- ၂ ဒေါ်လာ
ကျောင်းတွင် အမှတ်တက်လာအောင် ကြိုးစားခ - ၅ ဒေါ်လာ
ခြံဝင်းအတွင်းအပြင်သန့်ရှင်းခ - ၂ ဒေါ်လာ

မိခင်က ကောင်လေးကို မတ်တပ်ရပ်နေရာကနေပြီးလှမ်းကြည့်တယ် ။ ပြီးတော့ ဘောပင်ယူလိုက်ပြီး စာရွက်နောက်ကျောမှာ ပြန်ရေးပေးခဲ့တယ် ။ ပြီးတော့ကောင်လေးကို ပေးဖတ်တယ် ။ စာထဲမှာရေးထားတာက

ကိုးလလုံးလုံး ၀မ်းဗိုက်ထဲ နေပြီး စောင့်ရှောက်ခ - ၀ ဒေါ်လာ
ညတိုင်းလိုလို အတူအိပ်ပြီး စောင့်ရှောက် ဆုတောင်းခ - ၀ ဒေါ်လာ
နှစ်ပေါင်းများစွာ အမေကို ဂျီကျ စိတ်ညစ်မျက်ရည်ကျအောင်လုပ်ခ - ၀ ဒေါ်လာ
သားအတွက် နေ့စဉ် ညစဉ် စိုးရိမ်ပူပန်နေခ - ၀ ဒေါ်လာ
အရုပ်များ ၊ အစားအစာများ ၊ အ၀တ်အစားများ ၀ယ်ပေးခ - ၀ ဒေါ်လာ
အမေ သားအပေါ်ထား သည့် အချစ် များအတွက် - ၀ ဒေါ်လာ

ကောင်းလေက မိခင်ရေးထားတဲ့စာရွက်ကို ဖတ်ပြီးတဲ့အခါ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာခဲ့တယ် ။ ပြီးတော့ သူ့ မိခင်ဆီလျှောက်သွားပြီးပြောတယ် " အမေ- - အမေ့ကို သား အရမ်းချစ်တယ် " ပြီးတော့ ဘော ပင်ကိုကောက်ယူလိုက်ပြီး သူရေးခဲ့တဲ့စာအောက်မှာ စာတစ်ကြောင်းထပ်ရေးလိုက်တယ် ။

" ငွေပေးချေပြီး "

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သင် မိဘ မဖြစ်သေးသရွေ့ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကို အလုံးစုံ အပြည့်အ၀ နားမ လည်နိုင်ပါဘူး ။ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရသလို ဘယ်အလို အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်တာဟာ မိခင်မေတ္တာပါပဲ ။

ငွေကြေးဆိုတာကလည်း ပျော်ရွှင်မှုကို တိုင်းတာတဲ့နေရာမှာ အညံ့ဆုံးနည်းလမ်းတစ်ခုဖြစ်တယ် ။ အေးမြဖြူ စင်တဲ့မေတ္တာတရားကသာလျှင် ခိုင်မြဲပြီး သင့်ကို နွေးထွေး လုံခြုံမှုကိုပေးစေနိုင်တယ် ။

သက်တန့်ချို
Mother's love အား ဘာသာပြန်ခံစားသည် ။

Wednesday, May 23, 2012

တက္ကသိုလ်ကျောင်းသားဟူသည်

တက္ကသိုလ်ကျောင်းသားဟူသည်

ကျွန်တော်တို့တိုင်းပြည်မှာအခြေခံပညာကျောင်းပြီးသူတိုင်း အသက်မွေးဝမ်းကျောင်းပညာသင်ပေးတဲ့တက္ကသိုလ်တွေကို သွားပြီးပညာသင်ကြားကြရပါတယ်။တက္ကသိုလ်တွေကိုသွားပြီး ပညာသင်ကြားကြပါတယ်။ယခုခေတ်မှာ တွေ့နေရတာတွေက တက္ကသိုလ်တက်သာတက်နေတာ မိမိဝါသနာနဲ့မကိုက်ညီတဲ့ မေဂျာ(Major) ကိုယူပြီးတက်နေကြတာတွေဒုနဲ့ဒေးပါ။ ဒါတွေဟာ Brain Drain တွေပါပဲ။ ဖြစ်ခဲ့တာတွေကို မပြောတော့ပါဘူး အပြစ်မတင်တော့ပါ။ ရှေ့ဆက်လျောက်မည့်လမ်းကိုသာ ပြောလိုဆွေးနွေးလိုပါတယ်။ အကြောင်းကြောင်းကြောင့် မေဂျာနဲ့ ၀ါသနာ မကိုက်တာတွေရှိနေသော်လည်း သုံးနှစ်၊ငါးနှစ်၊ခြောက်နှစ် စတဲ့အချိန်တွေကိုအလဟသ မကုန်စေချင်ပါဘူး။ စိတ်မပါဘဲတက်နေတဲ့ ကျောင်းတွေမေဂျာတွေကို တက်နေရသော်ငြားလဲ ကျောင်းတက်ရင်း မိမိဝါသနာပါရာ အလုပ်၊ပညာ စတာတွေကို အချိန်ကို စနစ်တကျခွဲယူပြီး လေ့လာရင်ရပါတယ်။ဒါမှကျောင်းပြီးရင် မိမိလုပ်ချင်တာလဲလုပ်ရ၊ လုပ်သင့်တာလဲလုပ်ရပြီး အောင်မြင်ပျော်ရွင်တဲ့ပညာသိ၊ပညာတက်တွေ ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ အမိန့်ပေးနေခြင်းမဟုတ် အချင်းချင်းလက်တွဲ ခေါ်ဆောင်ခြင်းသဘောမျှသာ…………..။
          စိတ်လေပြီး မပျက်စီးစေချင်ပါဘူး။ ဒါကြောင့် ဒီ ဘလော့ခ် ကို ရေးနေခြင်းဖြစ်ပါတယ်။ ဘ၀မှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက် (Ambition)ကို မပျောက်စေဘဲ ရဲရဲရင့်ရင့်၊ပြတ်ပြတ်သားသား ကြိုးစားကြဖို့လိုပါပြီ။ Do it Now!!!! ဆိုသလိုပါပဲ။ယခုသာစတင်ပြောင်းကြပါစို့..။ တိုးတက်များပြားလာတဲ့ အင်တာနက်ဆိုင်တွေမှာလဲ Chatting တွေGame တွေ နဲ့ ပဲ အချိန်မကုန်စေဘဲ မိမိဝါသနာပါရာ ၊စိတ်ဝင်စားရာ တွေကိုလိုက်ရှာဖတ်ရှု၊ အသုံးချကြပါလို့ အကြံပေးချင်ပါတယ်။ အကျိုးရှိမဲ့ စာအုပ်တွေဗွီဒီယိုတွေ ၊စာတမ်းတွေ စတာတွေ အကုန်ရှိတဲ့ ဗဟုသုတဘဏ်ကြီးစာ Internet ဆိုတာ မမေ့သင့်ပါဘူး။ ပြောချင်တာတွေ အများကြီးရှိပေမဲ့ များသွားရင် စာဖတ်သူ အူသွား မှာ စိုးလို့ ဒီလောက်နဲ့နားခွင့်ပြုပါ။
          တိုတောင်းတဲ့လူ့ဘ၀မှာတန်ဖိုးရှိတဲ့ အချိန်တွေကိုအကျိုးရှိရှိအသုံးချရင်း နိုင်ငံ၊ဘာသာ၊သာသနာ အတွက် ရဲရင့်ပြီး လက်ရုံးရည်၊နှလုံးရည် ပြည့်ဝသောကိုယ်ပိုင်အရည်အချင်းဖြင့်ပြည့်ဝသောသူများဖြစ်ကြပါစေ လို့ဆန္ဒပြုရင်း နိဂုန်းချုပ်ခွင့်ပြုပါ။
“အကျင့်စာရိတ္တပိုင်းလေ့ကျင့် ပျိုးထောင်မှုမပါဘဲ စာကိုသာ လေ့ကျင့်ပေးသောပညာရေးသည် လူ့အသိုင်းအ၀ိုင်းအတွက် ခြိမ်းခြောက်နေမှု အန္တာရာယ်တစ်ရပ်ဖြစ်နေပါတယ်။”
(အမည်မသိ)
လေးစားလျက်
ကိုနော်(Wisdom life)

Saturday, May 19, 2012

သက်ဆိုင်သူ သို့

သက်ဆိုင်သူ သို့
    လူတိုင်းရင်ထဲက အမှန်တရားက ဘယ်အရာနဲ့မှ တားဆီးလို့မရဘူး ဆိုသလိုပါပဲ။ ကျွန်တော်တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျန် အခြေအနေကို အနည်းငယ်တင်ပြပါရစေ။ ဤအကြောင်းအရာသည် တနည်းအားဖြင့် ပြည်သူ့အသံပင်ဖြစ်ကြောင်း ၀န်ခံပါရစေ….။  
    ခုတလော ပြင်ဦးလွင် မှာ မီးတွေပျက်နေတာ သုံးရက် လောက်ရှိပါပြီ။ တစ်ရက်ကို ခြောက်နာရီ မီးပေးမည်ဆိုသော်လည်း ၅နာရီမပြည့်တပြည့်သာ………….။ လျှပ်စစ်စွမ်းအား ၀န်ထမ်းတစ်ဦးအားမေး ကြည့်တော့ ဤသို့ဖြေပါသည်.။
    မီတာခတိုးထားတော့ ပြည်သူတွေ သက်သာအောင် အချိန်ပိုင်းနဲ့ အလှည့်ကျပေးတာပါ အကို တဲ့
လာချိန်ကလဲမပြည့်၊ ဖျက်ချိန်ကျတော့စောဖျက်……………… လျှပ်စစ်မီးအားကိုးပြီး အလုပ်လုပ်တဲ့ လုပ်ငန်းတွေ။ စက်မှုလုပ်ငန်း အသေးစားတွေ၊ ပုဂ္ဂလိက စက်ရုံလေးတွေ ရေသန့်စက်ရုံတွေ အဲဒါတွေက လုပ်ငန်းကို ကြန့်ကြာစေ ပါတယ်။ တချို့အင်တာနက်ဆိုင်တွေဆို သုံးရက်လောက် ပိတ်ထားရတော့ ၀င်ငွေလဲထိခိုက်ပါတယ်။တနည်းအားဖြင့် နိုင်ငံဘဏ္ဏာ ငွေကိုထိခိုက်စေပါတယ်။ ကျွန်တော့်အထင် လျှပ်စစ်ဓာတ်အားတွေ အဲဒီ လောက်အထိ မရှားပါးပါဘူး။ ရေအားလျှပ်စစ်တွေ၊ လျှပ်စစ်ပင်မအားလိုင်းတွေ၊ ဂျိုးဖြူပိုက်တွေ၊ရဲရွာရေအားလျှပ်စစ်တွေ ရှိရဲ့သားနဲ့ မီးပျက်(မီးဖျက်) နေတာကတော့ လုံးဝ(လုံးဝ) သဘာဝမကျတာ အမှန်ပါ သက်ဆိုင်သူတို့ရေ။ ပြည်သူတစ်ယောက်က ဘယ်လိုပြောလဲဆိုရင်
    အမေလေး မီးသာပုံမှန်လာပါ မီတာခ ဈေးကြီးလဲပေးနိုင်အောင်ပေးပါ့မယ်အေ မပေးနိုင်ရင် မီးတာဖြုတ် သိမ်းသွားလိုက်ပေါ့ မီတာကြီးရှိနေပြီး မီးမလာတာလောက်စိတ်ညစ်တာမရှိဘူး……………။.
    ကဲအဲဒါသာကြည့်တော့ ဘယ်လောက်ပြည်သူတွေလျှပ်စစ်ဓာတ်အားကို အဓိက ထားသလဲဆိုတာ။ အဲဒါကို ပြောတဲ့သူက သူဌေးမဟုတ်ပါနော်………….. ဆင်းရဲသားလက်လုပ်လက်စားတစ်ဦးပါ………….။
-------ပြည်သူချစ်တဲ့ပြည်သူ့ အစိုးရ၊ပြည်သူ သမ္မတကြီး၊ ပြည်သူ့ဝန်ထမ်းဖြစ်အောင် ကြိုးစားကြစမ်းပါ ရိုးသားကြစမ်းပါ၊နိုးကြားကြစမ်းပါ---------လို့အကြံပြုပါရစေ။

    အရာရာမှာနောက်ကျကျန်နေတဲ့ မြန်မာနိုင်ငံကြီးကို ထပ်ပြီးနောက်မကျ၊အောက်မကျစေချင်တဲ့ အမျိုးသားရေးအမြင်နဲ့ ရေးနေခြင်းသားဖြစ်ပါတယ်။ မည်သည့်အဖွဲ့အစည်း၊မည်သည့်အစိုးရ၊မည်သည့်ပုဂ္ဂိုလ်ကိုမျှ တိုက်ခိုက်ပုတ်ခတ်နေခြင်းမဟုတ်ကြောင်း ၀န်ခံပါရစေ။နောက်တစ်ချက်က ပြင်ဦးလွင်လားရှိုး၊တစ်လျောက် မြေတွေတူး၊ ပိုက်လိုင်းတွေမြုပ် လယ်တွေဖျက်၊ယာတွေဖျက်၊ စိုက်ခင်းတွေဖျက်ပြီး အကောင်အထည်ဖော်နေသည့် သဘာဝဓာတ်ငွေ့ပို့ဆောင်ရေးပိုက်လိုင်းလုပ်ဆောင်မှုများသည်လည်း စဉ်းစားစရာတစ်ချက်ပင်………………..။
    ဒီသဘာဝဓာတ်ငွေ့တွေကို တရုတ်ကိုရောင်းမစားဘဲ လျှပ်စစ်ဓာတ်အားထုတ်တော့ နိုင်ငံသူနိုင်ငံသားတွေ လျှပ်စစ်လုံလုံလောက်လောက်ရမယ်လို့ မျှော်လင့်ပါတယ်။
----ပြည်သူသုံးလို့ ပိုလျှံမှ သာလျှင်ပြည်ပကို ပို့ပြီး ရောင်းချသင့်ပါတယ်------
အမိနိုင်ငံက ပြည်သူတွေ ပျော်ရွင်အဆင်ပြေမှသာလျှင် နိုင်ငံသာယာဝပြောငြိမ်းချမ်းမှာပါ။ အဲလိုမဟုတ်ရင် တော့ ငြိမ်းချမ်းရေးဆိုတာ ကမ်းမမြင်လမ်းမမြင်တော့ပေ…………………
----------ပြည်သူကိုချစ်တယ်ဆိုတဲ့ အစိုးရတိုင်းသည် ပြည်သူ့အကျိုးကိုသာ ရှေးရှုပြီး ဆောင်ရွက်တက်တာ ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူစေချင်ပါသည်။------
------ကိုယ်ကျိုးမစွန့်ချင်နေပါ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုသော တစ်ဖတ်နားပေါက်၊ ကိုယ့်ဘို့ကိုသာသိသော စိတ်ဓာတ်များ စွန့်ပစ်နိုင်ကြပါစေ။----------
------ပြည်သူလဲစိတ်ချမ်းသာ၊ပြည်သူဝန်ထမ်းများလဲ အဆင်ပြေပျော်ရွင်၊နိုင်ငံ အကြီးအကဲအဆင်ပြေ၊အချုပ်အခြာအာဏာလဲ ပြည်သူရွေးကောက်တင်မြှောက်တဲ့ ပြည်သူ့အစိုးရပဲ ချုပ်ကိုင်၊ တရားဥပဒေ အထက်မှာ မည်သူမျှမရှိ၊ အခွင့်ထူးခံလူတန်းစားမရှိ၊ စည်းကမ်းရှရှိကြိုးစားသော ပြည်သူများ လူအခွင့်အရေးလေးစားသော ခေါင်းဆောင် များစသည် တို့ကိုသာ အလိုရှိကြောင်းဆုပန်ရင်း………………
မှတ်ချက်။    ။(ည ၁၁ နာရီ ရေတင်ရန်စောင့်ရင်းရေးသည်။)
အားလုံးကိုလေးစားလျက်
ကိုနော်(Wisdom Life)

Tuesday, May 15, 2012

ဘယ်သူဆင်းရဲတာလဲ

တစ်ခါက လူချမ်းသာ သားအဖနှစ်ယောက်က ရှိတယ်။သားလုပ်တဲ့လူက

ဆင်းရဲတဲ့လူတွေရဲ့ ဘ၀ကိုသိချင်တယ်အဖေ
သူ့သားကို တောရွာတစ်ရွာကိုခေါ်သွားပြီး သုံးညအိပ်လောက် ပြတယ်တယ် လူဆင်းရဲတွေ ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ်ဆိုတာတွေကိုပေါ့။ ပြီးတဲ့နေ့ကျတော့ အိမ်ပြန်ကြရင်း သားကို အဖေက မေးတယ်တဲ့ သားဒီခရီးမှာ ဘာတွေသိခဲ့ရလဲပေါ့......... သားကဟုတ်အဖေ       အရမ်းကိုသိခဲ့ရပါတယ် ။
ဟုတ်လား သား.............ဘာတွေလဲပြောပြလေအဖေ့ကို

------ကျွန်တော်တို့မှာ ခွေးတစ်ကောင်ပဲမွေးနိုင်တယ် ၊ သူတို့က လေးကောင်တောင်မွေးနိုင်တယ်။
------ကျွန်တော်တို့ဆီမှာ ရေကူးကန်လေးတစ်ကန်ပဲရှိတယ်၊သူတို့က မြင်မဆုံးတဲ့ ကန်ကြီးတွေရှိတယ်။
------ ကျွန်တော်တို့ဆီမှာ အယောင်ဆောင်မီးလုံးတွေပဲရှိတယ်၊ သူတို့ဆီမှာ ကြယ်စင်လေးတွေ လမင်းကြီးတွေကို မြင်ခွင့်ရှိတယ်။
------ကျွန်တော်တို့ လမ်းလျောက်လို့ရတာက ခြံဝင်းကျဉ်းကျဉ်းလေးထဲမှာပဲ သူတို့က မိုးကုတ်စက်ဝိုင်းထိလျောက်လို့ရတယ်။
------ ကျွန်တော်တို့နေစရာက အိမ်သေးသေးလေးမှာပဲ သူတို့နေစရာက မျက်စိတဆုံးပဲဗျားးးးးးးးး။
------- ကျွန်တော်တို့က အလုပ်တွေကို ကိုယ်ဘာသာမလုပ်နိုင်ဘူး သူတို့က သူတို့ဘာသာလုပ်နိုင်ကြတယ်။
-------ကျွန်တော်တို့က အစားအစာတွေကို ၀ယ်စားရတယ်။ သူတို့က သူတို့စိုက်ထားတာကို ခူးစားရုံပဲ။။။။။။
-------ကျွန်တော်တို့က တံတိုင်းတွေခြံစည်းရိုးတွေနဲ့ ကာထားရတယ်၊သူတို့က သူငယ်ချင်းတွေမိတ်ဆွေတွေ မိသားစုတွေက အကာအကွယ်ပေးတယ်။။။။။။။။။။

သူ့အဖေကတော့အရမ်းကို အံ့သြနေခဲ့တယ်။ သားဖြစ်သူက ဆက်ပြောလိုက်သေးတယ်။
အဖေသားတို့ဘယ်လောက်ဆင်းရဲတယ်ဆိုတာကို လိုက်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်
 တဲ့။ ကဲ စာဖတ်သူတို့ကောဘယ်လိုသဘောရလဲ လူ့ဘ၀ဆိုတာ နေတက်၇င်ကျေနပ်စရာပါ။
စိတ်ဓာတ်ကောင်းကောင်းနဲ့သာ ကြိုးစားသွားရင် အောင်မြင်မှုဆိုတာ လက်တကမ်းမှာပါ။
http://www.inspireme.worldofwisdom.asia/2011/12/who-is-poor-who-is-rich.html မှ ဘာသာပြန်မျှဝေကြောင်း ၀န်ခံအပ်ပါသည်။

Related Posts Plugin for WordPress, Blogger...