Skip to main content

ဒီလိုတွေးတတ်ရတယ်

ဒီလိုတွေးတတ်ရတယ်

ပင်စင်စား အဘိုးအိုတစ်ယောက်ဟာ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုကို ပြောင်းရွေ့လာတယ်။ ပထမရက်တွေမှာတော့ သူ့အတွက် အဆင်ပြေပါတယ်။ ကျောင်းဖွင့်ရက်ရောက်လာတဲ့အခါ ကလေး ၃ယောက်ဟာ သူ့အိမ်ရှေ့လမ်းပေါ်ကနေ ကျောင်းသွား၊ကျောင်းပြန်အချိန်တိုင်း သံဗုံးတွေတီးပြီး ဆူညံနေတော့ သူ့အတွက် စိတ်အနှောင့်အယှက်ဖြစ်လာတယ်။ အဲဒါနဲ့ သူတစ်ခုခုလုပ်မှဖြစ်မယ်ဆိုတာ အဘိုးအို သဘောပေါက်လိုက်တယ်။ နောက်တစ်နေ့ရောက်တော့ အဘိုးအိုက – ဟေ့ ကလေးတို့ လာပါအုံး၊ မင်းတို့ကိုကြည့်ရတာ အရမ်းပျော်ဖို့ကောင်းတာပဲ၊ နောက်နေ့ အဘိုးအိမ်နားမှာ နေ့တိုင်း သံပုံး လာတီးကွာ မင်းတို့ကို တစ်နေ့ကို မုန့်ဖိုး ၅၀၀ကျပ်ပေးမယ်ဟေ့။
ကလေး ၃ယောက်- ကောင်းပါပြီ အဘိုး ကတိတည်ပါစေ။
အဲ့လိုနဲ့ အဘိုးအိုနဲ့ ကလေးတွေ တစ်နေ့ ၅၀၀ကျပ်နဲ့ နေ့တိုင်းသံပုံးလာတီးဖို့ အပေးအယူဖြစ်သွားတယ်။ နောက်ရက် အနည်းငယ်ကြာတော့ အဘိုးအိုက ကလေး၃ယောက်ကို ခေါ်ပြီး…
အဘိုးအို-ကလေးတို့ရေ အခု စီးပွားရေးပြဿနာဆိုက်နေတော့ အဘိုးတို့ အခွန်တွေပိုပေးရတယ်။ အဘိုးပင်စင်လစာ အရင်လောက် မရတော့ဘူးကွ၊ အဲ့တော့ မင်းတို့ကို တစ်နေ့ ၂၅၀ပဲပေးနိုင်မယ်ကွာ။ မင်းတို့လက်ခံနိုင်ရဲ့ လား။
ကလေး၃ယောက်ဟာ သိပ်တော့ ကျေနပ်လှတယ်မဟုတ်ပေမဲ့ ဘာပဲအတွန့်မတက်ပဲ လက်ခံလိုက်ကြတယ်။
နောက်ရက်အနည်းငယ်ကြာတော့ အဘိုးအိုက ကလေးတွေကို ထပ်ခေါ်ပြန်တယ်။
အဘိုးအို-ကလေးတို့ရေ အဘိုးဒီလ အသုံးစရိတ်များသွားလို့ မင်းတို့ကို တစ်ရက် ၁၀၀ပဲပေးနိုင်မယ်ဟေ့၊ မင်းတို့ သဘောတူလားကွ။
ကလေး၃ယောက်- ဘာဗျ ဒီငွေလေး ၁၀၀နဲ့ ကျုပ်တို့က အချိန်ကုန်ခံပြီး နေ့တိုင်းသံပုံးလာတီးနေရမှာလား။ အဘိုး ရူးနေလား၊ လုံးဝ သဘောမတူဘူး၊ ဒီနေ့ကစပြီး လုံးဝလာမတီးပေးနိုင်ဘူး၊ ဒါပဲ…။
ဟာသအဖြစ်တင်ထားပေမဲ့ သင်ခန်းစာယူစရာလေးပါ။ ကိုယ်လိုချင်တဲ့အရာကို တိုက်ရိုက်ပြောရင် တစ်ခြားသူလက်မခံနိုင်ဘူးထင်တဲ့အခါ တစ်ခြားနည်းလမ်းနဲ့ ရအောင်လုပ်ယူနိုင်တယ်တယ်ဆို သတိရနိုင်ပါစေ၊

Comments

  1. ပညာပေးဟာသလေဖတ်သွားပါတယ်

    ReplyDelete
  2. လင့်လေးယူသွားပါတယ်နော်

    ReplyDelete
  3. ဒါ တကယ်ဖြစ်တတ်တဲ့ သဘောသဘာဝ။ တကယ်ကို သဘောကျမိတယ်။

    ReplyDelete

Post a Comment

Leave a Message for me

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...