To Be A Standard Myanmar
ကျွန်တော်တို့မြန်မာလူမျိုးတွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့လူမျိုးတွေဖြစ်အောင်ကြိုးစားနေကြပါပြီ။
တကယ်တော့် International Standard (IS) ၀င်ဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။
Point of View အများကြီးကနေကြိုးစားကြရမှာပါ။စီးပွားရေး၊ပညာရေး၊နိုင်ငံရေး၊စစ်ရေး၊ကျန်းမာရေး
စသည်ဖြင့်ပေါ့ ။နိုင်ငံတစ်နိုင်ငံရဲ့အဆင့်အတန်းက ပညာရေးအပေါ်မှာ အများကြီးမူတည်ပါတယ်။
အခြေခံပညာမူလတန်းမှစပြီးတော့် စည်းကမ်းသေ၀ပ်သော၊စည်းကမ်းပြည့်ဝသော စည်းကမ်းကောင်းသော လူငယ်လေးများမွေး ထုတ်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
Foundation ဆိုတာ နေရာတကာမှာ အရေးကြီးပါတယ်(အခရာကျတယ်)ပေါ့ဗျာ။
Foundation ခိုင်မာမှသာလျှင် ကိုယ်လိုချင် တဲ့မြင့်မားတဲ့ပတ်ဝန်းကျင်၊မြင့်မားတဲ့လူနေမှု အဆင့်အတန်းကို လွယ်လင့်တကူရရှိနိုင်မှာအသေအချာပါပဲခင်ဗျာ…။
အကုန်လုံးကို လိုက်ပြီးမပြုပြင်နိုင်ပေးနိုင်ပေမဲ့ မိမိနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း ကို ရသည့် နည်းလမ်း ဖြင့် စပြောင်းကြည့်ရအောင်။
-မိမိရင်သွေး(ဒါမှမဟုတ်) မိမိညီငယ်ညီမငယ်တူ၊တူမ စတာတွေကို စည်းကမ်းကောင်း တဲ့မြန်မာ လူငယ်လေးတွေ ဖြစ်အောင် ပုံစံသွင်းပေးကြရအောင်။
-လူငယ်အကုန်လုံးကို ပြောင်းဖို့မဖြစ်နိုင်ပေမဲ့ နီးစပ်ရာအသိုင်းအ၀ိုင်းကို(၀ါ) အနည်းဆုံးတစ်ယောက်ကိုပြောင်းနိုင်ရင် ဒါအမြတ်ပါပဲခင်ဗျာ…။
-လူငယ်လေးတွေကို မိမိကိုယ်ကိုယုံကြည်စိတ်ရှိလာအောင် လေ့ကျင့်ပေးကြရမှာပါ။
-သတိပြု သင့်တာက မဟုတ်တဲ့ နေရာမှာယုံကြည်တဲ့စိတ်မသွင်းပေးသင့်ပါဘူး ဒါအရေးအကြီးဆုံးပါတယ်။
-အမှားကြာလာတော့်လဲ အမှန်ထင်လာတက်ပါတယ်ဗျ။
-သူတို့လေးတွေကို By hard(အလွတ်ကျက်မှတ်နည်း) နဲ့ ကျက်မှတ်တဲ့အလေ့ကိုပြောင်းလဲပေးသင့်ပါပြီ။
-သူတို့ရဲ့သင်ရတဲ့ဘာသာရပ်တွေကို Thinking လေးတွေထည့်ပေးပြီး Practical နဲ့ ပေါင်းစပ်ချိတ်ဆက်ပြရမှာပါ။
-ဒါမှသာလျှင် အော်ဒါက ဒီလိုပြောထားတာကိုး…… ဆိုပြီးစာကိုကြောက်တဲ့ စိတ်မရှိတော့်မှာဖြစ်ပါတယ်။
-အဲဒီအဆင့်ရောက်လာပြီဆိုရင် သူတို့ရဲ့ Talent (ဇ ခေါ်မလား ၀ါသနာခေါ်မလား အထုံပါရမီခေါ်မလား)
ရှိတဲ့ ဘာသာတွေကို Self-study လုပ်ခိုင်းပါ။
-ဖတ်ခိုင်းပါမှတ်ခိုင်းပါ လက်တွေ့နဲ့ချိတ်ဆက်ပေးပါ ဒါမှသာလျှင် တိုးတက်တဲ့ ပညာရေးဖြစ်လာမှာပါ။
-စိတ်ပိုင်းဆိုင်ရာကိုလဲလေ့ကျင့်ပေးသင့်ပါတယ်၊လူတစ်ယောက်စိတ်ကအရမ်းအရေးကြီးပါတယ်၊စိတ်မာမှ
လူမာပါတယ်၊စိတ်ပျော့ရင်လူပျော့ပါတယ်၊ဇွဲရှိတဲ့ လူငယ်လေးတွေ ဖြစ်လာအောင် Train လုပ်ပေးသင့်ပါတယ်.။
-နောက်ဆုံးအရေးအကြီးဆုံးအချက်က စည်းကမ်းပါ အမျိုးသားစည်းကမ်းအစစာသင်ကျောင်းက ဆိုပြီးရေးထားတာအကြောင်းမဲ့မဟုတ်ပါဘူး။
-သတိမမူရင်ဂူမမြင်နိုင်ပါဘူး…………။
-ချဲ့ကားစဉ်းစားကြည့်ကြပါ အင်မတန်လေးနက်တဲ့ စကားလုံးလေးပါ။
-လူငယ်လေးတွေ စည်းကမ်း လိုက်နာတက်အောင် အချိန်လေးစားတက်အောင် လေ့ကျင့်ပေးတဲ့စခန်း(၀ါ)ဒုတိယအိမ်လဲဖြစ်ပါတယ်ခင်ဗျာ။
-တစ်ချို့ ကစာပေမှာတော့် ထိတ်တန်းရောက်ပါရဲ့ လူမှုဆက်ဆံရေးတွေမှာ အရမ်းညံ့ဖျင်း တာတွေတွေ့ရတယ် ဒါတွေဟာဘာတွေလဲဆိုရင် ကလေးတွေကို နားလည်ပေးရပါမယ်၊နားသင့်တဲ့အချိန်နား၊စားသင့်တဲ့အချိန်စား၊အိပ်သင့်တဲ့အချိန်အိပ်၊အလုပ်ချိန်အလုပ်
မိမိတစ်နေ့တာကို မိမိ Plan ချနိုင်ပြီး အပြည့်အ၀အလေအလွင့် မရှိသုံးနိုင်အောင် တဖြည်းဖြည်း Train လုပ်ပေးကြရအောင်ပါ။-ကလေးတွေဆိုပြီး အရာမသွင်းလို့မဖြစ်ပါဘူး……ယနေ့လူငယ်နောင်ဝယ်လူကြီး ဆိုသလို နောင်တစ်ချိန်မှာ နိုင်ငံကို ပခုံးပြောင်းထမ်းဆောင်ရမှာပါ။-အဲဒီကျမှ စည်းကမ်းမကောင်းခဲ့ရင်၊မိမိကိုယ်မိမိ မခန့်ခွဲနိုင်ရင်၊ဆက်ဆံရေးညံ့ဖျင်းနေရင်၊လမ်းပြခေါင်းဆောင်မပေးနိုင်ရင် မိမိတို့နိုင်ငံတော်ကြီးဟာ သူများနိုင်ငံထက်နောက်ကျကျန်ရစ်ခဲ့မယ်ဆိုတာ သတိချပ်စရာပါခင်ဗျာ……..။
-ဒါကြောင့်မိမိတက်နိုင်တဲ့ပတ်ဝန်းကျင် ကနေပြီးတက်နိုင်သလောက် အကောင်းဆုံး ပြောင်းလဲပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း နိဂုန်းချုပ်ပါရစေလားခင်ဗျာ။…………။
All For One, One For All.
အစဉ်ကြိုးစားလျက်
ကိုရဲမင်းထွန်း(GD)
1 comments:
ဒီပို့စ်လေးကို ပညာရေးဝန်ကြီးနဲ့ ဆရာ၊ ဆရာမတွေ ဖတ်မှိရင် သိပ်ကောင်းမယ်
မြန်မာပြည် ပညာရေးက ဒီအတိုင်းသွားရင် ရင်လေးစရာပါ
Post a Comment
ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။