Saturday, May 5, 2012

ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ်


အတုမရှိ မြတ်စွာဘုရား ဖွားတော်မူခန်း
အတုမရှိ မြတ်စွာဘုရား ၀ိပသနာ ရှုမှတ်နေစဉ်။
 ကြည်ညိုထိုက်စွာ ဒို့မြတ်စွာ
 ကဆုန်ညောင်ရေသွန်းပွဲမြင်ကွင်းလေးတစ်ခု
 အတုမရှိ မြတ်စွာဘုရား ၀ိပသနာ ရှုမှတ်နေစဉ်။
 မြတ်စွာဘုရားအား သမာဓိပျက်ပြားစေရန် ဖြားယောင်းသွေးဆောင်နေကြပုံ။


 ဆီမီးထိန်ဝါ ထွန်းလို့သာ ကမ္ဘာတည်မဲ့ သာသနာ။
မြတ်စွာဘုရား ပရိနိဗ္ဗန်ပြု၍ ရဟန်းတော်များ ငိုကြွေး ပူဆွေးနေကြပုံ။(ပုထုဇဉ်ရဟန်းများသာ ငိုကြွေးပူဆွေးသည်ဟု မှတ်သားသိရှိရပါသည်။
အဲဒီနေ့က ဘုရားဖြစ်ခဲ့တဲ့ နေ့လဲဖြစ်သလို  မြတ်စွာဘုရား ပရိနိဗ္ဗန်ပြုတဲ့နေ့လဲဖြစ်ပါတယ်။ ဒါကြောင့် ကဆုန်လပြည့်  ဗုဒ္ဓနေ့ လို့ခေါ်ခြင်းဖြစ်ပါတယ်။

မြတ်စွာဘုရားနောက်ဆုံးမှာကြားခဲ့တဲ့ စကားလေးကို ဗုဒ္ဓဘာသာဝင်တိုင်း သိစေချင်လို့ မြန်မာလိုအလွယ်သိစေအောင်ရေးပေးလိုက်ပါတယ်။ 
သင်္ခါရတရား  ပျက်တက်တယ် အဲဒါမမေ့နဲ့ 
လို့ မြတ်စွာဘုရားက ပရိနိဗ္ဗန်မပြု ခင်မှာ မှာကြားသွားခဲ့ပါတယ် ။ ဘယ်အရာမှ မမြဲဘူး မမြဲခြင်းတရားကိုသိထားရင် ဘာမှငိုကြွေးနေ၊ပူဆွေးနေစရာမလိုဘူး ဆိုတာ မမေ့သောသတိတရားနဲ့ နှလုံးသွင်းရှုမှတ်ကြ လို့ ဘုရားရှင်က နောက်ဆုံးဟောကြားတော်မူခဲ့ပါတယ်။ ဒါတွေက တရားစခန်းဝင်မှသိလာခဲ့ရတဲ့ အသိတရားတွေ ပါ။
အားလုံးကိုလေးစားပါတယ်
 ကြိုးစားပါအုန်းမည်။

1 comment:

  1. 'ကဆုလပြည့်ဗုဒ္ဓနေ့' အကြောင်း ဓာတ်ပုံလေးတွေနဲ့အတူ
    မမြဲခြင်းတရားကို သတိကပ်သွားတယ်ကိုနော်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။