Skip to main content

မိတ်ဆွေဖြစ်ချင်လားရန်သူဖြစ်ချင်လား

မိတ်ဆွေဖြစ်ချင်လားရန်သူဖြစ်ချင်လား

ffff

တခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးချင်းများဖြစ်ကြသည်။ လယ်သမားမှာ ဘဲများကိုမွေးမြူထားပြီး မုဆိုးတွင်အမဲလိုက်ခွေးများမွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ခြံထဲသို့ကျူးကျော်ဝင်ရောက်ပြီး ဘဲများကိုကိုက်ဖြတ်စားသောက်သည်။ လယ်သမားကမုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မုဆိုးမှာခွေးများကို သေချာထိန်းထားခြင်းမရှိခဲ့ပေ။ နောက်ဆုံးလယ်သမားမှာ သည်းမခံနိုင်သည့်အဆုံး ရွာသူကြီးအား ခွေးများကိုအရေးယူပေးပါရန် သွားရောက်တောင်းဆိုခဲ့သည်။ လယ်သမား၏တိုင်တန်းချက်ကို နားထောင်ပြီးနောက် ဥာဏ်ပညာရှိသော သူကြီးက. .
"အဲဒီမုဆိုးကို ကျွန်တော်အရေးယူပေးလို့ရတယ်။ ခွေးတွေကိုလည်းလှောင်ထားဖို့ အမိန့်ပေးလို့လည်းရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာမိတ်ဆွေကောင်း၊ အိမ်နီးချင်း ကောင်းတစ်ယောက် လျော့သွားနိုင်ပြီး ရန်သူတစ်ယောက် တိုးလာနိုင်တယ်။ ရန်သူတစ်ယောက်နဲ့အိမ်နီးချင်းလုပ်ချင်သလား.. မိတ်ဆွေတစ်ယောက်နဲ့ အိမ်နီးချင်း လုပ်ချင်သလား"

"မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းလုပ်ချင်တာပေါ့"
"ကောင်းပြီလေ….ဒီိလိုဆို ကျွန်တော့် အကြံဥာဏ်ကို ခင်ဗျား လိုက်နာရမယ်။ ခင်ဗျားရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း တစ်ဦးတိုးလာပါလိမ့်မယ်"

သို့နှင့် လယ်သမားမှာ သူကြီး၏ပြောစကားအတိုင်း အိမ်သို့ရောက်သော် အလှဆုံးဘဲသုံးကောင်ကိုရွေးပြီး မုဆိုး၏သားသုံးယောက်အား လက်ဆောင်အဖြင့်ပေးလိုက်သည်။ လက်ဆောင်ဘဲများနှင့် နေ့တိုင်းပျော်ရွှင်စွာ ဆော့ကစားနေသောသားများကိုတွေ့သော် မုဆိုးမှာလည်း ၀မ်းသာကြည်နူးမိသည်။ ထိုအခါမှမုဆိုးလည်း သားတို့၏ ဘဲများကို ကိုက်ဖြတ်မည် စိုးသောကြောင့် ခွေးများကိုသေချာလှောင်ထားတော့သည်။ လယ်သမားအားလည်း ကျေးဇူးတင်ပြီး အမဲလိုက်ရမှရလာသောအသားများကိုလည်း ဝေငှာတတ်လာသည်။ လယ်သမားလဲ ခြံထွက်အသီးအနှံများဘဲဥများကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည်။ ချစ်ခင်မှုများ အပြန်အလှန်ဖလှယ်ကြရင်း နှစ်ဦးစလုံးမှာ အိမ်နီးချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။

မိတ်ဆွေကောင်း သူငယ်ချင်းကောင်းများလိုချင်ရင် ကိုယ်လိုချင်တာကိုပဲဦးစားမပေးပါနဲ့။ ကိုယ်ချင်းစာစိတ်ထားပြီး သူ့အတွက်လည်းထည့်စဉ်းစားပေးပါ။

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ