Skip to main content

သူငယ်ချင်း(ကဗျာလေး)


ဒီကဗျာလေးကလဲ ဆယ်တန်းကျောင်းသားတွေ တပည့်တွေအတွက် ရည်ရွယ်ပြီး စပ်ပေးခဲ့တဲ့ကဗျာလေးဖြစ်ပါတယ်…။ခွဲခွာခါနီးလေး ရေးပေးလိုက်တာပါ…
သူငယ်ချင်း
ကောင်းဆိုးမတူ အတူတူ
ပေါင်းစုဖြေရှင်း…သူငယ်ချင်း….
နိမ့်မြင့်မဟူ…..အတူတူ

လေးစားနေခြင်း…..သူငယ်ချင်း….
ဝမ်းနည်းနေမူ အတူတူ
အားပေးဖြေရှင်း…….သူငယ်ချင်း…..
ဝမ်းသာလဲမူ အတူတူ
မျှဝေပွားခြင်း….သူငယ်ချင်း…….
ဆင်းရဲချမ်းသာ မခွဲခွာ….
တန်းတူပေါင်းသင်း…….သူငယ်ချင်း……
ဘာလုပ်လုပ်မူ…..အကျင့်တူ…..
စရိုက်တူခြင်း…….. သူငယ်ချင်း…..
ကောင်းဆိုးမကွာ……..တိုင်ပင်တာ……
တိုင်ပင်ဖော်လေး….. သူငယ်ချင်း…..
ဝမ်းနည်းနေလဲ…….နှစ်သိမ့်တာ…..
အားပေးဖော်လေး……. သူငယ်ချင်း……
ဝါသနာတူ……အကျင့်တူ…….
ကြီးမှပေါင်းလဲ……. သူငယ်ချင်း…….
ပိုက်ဆံနဲ့လဲ မ၀ယ်နိုင်တာ………..
အဖိုးတန်တဲ့သူငယ်ချင်း…………
ဂုဏ်သိက္ခာနဲ့စည်းတွေမပါ…….
အဲဒါ…………..သူငယ်ချင်း။        ။
သူငယ်ချင်းရှိသူတိုင်းခံစားနိုင်ကြပါစေ။
အစဉ်ကြိုးစားလျက်
ပစ်တိုင်းထောင်(Wisdom Life)
8:00(P.M)
21.3.2012

Comments

  1. ကဗျာဖတ်ပြီးတော.သူငယ်ချင်းတွေကိုတောင်သတိရသွားပြီ

    ReplyDelete
  2. ဒီကဗျာလေးဖတ်လိုက်ရတော့ ငယ်ငယ်တုန်းက နောက်ကျောကို ဓါးနဲ့ထိုးခံရတာပြန်သတိရတယ်ဗျာ ...

    ReplyDelete

Post a Comment

Leave a Message for me