Saturday, March 31, 2012
ဖူးစာရှင်ရှာနည်း
သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်.....
ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။
(က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(စ်-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃).....
Example လွလွ =၂၈+၂၈ (လ=၂၈)=၅၆
ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။
Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။
အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ
ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။
သင်... သင့်စိတ် .... နဲ့ သင့်အနာဂတ်
သိတာလေးကို ပြန်ဝေမျှလိုက်တာပါနော်......
မှန်မမှန်ကတော့ .... သူငယ်ချင်းတို့ ပဲကိုယ်တိုင်စမ်းကြည့်လိုက်ပါနော်.....
မေးခွန်းလေးတွေကို အတက်နိုင်ဆုံး (စိတ်ထဲအရင်ပေါ်လာတာကို)မြန်မြန်ဖြေပါနော်...
လွယ်ပါတယ်... ကဲစပြီ......
Q:(1)  ခုပေးတဲ့အကောင်တွေကိုစိတ်ထဲပေါ်လာတဲ့အကောင်ကစရေးပါ...
          မြင်း၊ ကျား၊ ၀က်၊ နွား၊သိုး.......
Q:(2)  သက်ဆိုင်ရာရည်ညွှန်းအဓိပ္ပာယ်ကိုရေးပေးပါ...
          ဥပမာ ...(ခွေး=ချစ်ဖို့ကောင်းသော)
         ခွေး ၊ ကြောင် ၊ ကြွက် ၊ ကော်ဖီ ၊ ပင်လယ်
Q:(3) အောက်ပါအရောင်များကို
         မိမိစိတ်ထဲတွင်ပေါ်လာသော၊လူများနှင့်တွဲပါ....
        အ၀ါ ၊ လိမ္မော် ၊ အနီ ၊ အဖြူ ၊ အစိမ်း ....
A:(1) သင်ရွေးချယ်ထားသောအကောင်များသည် သင့်ဘ၀တွင် အရေးအကြီးဆုံးမှစသည်...    
           မြင်း      = မိသားစု
           ကျား     = ဂုဏ်သိက္ခာ
           နွား       = အသက်မွေးဝမ်းကျောင်းမှု
           သိုး       = ချစ်ခြင်းမေတ္တာ
A:(2)   ခွေး       = သင့် personality
           ကြောင်  = ချစ်သူရဲ့ personality
           ကြွက်    = ရန်သူရဲ့ personality
          ကော်ဖီ   = အချစ်ကို သင်ဖွင့်ဆိုသော အဓိပ္ပာယ်
          ပင်လယ် = သင့်ကိုယ်ပိုင်ဘ၀ကို သရုပ်ဖော်ထားသော  အဓိပ္ပာယ်
A:(3)  အ၀ါ       = ဘယ်တော့မှ မမေ့မယ့်သူတစ်ယောက်
          လိမ္မော်   = အစစ်မှန်ဆုံးသူငယ်ချင်းလို့လက်ခံထားသူ
          အနီ       = တကယ်ချစ်တဲ့သူ
          အဖြူ      = နှစ်ကိုယ့်တစ်စိတ် (စိတ်ချင်းသိပ်နီးကပ် ဆက်နွယ်နေသူ)
          အစိမ်း    = တစ်ဘ၀လုံး အမြဲသတိတရရှိမယ့်လူ
မှန်ရဲ့လားဆိုတာတော့  သူငယ်ချင်းတို့ဘဲ ဆုံးဖြတ်ပေးပါနော်.....
ယမင်းဖတ်ဖူးတာလေး ပြန်မျှဝေတာပါနော်
အဆင်ပြေကြပါစေနော်......
Friday, March 30, 2012
ဘယ်စာကိုဘယ်မှာ သင်မတုံး
ဘယ်စာကိုဘယ်မှာ သင်မတုံး
      ကျွန်တော်တို့ လူမှု ပတ်ဝန်းကျင်မှာ လူတိုင်းဟာ အလုပ်ကိုယ်စီ၊ တာဝန်ကိုယ်စီနဲ့ ကျင်လည် အသက်မွေးနေကြပါတယ်။ ဒီလိုအလုပ်တွေ မလုပ်ခင်မှာ လူတွေရဲ့ ၇၅% လောက်က အခြေခံပညာကိုသင်ယူတက်မြောက်ပြီးကြပါပြီ။ အဲဒီအထဲကမှာ ဘာကို ကျွန်တော်သွားတွေ့လဲ ဆိုတော့ အလုပ်နဲ့ ကျောင်းနဲ့ ၀ါသနာနဲ့ ထပ်တူမကျတာတွေ သွားတွေ့ပါတယ်။အားလုံးက အခြေခံပညာကျောင်းတုန်းက အတူတူသင်ကြလေ့လာကြရပါတယ်။ နောက်ပိုင်းမှ မိမိအတွက် အသက်မွေးဝမ်းကျောင်း ပြုနိုင်မဲ့ ပညာဘက်ကို ဆက်လိုက်ကြ လေ့လာကြရပါတယ်။
Thursday, March 29, 2012
To Be A Standard Myanmar
To Be A Standard Myanmar
ကျွန်တော်တို့မြန်မာလူမျိုးတွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့လူမျိုးတွေဖြစ်အောင်ကြိုးစားနေကြပါပြီ။
တကယ်တော့် International Standard (IS) ၀င်ဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။
Point of View အများကြီးကနေကြိုးစားကြရမှာပါ။စီးပွားရေး၊ပညာရေး၊နိုင်ငံရေး၊စစ်ရေး၊ကျန်းမာရေး
စသည်ဖြင့်ပေါ့ ။နိုင်ငံတစ်နိုင်ငံရဲ့အဆင့်အတန်းက ပညာရေးအပေါ်မှာ အများကြီးမူတည်ပါတယ်။
အခြေခံပညာမူလတန်းမှစပြီးတော့် စည်းကမ်းသေ၀ပ်သော၊စည်းကမ်းပြည့်ဝသော စည်းကမ်းကောင်းသော လူငယ်လေးများမွေး ထုတ်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်။
ကြောက်ခေတ်…………..ပေစာ(ကျောက်ခေတ်မဟုတ်)
ကြောက်ခေတ်…………..ပေစာ
          ဟဲ့မိအေး………… ညည်းပျင်းနေရင် ရွာထိပ်က Net ဆိုင် သွားပြီး Chatting ထိုင်ရအောင်လေ………။ဒို့တွေ ညနေကျရင် VZO နဲ့ရေခပ်ဆင်းကြတာပေါ့အေ……။ကိုသာအေးကတော့ Skype နဲ့ ခြင်းခတ်ရင်းစောင့်နေလိမ့်မယ်။သာဂိကလဲ……… Facebook နဲ့ ဂွေလှိမ့်တမ်း ကစားရင်းရွာရိုးကိုးပေါက်ပြေးနေလေရဲ့………………။   :P
          အရီးသိန်းကကော ပဲပြုတ်မရောင်းတာကြာပြီနော်……….သူ့ဖုန်းကို Msg ပို့လိုက်စမ်း….အမယ်သူ့ဖုန်းက Busy ပြနေပါလား…….ဧကန်န ပဲပြုတ်ရောင်းကောင်းနေပုံပေါက်တယ်…………။ :P
          ကိုသာမြကော…………….နွားကျောင်းပြန်မလာသေးပါ့လား…………..နွားကျောင်းရင်း Ipad နဲ့ ဂိမ်းဆော့နေလားမသိဘူး……ခက်ပါ့အေ…………….။ :P
Wednesday, March 28, 2012
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်။
ကဗျာလေးက  ဗုဒ္ဓဘာသာသင်တန်းက တပည့်တစ်ယောက် စာအုပ်ထဲမှာတွေ့လို့ ကူးယူလိုက်တဲ့ ကဗျာလေးဖြစ်ပါတယ်။ဘာအဓိပ္ပါယ်လဲဆိုတော့ ဗုဒ္ဓဘာသာအယူဝါဒကို ဗုဒ္ဓဘာသာကလေးတွေရဲ့ရင်ထဲကို ငယ်စဉ်ကတည်းက သွတ်သွင်းပေးပြီး မြင့်မြတ်တဲ့ ဗုဒ္ဓအယူဝါဒ ကို ရောင်ဝါနေသို့ ထွန်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ မဟာဂန္ဓာရုံဆရာတော် ကရေးသား ခဲ့တဲ့ ကဗျာလေးပါ။
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်။
အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိတ်မှတ်ကာ၊
မပြတ်မစဲ အိုးပင်ကွဲလည်း
ခေါင်းလောင်းသံ၏သမိုင်း………..
ဒီကဗျာလေးက ၁၀တန်း ကျောင်းပိတ်ခါနီး ကျောင်းသားတစ်ယောက်က ဆရာ ကဗျာ စပ်ပေးပါလားဆိုလို့ ဘာရယ်မဟုတ် လက်တန်းချရေးပြီး လက်ဆောင်ပေးလိုက်တဲ့ကဗျာလေးပါ….. အမှတ်တရပေါ့ဗျာ………. ဖတ်ကြည့်ကြပါအုန်း  သူတို့လုပ်နေတာလေးတွေကို မြင်အောင် ဟာသနဲ့ချိတ်ပြီး ကာရန်ထည့်ထားတာပါ…………………..
ခေါင်းလောင်းသံ၏သမိုင်း………..
ခေါင်းလောင်းသံနှင့် မှောင်ရီရီ… တို့တွေ ထရပြီ…………(အဆောင်မှာ အိပ်ရာထ ခေါင်းလောင်းတီးပါတယ်)
ထိုင်လိုက်ပြီတဲ့ Study ခန်း………..များမကြာမီ သမ်း…………..
ငိုက်လို့ဝေရီကြောင်စီစီ………ဘာသင်လိုက်မှန်းမသိပြီ…….
နာရီနှင့်တူသော………….
ဒီကဗျာလေးကတော့ ပျင်းပျင်းရှိတာနဲ့နာရီကြည့်မိပြီး………..နာရီအကြောင်းနဲ့ချိတ်ထားတဲ့လူ့ဘ၀အကြောင်းကို…ပုံဖော်ထားတာပါ….ခံစားကြည့်ကြပါအုန်းနော်…………
နာရီနှင့်တူသော………….
ဓာတ်ခဲနဲ့တူသော……စိတ်ဝိညဉ်
ကိန်းဂဏန်းတွေနဲ့ တူတဲ့ ဘ၀တွေ…..
များလာလိုက်နည်းသွားလိုက်…..မညီညာတဲ့ဘ၀တွေ…….
တစ်ချောင်းတည်း.ခွဲကြည့်လို့မရတဲ့……….နာရီလက်တံလို…
အမြဲတမ်း တွဲကြည့်မှ အဓိပ္ပါယ်ရှိတဲ့ …ကောင်းဆိုး…ဒွန်တွဲမှု….
သူငယ်ချင်း(ကဗျာလေး)
ဒီကဗျာလေးကလဲ ဆယ်တန်းကျောင်းသားတွေ တပည့်တွေအတွက် ရည်ရွယ်ပြီး စပ်ပေးခဲ့တဲ့ကဗျာလေးဖြစ်ပါတယ်…။ခွဲခွာခါနီးလေး ရေးပေးလိုက်တာပါ…
သူငယ်ချင်း
ကောင်းဆိုးမတူ အတူတူ
ပေါင်းစုဖြေရှင်း…သူငယ်ချင်း….
နိမ့်မြင့်မဟူ…..အတူတူ
Tuesday, March 27, 2012
Love Poems (Only Two)
မကြွေပွင့်
ဘယ်သူ့နှုတ်ခမ်းမှ
ပန်းပွင့်တယ်လို့………..ကိုယ်မယုံ
ချစ်တဲ့သူနှုတ်ခမ်း
ပန်းကြာနံ့ထုံ………….
စိတ်ကောက်တော့ ကြာလိုငုံ
ရင်ခုန်တော့ ကြာလိုဖူး…………..
တစ်ခါနမ်းရုံနဲ့
ပန်းကြာငုံ မကြွေပွင့်ရယ်ကြောင့်……..
(ကိုယ့်မှာတော့….)
နေမြင့်လေရူး…………။
ကိုယ်ရံတော်
အချစ်မင်းကိုယ့်ကို သေနတ်တစ်လက်ဝယ်ပေးသင့်တယ်
ကျည်တစ်တောင့်စီပေါ်မှာ
မင်းရန်သူတွေရဲ့နာမည်ကိုရေးပေးလိုက်ပေါ့။
ကျန်တာကတော့
ကိုယ့်လက်ကလေးကို
မင်းနမ်းလိုက်ရုံပါပဲ။      
ညိုမင်းထက်
ကျွန်ုပ်နှင့် ကျွန်တော့် ၏ အတွေးစများ
အဲဒီနေ့ဟာ 27.3.2012 ရက်နေ့ဖြစ်ပါတယ်။ မှတ်မှတ်ရရအဲ ဒီနေ့ နေရာတော်တော်များများ ရောက်ဖြစ်ခဲ့တဲ့နေ့ လဲဖြစ်ပါတယ်.။ ဦးလေးမွေးနေ့ ဆွမ်းကပ်လို့ ဘုန်းကြီးကျောင်းရောက် တယ် NLD မွဲဆွယ်ပဲရောက်တယ်…။
အစုံရောက်ခဲ့ပါတယ် မအားတဲ့ကြားထဲကပေါ့။ အဲဒီနေ့ဟာ (--)နှစ်မြောက် တပ်မတော်နေ့လည်း ဖြစ်ပါတယ်။ ကျွန်တော်ကြားဖူးသလောက်တော့် ဟိုအရင်က တပ်မတော်နေ့ကို တော်လှန်ရေးနေ့လို့လဲ ဆိုစမှတ်ပြုခဲ့ကြောင်း မှတ်သားခဲ့ရပါတယ်။ ဘာကြောင့်ပြောင်းသွားလဲတော့ အတိအကျ ပြောနိုင်တဲ့လူ ရှားပါတယ်။ ကျွန်တော့်အထင် တပ်မတော်က နယ်ချဲ့တွေကို တော်လှန်ခဲ့လို့ တပ်မတော်နေ့ လို့ ဂုဏ်ပြုတဲ့အနေနဲ့ တပ်မတော် နေ့ရယ်လို့ ခေါ်တယ်ထင်ပါတယ်။
          တပ်မတော်သည် ဒီနေ့ထိ ဘာကြောင့် တည်မြဲပြီး နေပါလိမ့်လို့ တွေးဖူးပါသလား….။ တည်မြဲတာလဲမဆန်းပါ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ စစ်စည်းကမ်းများကြောင့် ယနေ့ထိ မားမားမတ်မတ် ရှိနေခြင်းဖြစ်ကြောင်း ကျွန်တော်ယုံကြည်မိပါသည်။
          မည်သည့်အဖွဲ့အစည်းမဆို စည်းကမ်းဆိုတာ ရှိစမြဲပါ။ စည်းကမ်းပိုမိုတင်းကြပ်သော စည်းကမ်း  ပိုမို ကောင်းမွန်သော စည်းကမ်းရှိသော အဖွဲ့အစည်း သည် ကြာရှည် တည်မြဲပြီး အများက လေးစားထောက်ခံကြတာ ဖြစ်တဲ့လို့ ယုံကြည်ပါသည်…….။ ကျွန်တော်သည် ဂိုဏ်းစွဲ၊ကဏ္ဏစွဲ၊ပုဂ္ဂိုလ်စွဲ၊ အဖွဲ့စွဲ၊ ပါတီစွဲ လုံးဝမရှိပါ။ အများယောင်တိုင်း လိုက်မယောင်တက်ပါ။ မှန်ကန်ပြီး အများအတွက် အသုံးဝင်သော အဖွဲ့အစည်း စည်းကမ်း၊ ၀ါဒီ၊ လုပ်ရပ်များ ကို လက်တွေ့ အသုံးချနေသော အဖွဲ့အစည်း ကိုသာ အားပေးယုံကြည် ပါသည်။
"စည်းကမ်း ဟူသည် လူ့တန်ဖိုး"  ဆိုသော ဆောင်ပုဒ်ကို အမြဲယုံကြည်ပါသည်။
          နောက်လိုအပ်ချက်တစ်ခု သည် ရိုးသားမှု (တနည်း) ကိုယ်ကျင့်တရား ပင်ဖြစ်ပါသည်။ တချို့ပညာရှင် တွေပြောသော စကားက
          "I Practice what I preach" တဲ့ ရိုးသားမှုဟူသည်မှာ ကိုယ်ဟောသလို ကိုယ်ကျင့်ခြင်းပင် ဖြစ်သည်။ လို့ အဓိပ္ပါယ်ရပါတယ်။ လိုအပ်နေသေးတဲ့အချက်ရှိသေးတယ်လို့ ထင်ပါတယ် စာဖတ်သူ သိခဲ့ရင် ကျွန်တော့်ကိုဆက်သွယ် ပြောပြပေးပါလို့ တိုက်တွန်းပါရစေ။
          ဘယ်ပါတီ၊ ဘယ်အဖွဲ့ကို ထောက်ခံ ထောက်ခံ၊ အားပေး အားပေး စည်းကမ်းရှိရှိ ထောက်ခံကြပါ စည်းကမ်းရှိရှိ အားပေးကြပါလို့  
ကျွန်တော် တိုက်တွန်း အကြံပေးတိုက်တွန်းပါရစေ။ စည်းကမ်းအတွင်းမှာပဲ လွတ်လပ်ကြပါ။ မင်းမဲ့တိုင်းပြည် ကဲ့သို့ မလွတ်လပ် ကြပါနဲ့လို့ အကြံပေးချင်ပါတယ်။ ကျွန်တော် ယုံကြည်တဲ့ ဒီမိုကရေစီဆိုတာ
"ဒီမိုကရေစီ ဟူသည် စည်းကမ်းရှိရှိ လွတ်လပ်ခြင်း" လို့ ယူဆ ခံယူပါတယ်။
စည်းကမ်းတော့ရှိပါပြီးတဲ့ အလုပ်မလုပ်ပဲ တွင်ကျယ် တိုးတက်လာပါ့မလား………………….။
ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး ဆိုတဲ့ ကိုင်ဇာ သီချင်းလိုပါပဲ……….. ဘာမှတိုးတက်မှုမဖြစ်လာပါ………
လို့ပြောကြားပါရစေ။ လွတ်လပ်ရေး မရခင်မှာ ပြောကြားခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း ထဲမှာ လွတ်လပ်ရေးဆိုတဲ့ နေရာမှာ ဒီမိုကရေစီ လို့ ပြောင်းထည့် ပြပါ့မယ်………………။ အလုပ်လုပ်ကြဖို့ ပြောတဲ့ မိန့်ခွန်းပါ။
          "အလုပ်မလုပ်ဘဲနဲ့တော့ ဒီမိုကရေစီ ရပေမယ့် ဘယ်နည်းနဲ့ ခင်ဗျားတို့ ဒီမိုကရေစီ အရသာကို ကျပ်ပြည့်တင်းပြည့် ခံစားစံစားရမှာမဟုတ်ဘူးဆိုတာ ဘယ်အစိုးရပဲတက်တက်၊ ဘယ်ပါတီပဲတက်တက် ဘယ်သူအုပ်ချုပ်အုပ်ချုပ် အလုပ်မလုပ်ပဲနဲ့တော့ ခင်ဗျားတို့ ဘာမှမဖြစ်ဘူးဆိုတာ ကျွန်တော်ထစ်ထစ် ချရဲရဲ ကြီး ပြောရဲတယ်" ဆိုတာပါပဲ။
          ဖတ်ဖူးတာကြာပြီဖြစ်တဲ့ "လူ၏" ဆိုတဲ့ ကဗျာလေး ထည့်လိုက်ပါအုန်းမယ်။ ပါဝင်တာတွေက "စည်းကမ်း၊ပညာ၊ကိုယ်ကျင့်တရား" စသည်စသည်……………….
"လူ၏………."
"စည်းကမ်း" သည် လူ၏ "တန်ဖိုး" ဖြစ်သလို
"ပညာ" သည်လူ၏ "အရင်းအနှီး" ဖြစ်သည်
"ကိုယ်ကျင့်တရား" သည် လူ၏ "တန်ဖိုး" ဖြစ်သည်
ဆိုတဲ့ ကဗျာလေးဖြစ်ပါသည်။
          ကျွန်တော်တွေးဆမိသလောက် အဲဒီသုံးချက်ကို လိုက်နာပြည့်စုံရုံဖြင့် အေးအေးချမ်းချမ်း အောင်အောင်မြင်မြင် နေနိုင်မယ်လို့ ယုံကြည်မိပါတယ်…………………………… ။
ကျွန်တော်သိတက်စ အချိန်စဉ်းစားတက်တဲ့ အချိန် မှစပြီး အမှန်တရားဆိုတာဘာလဲ၊ လူ့အခွင့်အရေးဆိုတာဘာလဲ၊ စည်းကမ်းဆိုတာဘာလဲ၊ လွတ်လပ်မှုဆိုတာ ဘာလဲ…….၊ တရားမျှတမှုဆိုတာ ဘာလဲ………….၊ လာဘ်စားမှုဆိုတာဘာလဲ………၊ငြိမ်းချမ်းရေးဆိုတာဘာလဲ၊ စည်းလုံးမှုဆိုတာဘာလဲ စသည် စသည် စဉ်းစားခဲ့ မေးမြန်း မှတ်သား ဖတ်ရှုလေ့လာခဲ့တာ ယနေ့ထိပါပဲ……………………………..
အလုံးစုံသိခွင့်မရှိသေး………………. မသိသေးတာတော့ အမှန်……………………………..
ကျွန်တော့်ကို နည်းလမ်းပြခဲ့သော  အသိပညာ ၊အတက်ပညာ အမှားအမှန်ခွဲခြား တက်သော ဦးနှောက်ကို မီးညှိပေးခဲ့သော တမလွန် မှ အဖိုး…………….၊ စာအုပ်စာပေတွေ ဖတ်ဖြစ်အောင် မျိုးစေ့ချ ပျိုးထောင်ပေးခဲ့သော ဦး အဒေါ်တွေ၊ ဦးလေးက စာဖတ်တက်တဲ့ အရွယ်ကစ ပြီး ရွှေသွေး၊ မင်္ဂလာမောင်မယ်၊ရတနာပန်းခင်း၊ ၃၈-ဖြာမင်္ဂလာ စသော ကာတွန်းစာအုပ်၊ စတာတွေနဲ့ ပျော်မွေ့စေခဲ့ပါတယ်။ အခုချိန်မှာ ကျွန်တော် လောကကြီးနဲ့ သဟဇာတ ဖြစ်အောင် လူအများထက်မသာသော် လည်း…………..
လူအများနည်းတူ အမှားအမှန်ခွဲခြားတက် ၊ လူ့တန်ဖိုး လေးစားတက်ပြီး လူတွေနဲ့ နေတက်ထိုင်တက်ခဲ့ပါတယ်။
          ကျွန်တော့်အတွက် "စာအုပ်စာပေ၊လူ့မိတ်ဆွေ" ဆိုတာ ထာဝရ မှန်ကန်ခဲ့ပါတယ်။…………..။
ကျွန်တော်တို့ ပြည်သူတွေ ကိုယ့်အလုပ် ကိုယ် လုပ်နေသည်မှန်သောငြားလဲ ကျွန်တော်တို့ လုပ်ရပ်တိုင်းသည် တိုင်းပြည် ၏ အဆင့်အတန်း ကိုဖော်ပြ နေတယ်ဆိုတာ မမေ့သင့်ပါ……………။
ကျွန်တော်တို့လုပ်ရပ်သည် တစ်ချိန်မှာ သမိုင်းဆိုတာ ဖြစ်လာမှာပါ…………….။
ဒီသမိုင်းအကောင်းအဆိုး သည် လူတိုင်း နှင့် တစ်ဦးချင်းစီနှင့် ထာဝရ သက်ဆိုင်နေပါသည်……………….။
          မြန်မာတွေဟာ ဘာ………….ဆိုသော ပုံရိပ်အတွက် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါသည်။
တစ်ယောက်ချင်း၏ လုပ်ရပ်…………
တစ်ယောက်ချင်း၏ စိတ်ဓာတ်……………..
တစ်ယောက်ချင်း၏ ကိုယ်ကျင့်တရား…………..
တစ်ယောက်ချင်း၏ ဥာဏ်ပညာ………………..
သမိုင်း အဆက်ဆက် လက်ဆင့်ကမ်းရသည့် နာမည် အဆိုးအကောင်းများ………………………….
          စာဖတ်သူ အားလုံး ကို အားမာန်ပေးနိုင်စေမဲ့ မောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ကဗျာလေးနဲ့ အားဖြည့်ရင်းနိဂုန်းချုပ်ခွင့်ပြုပါ………………..
ငှက်တို့သမိုင်း
-      မလိုက်ရဲရင်လဲ
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ……..။
-      တစ်နေ့နိုးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ်
(ငှက်ဆိုတာကတော့….) ပျံရင်းသေ…။
-      ကဆုန်စိုင်းသလိုပေါ့
မုန်တိုင်းက ရှေ့မှာမွှေ
တောမီးက ရှေ့မှာဝိုင်း……….
-      ခြင်္သေ့က မြက်မစား
ကျားက ကြွက်မချောင်း
ဖွတ်က မိကျောင်းလိုမနေ
အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟို တောဆီသို့…..
အမောခံ ဇောမာန်တင်းပါလို့….
ပျံရင်းသေ ခရီးဆက်မယ်……တဲ့
(အဲဒါ…….) ငှက်တို့သမိုင်း…..။
သဘာဝတရားမှ အမှန်တရားများကို မြတ်နိုးတန်ဖိုးထားတက်ကြပါစေ……….
    ကျေးဇူးရှိသူအပေါင်း ခင်ပွန်းကြီးဆယ်ပါး ကို ဤ ဆောင်းပါးဖြင့် ရှိခိုးဦးတင်လိုက်ပါရစေ……..။   
အစဉ်ကြိုးစားလျှက်
ပစ်တိုင်းထောင်(Wisdom Life)
Read More In                               www.wisdomlife7.blogspot.com
Friday, March 16, 2012
အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ
အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ
          ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။
          သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။
အလုပ်က လိုက်ရှာနေသည့်လူများ
အလုပ်က လိုက်ရှာနေသည့်လူများ
ဒီအကြောင်းအရာက မောင်သာချိုရဲ့ အနာဂတ်ဝါကျများဆိုတဲ့ စာအုပ်ထဲက အကြောင်းကို လူအများနဲ့ သက်ဆိုင်မယ်ထင်လို့ ကျွန်တော် မျှဝေပေးလိုက်ပါတယ်။ဘာလို့လဲဆိုတော့ လောကမှာရှိတဲ့လူတိုင်းက အလုပ်လုပ်နေကြတာကိုး………။ အလုပ်လုပ်ရင်လိုအပ်မယ့်အရည်အချင်း လိုအပ်မယ့် စိတ်ဓာတ် စတာတွေကိုဒီ ခေါင်းစဉ်က အနည်းငယ် လမ်းကြောင်းပေးနိုင်ပါလိမ့်မယ်။
          နိုင်ငံတစ်နိုင်ငံ၏ ဖွံဖြိုးမှု၊ မဖွံဖြိုးမှု ကို
ဗေဒင်ချစ်သူများအတွက်
၁ ဂဏန်းသမားများ မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်းပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံး ဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘ၀အဖေါ်ကို ရွေးချယ် သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။ မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီ ခြင်းရှိသူကို ရွေးချယ်တတ်သည်။
Wednesday, March 14, 2012
ဘာမှမလိုချင်ပါ...သို့သော်
ဟိုးရှေးရှေးတုန်းက … မိချောင်းတွေအများကြီး မွေးမြူထားတဲ့ သူဌေးကြီးတယောက်ရှိပါတယ် …
သူဟာ … မိကျောင်းတွေကို … အိမ်ရာနောက်က ရေကန်ထဲမှာ … မွေးထားတတ်ပါတယ် …
ပြီးတော့ အဲဒီသူဌေးကြီးမှာ … အလွန်ချောမောလှပတဲ့ … သမီးပျိုလေးတယောက်လဲရှိပါတယ် …
တနေ့မှာတော့ … သူဌေးကြီးဟာ … ပါတီပွဲကြီးတခုကို ကျင်းပဖို့ဆုံးဖြတ်လိုက်တယ် …
ဆရာမနှင့်ကျောင်းသား ဟာသများ
ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ
စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?
ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..
စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ
စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့
လဲ?
To Be A Standard Myanmar
To Be A Standard Myanmar
ကျွန်တော်တို့မြန်မာလူမျိုးတွေ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့လူမျိုးတွေဖြစ်အောင်ကြိုးစားနေကြပါပြီ။
တကယ်တော့် International Standard (IS) ၀င်ဖို့ဆိုတာလွယ်တဲ့အလုပ်မဟုတ်ပါဘူး။
Point of View အများကြီးကနေကြိုးစားကြရမှာပါ။စီးပွားရေး၊ပညာရေး၊နိုင်ငံရေး၊စစ်ရေး၊ကျန်းမာရေး
စသည်ဖြင့်ပေါ့ ။နိုင်ငံတစ်နိုင်ငံရဲ့အဆင့်အတန်းက ပညာရေးအပေါ်မှာ အများကြီးမူတည်ပါတယ်။
အခြေခံပညာမူလတန်းမှစပြီးတော့် စည်းကမ်းသေ၀ပ်သော၊စည်းကမ်းပြည့်ဝသော
ကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့အကြောင်း
ကျွန်တော်တို့ပြောတဲ့ကျွန်တော်တို့အကြောင်း
မအားတာရယ်၊အိုင်ဒီယာ မထွက်တာတွေကြောင့် ကျွန်တော်ပို့စ်မရေးဖြစ်တာ ကြာခဲ့ပါပြီ။ ကျွန်တော်အဓိက လေ့လာဖြစ်တာတွေက နည်းပညာအကြောင်းပဲရေးဖြစ်ဖတ်ဖြစ်ခဲ့တာပါ။ ဒီပို့စ်လေးကထူးထူးခြားခြားဖြစ်သွားအောင် ရေးလိုက်တာပါ။
          ဗိုလ်ချုပ်ပြောတဲ့စကားတစ်ခွန်းက “ကျွန်တော်တို့နေ့စဉ် သွားလာလှုပ်ရှား ပြုမူပြောဆိုလုပ်ဆောင် နေတာတိုင်းသည် နိုင်ငံရေးဖြစ်တယ်”တဲ့ အဲလိုပါပဲ နိုင်ငံသူနိုင်ငံသားပြည်သူလူထုရဲ့အပြုအမူ စိတ်ဓာတ်၊ လုပ်ရပ်တိုင်းသည် နိုင်ငံရေးပဲဖြစ်ပါတယ်။ လူငယ်တွေမှာ ခေတ်စားနေတဲ့ စကားတစ်ခွန်းရှိခဲ့ပါတယ်။ တစ်ခုခု မကြိုက်တာပြောတာတို့၊ ညစ်ညမ်းတွေပြောမိတာတို့ဆိုရင် “နိုင်ငံရေးတွေမပါကြေး ” ဆိုပြီးပြောတက်ပါတယ်
ကျွန်တော်ဖတ်မှတ်မိသမျှပြန်ပြောသည်
ကျွန်တော်ဖတ်မှတ်မိသမျှပြန်ပြောသည်
ခုတလော စာသိပ်မဖတ်ဖြစ်တော့ စာပေဟောပြောပွဲတွေပဲ နားထောင်ဖြစ်တယ်။ စာရေးဆရာက တော့ အစုံပဲ။
အဲဒါတွေထဲကမှ ကျွန်တော်မှတ်မိသမျှ ပြန်ပြောပြပါမယ်။
ဦးဘုန်း(ဓါတု) ရေးထားတာလားမသိဘူး။ After You ဆိုတဲ့ခေါင်းစဉ်နဲ့ပါ။ နိုင်ငံခြားမှာ အဲဒီစာကိုရေးတဲ့သူက မိမိကိုယ်မိမိပဲဦးစားပေးခဲ့ပါတယ်တဲ့။လေယာဉ်မယ်လေး ပြောတဲ့စကားတစ်လုံးက After You ဆိုတဲ့စကားလုံးလေးကိုပြန်စဉ်းစားတယ် မင်းပြီးမှဆိုပါလား အော်တော်တော်အတ္တကြီးတဲ့ငါပါလားဆိုပြီးနောင်တရမိတဲ့အကြောင်း ရှက်ရှက်နဲ့ပြန်ရေးထားတဲ့အကြောင်း ဖတ်ရပါတယ်။ အရင်ကတော့မိမိပြီးမှသာ တစ်ခြားသူ အလုပ်ကိုဦးစားပေးခဲ့ပါတယ်တဲ့သူပြောခဲ့ပါတယ်။သူသုံးခဲ့တဲ့နည်း (Law)က After Me နည်းပါပဲ။
Tuesday, March 13, 2012
မြခွာညိုရဲ့ လပြာသိုလ် အမေနေ့
ဆင်းရဲခြင်း ချမ်းသာခြင်းဆိုတဲ့
ဘဝနိယာမကို ရှေ့ရှုရင်းနဲ့
နောက်မပြန်တမ်း လျှောက်လှမ်းရင်း
ဝန်ထုပ်ဝန်ပိုးတွေ မနိုင်ဝန်ထမ်းလို့
ခရီးဆက်ခဲ့ မနက်နဲ့ည နေနဲ့လ
အကူပြုခဲ့ရတဲ့ လောကဇာတ်ခုံထဲ
အနှိုင်းမဲ့ ပုခတ်လွှဲသော လက်
အဝေးဆုံး တနေရာကို
ကျွန်တော်... ခရီးဆက်နေခိုက်
အတွေးတွေနဲ့ ကောင်းကင်မော့ကြည့်
မျှော်လင်ခြင်း နောက်..ခရီးတစ်ခုကို
ပျံသန်းရင်း စိတ်ကူးမိတယ်...
စိတ်ကူးယဉ်တိုင်း မျက်ရည်တွေနဲ့
လွင့်မျောရင်း တမ်းတမိတဲ့
ပုခတ်လွှဲသော လက်ကို
ပူဇော်ခြင်း ဂါရဝတွေ
ရင်မှာပိုက်လို့ သတိရမိတယ်...။
ချစ်ခင်ရသောမိန်းကလေးသို့
မိန်းကလေးတစ်ယောက်ကိုစွဲလမ်းခဲ့တဲ့ကိုယ်ဟာ မင်းကြောင့်မို့ရူးခဲ့ရပြီလား ချစ်သူရယ် ချစ်သူကြောင့်ကိုယ်ခံစားခဲ့သမျှ ချစ်သူအတွက်သာ ခံစားပေးချင်ပါတယ် ချစ်သူရယ် ချစ်သူအတွက်သာဆိုရင် ကိုယ်ဘာပဲဖြစ်ဖြစ် ပေးဆပ်ချင်ပါတယ်ချစ်သူမိန်းကလေးရယ် မင်းကြောင့်သာဆိုရင် ကိုယ်ဘာပဲဖြစ်ဖြစ်ပေးချင်ရင်ပေးနိုင်မယ်လို့ထင်ပါတယ်မိန်းကလေးရယ် မိန်းကလေးကြောင့်ည ကိုယ့်ရဲ့အသည်းလေး ကွဲကြေသွားမှာကို ကိုယ်မလိုလားဘူး မိန်းကလေး မိန်းကလေးကြောင့် ကိုယ့်ရဲ့ ဘ၀ အပျက်မခံနိုင်ဘူးမိန်းကလေးရယ် မိန်းကလေးအတွက် ကိုယ်ပေးချင်တဲ့ အရာတွေဟာ အများကြီးရှိပါတယ် မိန်းကလေး မိန်းကလေးကို ကိုယ်အရမ်းချစ်ခဲ့တယ် မိန်းကလေးရယ် မိန်းကလေးကြောင့် ကိုယ့်ကို ကြေကွဲမှုတွေမပေးပါနဲ့လား
ကိုယ့်ဆီမှာ မိန်းကလေးကို လက်ခံနိုင်မယ့် အချစ်တွေ ရှားပါးခဲ့ရပါတယ် မိန်းကလေး မင်း စဉ်းစားကြည့်စမ်းပါ မိန်းကလေးကြောင့် ကိုယ့်ရဲ့ ချစ်ခြင်း မေတ္တာတွေ မိန်းကလေးကြောင့် မြင်တွေ့ခွင့်ရသလို မိန်းကလေးကြောင့် အကုန်လုံး ပျောက်ဆုံးခဲ့တာလဲ ဖြစ်နေတယ်မိန်းကလေးရယ်
ကိုယ့်ကိုပြောခွင့်ပြုပါမိန်းကလေး မိန်းကလေးကို ကိုယ်အလွန်ချစ်ခင်ကြောင်းကိုပေါ့ မိန်းကလေးရယ်
2012 ခုနှစ် (နှစ်သစ်ကူး) ၁၂ရာသီခွင်ဟောကိန်းများ
နှစ်ဟောင်းကုန်လို့ နှစ်သစ်တစ်ခုတော့ ပြောင်းပြန်ပြီပေါ့။ Happy New Year !!! ဆိုတဲ့ ပျော်ရွှင်စွာ အော်ဟစ်ကြတဲ့ အသံတွေလည်း သောသောညံ ခဲ့ပါပြီ။ 2012 ခုနှစ်ကို လူတော်တော်များများက ကံမကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လိမ့်လို့ ပြောဆိုနေကြတဲ့ အသံတွေကတော့ နေရာတိုင်းလိုလိုမှာ ကြားနေ ရပါတယ်။ ဒီနှစ်ဟာ လူသားတွေရဲ့ စိတ်ထဲမှာ ဟုတ်မှဟုတ်ပါ့မလားဆိုတဲ့ စိုးရိမ်စိတ်တွေ များနေတဲ့ နှစ်လည်း ဖြစ်ပါတယ်။ (၂၀၁၂မှာ ကမ္ဘာပျက်လိမ့်မယ်ဆိုတဲ့ ကောလာဟလရဲ့ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပါတယ်) ဒါပေမယ့် ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ ပျော်ရွှင်စွာ ကြိုဆိုကြဖို့ကတော့ ကမ္ဘာသူကမ္ဘာသား တွေရဲ့ တာဝန်ဘဲ မဟုတ်လားဗျာ။
ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက် 2012 ခုနှစ်အတွက် (၁၂)ရာသီခွင် ဟောကိန်းများကို ရေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် မပြီးသေးပါဘူး။ ဒီတော့ ကျွန်တော် ဒီလိုလုပ်လိုက်တယ်။
မသိသူကျော်သွား သိသူဖော်စားနိုင်မယ့် နည်းတချို့
“မသိသူကျော်သွား၊ သိသူဖော်စား” ဆိုသလို ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ကာ တချို့အချက်တွေကို သတိထားမိပြီး လိုက်လုပ်ပါက နည်းနည်းလေးလုပ်ရုံနဲ့ အများကြီး အကျိုးရှိစေနိုင်ပါတယ်။ ဒါကြောင့် အလွယ်လေးနဲ့ ဖော်စားလို့ရမယ့် နည်းတချို့ကို ဖော်ပြလိုက်ပါတယ်။
ဒေါက်အမြဲစီးပါ
တရားထိုင်ခြင်းသည် ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေ
လော့စ်အိန်ဂျလိစ်၊ ဒိုက်ထိုးလေ့ကျင့်ခန်းသည် လူ့ခန္ဓာကိုယ် ကြွက်သားများအား တောင့်တင်းခိုင်မာစေသလို တရားထိုင်ခြင်းသည်လည်း ဦးနှောက်ကြွက်သားများကို တောင့်တင်းခိုင်မာစေပြီး ဦးနှောက်ကျုံ့ခြင်းကို တွန်းလှန်နိုင်ကြောင်း အမေရိကန် သုတေသီများက ပြောကြားသည်။ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ဦးနှောက်ဓာတ်မှန်ရိုက် ဓာတ်ခွဲခန်းဌာနမှ လက်ထောက် ဧည့်ပါမောက္ခအီလင်လူဒါစ်နှင့် အဖွဲ့သည် ဦးနှောက်အတွင်း ဖွဲ့စည်းတည်ဆောက်ထားပုံနှင့် ဆက်စပ်နေပုံကို ဦးနှောက်ဓာတ်မှန် ရိုက်နည်းအသစ်တစ်မျိုးဖြင့် ဓာတ်မှန်ရိုက်လေ့လာခဲ့ရာ
အစားလျှော့စားခြင်းဖြင့် မှတ်ဥာဏ် စွမ်းရည်ကို တိုးတက်စေနိုင်
အစားလျှော့စားခြင်းသည် မှတ်ဥာဏ် စွမ်းရည်ကို တိုးတက်စေကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အထူးသဖြင့် ညနေစာကို လျှော့စားပြီး ညနေစာနောက်ပိုင်း ကော်ဖီသောက်ကာ ဇိမ်ခံတတ်သော အကျင့်ကို ရှောင်ရှားပါက ဦးနှောက်စွမ်းဆောင်ရည်ကို တိုးပွားစေပြီး မှတ်ဥာဏ်ကို ကောင်းမွန်လာစေကြောင်း ပညာရှင်များက ပြောဆိုခဲ့သည်။
အီတလီ သုတေသန ပညာရှင်များသည် အဆာပြေရုံလောက်
အမျိုးသမီးများ တစ်နေ့လျင် ကော်ဖီ ၄ ခွက် သောက်ခြင်းက ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်
တစ်နေ့လျင် ကော်ဖီ(၄)ခွက်မျှ ပုံမှန်သောက်ခြင်းသည် အမျိုးသမီးများအတွက် ကျန်းမာရေးဆိုင်ရာ အထောက်အပံ့ကောင်း ဖြစ်စေကြောင်း သုတေသန စစ်တမ်းတစ်ခုက ဖော်ထုတ်တွေ့ရှိခဲ့သည်။ ကော်ဖီများများ နေ့စဉ်သောက်ခြင်းသည်
မိတ်ဆွေစစ် ဆိုသည်မှာ......
သစ်ပင်ပေါ်မှ ပြုတ်ကျလုဆဲဆဲ ပုတ်သင်ညိုလေး တစ်ကောင်ကို အခြားပုတ်သင်ညို တစ်ကောင်က အသည်းအသန် လက်ချင်းချိတ်တွဲ ကယ်ဆယ်နေပုံသည် အဟိတ် တိရစ္ဆာန်များကြား အပြန်အလှန် စောင့်ရှောက်မှုကို ထင်ဟပ် ပေါ်လွင်စေခဲ့သည်။
အဆိုပါ ဖြစ်တောင့်ဖြစ်ခဲ အနေအထားမျိုး ဓာတ်ပုံကို ယူကရိန်း ဓာတ်ပုံဆရာ အလက်ဆီ တိုင်မိုရှန်ကိုက ရိုက်ကူးနိုင်ခဲ့ခြင်းဖြစ်သည်။
"ဒါ ရှင့်ရဲ့ပထမဆုံးအကြိမ်နော်..." (by sealion)
တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ကို ကျင်းပကြ ပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီးပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကို မေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာ~ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ဒီလိုအိမ်ထောင်ရေးမျိုးကို  ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ?
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon(ဟန်းနီးမွန်း) နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်...
ဟာသ ပုံတိုပတ်စများ
ငြိမ်တော့ငြိမ်တယ်ဒါပေမဲ့.....
မိန်းကလေး သူငယ်ချင်းတစ်စု..ကမ်းခြေတစ်ခုကိုသွားကြတယ်.
နောက်တစ်ပတ်ကြာတော့....ယောက်ျားတစ်ယောက်က ကမ်းခြေကိုရောက်လာပြီး.
အဲဒီမိန်းမတွေ တည်းတဲ့ဟိုတယ်မှာပဲတည်းတယ်.
ဟိုတယ်က ၀န်ထမ်းကို ဓာတ်ပုံတစ်ပုံထုတ်ပြတယ်.
ဟိုတစ်ပတ်ကလာတည်းသွာတဲ့အမျီုးသမီးတွေပုံ.ခင်ဗျားသိလားဆိုတော့.
ဝန်ထမ်းက သိတယ်တဲ့.
သူတို့တော်တော်ပျော်ကြလားလို့မေးတော့.
ပျော်တာထက်...တော်တော်ကဲကြတယ်ကွာလို့ပြောတယ်.
ဒါနဲ့..အဲဒီထဲက မိန်းမတစ်ယောက်ပုံကို လက်ညှိုးထိုးပီး
ဒီမိန်းမကရော..တော်တော်ကဲသလားလို့မေးတော့
ဝန်ထမ်းက မကဲဘူး အဲဒီမိန်းမက အငြိမ်ဆုံးပဲတဲ့
ယောက်ျားက အရမ်းပျော်သွားပြီး...
အဲဒါ ကျွန်တော့်မိန်းမလေဆိုတော့..
ဟင်.ဒါဆို ဟိုတစ်ပတ်က ပါလာတဲ့ ယောက်ျားက သူ့ယောက်ျားမဟုတ်ဘူပေါ့တဲ့..............
အိမ်ထောင်ပြုခြင်းနဲ့ ပတ်သက်တဲ့ ဟာသလေးတွေ
ရယ်ဖို့သက်သက်ပါ။ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောတာမဟုတ်သလို
အိမ်ထောင်ပြုဖို့ ပြင်ဆင်ဆဲ၊ အိမ်ထောင်ပြုလတ္တံ့သော သူများကိုလည်း
Monday, March 12, 2012
ဘ၀ အမောပြေ ဆေးလေးများ
သည်းထိတ်ရင်ဖို
"မင်းရထားစီးရင်းနဲ့ သည်းထိတ်ရင်ဖို အဖြစ်မျိုး ကြုံဖူးလား"
"ကြုံဖူးပြီလားမောင်၊ တခါက မီးရထားစီးရင်း လိုဏ်ဂူထဲ ဖြတ်သွားတော့ မိန်းကလေး တစ်ယောက်ကို ငါ ဖက်နမ်းလိုက်တယ်။ လိုဏ်ဂူထဲက ထွက်လာတော့မှပဲ မိန်းကလေး အမေဖြစ်နေမှန်း သိတော့တာ။ အမလေး... တကယ့်ကို သည်းထိတ်ရင်ဖိုပါပဲ"
--------------------------------------------------------------------------
ဖအေတူသား
ကျောင်းမှာ စာတော်ပေမဲ့ စည်းမဲ့ကမ်းမဲ့ နေတတ်တဲ့ ကျောင်းသားကြောင့် ဆရာမက ဆုံးမဖို့ မိဘထံ စာ တစ်စောင် ပို့လိုက်ပါတယ်။ မကြာမီမှာပဲ ကျောင်းသား မိခင်ဆီမှ စာတစ်စောင် ရောက်လာပါတယ်။ "ဆရာမ ရှင့်... ကလေး ဖခင်သည်လည်း စည်းကမ်း မရှိပါသောကြောင့် ကျွန်မ မနည်း တာဝန် ယူနေရပါသည်။ သို့ဖြစ်သောကြောင့် သားကိုတော့ ဆရာမပဲ တာဝန်ယူ ပြုပြင်ပေးပါရန် ပန်ကြားအပ်ပါတယ်ရှင့်"
-----------------------------------------------------------------------------
Sunday, March 11, 2012
ဖြစ်တော့ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ငါမမှီတော့ဘူး
ဟာသ
နေရာ ... စိတ္တဇဆေးရုံ>
ဆေးရုံအုပ်.... "မနက်ဖြန်က အရေးကြီးတဲ့နေ့ တစ်နေ့နော်။ ဘာလို့လဲ သိလား?
  နိုင်ငံတော် အကြီးအကဲ လာစစ်ဆေးလိမ့်မယ်။ လာစစ်ဆေးပြီး ငါက "အဟမ်း" လို့
  ချောင်းဟန့်လိုက်ရင် မင်းတို့အားလုံး လက်ခုပ်တီးရမယ် ကြားလား..
  လက်ခုပ်တီးတဲ့လူကို အသားဟင်းကျွေးမယ်"
  နောက်တစ်နေ့ ....
  နိုင်ငံတော် အကြီးအကဲ လာရောက်စစ်ဆေးခဲ့သည်။
မိန့်ခွန်းပြောအပြီးတွင်
  ဆေးရုံအုပ်က ကြိုတင်မှာကြားထားသည့်အတိုင်း ချောင်းဟန့်လိုက်သည်နှင့်
  လူနာအားလုံး လက်ခုပ်တီးကြသည်။ ထိုအချိန်တွင် လူနာတစ်ယောက်က
  ရုတ်တရက်ရှေ့ထွက်ပြီး အကြီးအကဲကို ပါးတစ်ချက်ရိုက်လိုက်ပြီး
  ပြောလိုက်သည်မှာက "မင်းဘာလို့ လက်ခုပ်မတီးတာလဲ? အသားဟင်း
  မစားချင်ဘူးလားကွ" ဟူတည်း။
ဘောလုံးချစ်သူ(ဟာသ)
အခုစစချင်း မင်းရဲ့အလှတရားကို တို့က ကမ္ဘာဖလားနဲ့ တောင်မလဲနိုင်တဲ့အကြောင်း စပြောပါရစေနော်....
အချစ်ဆိုတာ ရီးရဲမက်ဒရစ်လို ပိုက်ဆံချမ်းသာတိုင်း ၀ယ်လို့မရနိုင်ဘူးဆိုတာ
မင်းအနည်းနဲ့အများတော့ နားလည်လိမ့်မယ်လို့ထင်ပါတယ်....... ....
မန်ယူလို အကြံတူတဲ့လူတွေရှိနေမှန်းလဲသိပါတယ်။
မင်းရဲ့အနားမှာ စည်းကြပ်ဒိုင်တွေရှိလို့ အနီးကပ်တောင်မထိုင်ရဲပါဘူးကွာ...
တို့ကို အဖြောင့်တည်ကြည်သဘောနဲ့ ထောင့်တည်ဘော တစ်လုံးလောက်မျှော်လင့်ခွင့်ပေးပါလား....
မင်းရဲ့အချစ်တွေက တို့အပေါ်မှာ ဘလက်ဘန်းလို အရမ်းလန်းနေတော့
တို့ရင်ထဲမှာ ဖူလ်ဟမ်လို လိုအပူကန်နေပါတယ်ချစ်သူရယ်....
မင်းကိုတို့က ဆီနီဂေါ လို တစ်ကယ် အပီပြောမယ်ကြံကာမှ
မင်းက ဘရာဇီးလို အထာကြီးနဲ့နေနေတဲ့အတွက် တို့မှာ အင်္ဂလန်လို ရင်ခံနေရပါတယ် ချစ်သူရယ်.....
တောက်တိုမယ်ရ ဟာသများ
မေမေ့တာဝန်ထားလိုက်
" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ " @hp
အမွေဆက်ခံမိလို့
" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp