Skip to main content

ထင်းခုတ်သမားနှစ်ဦး

ထင်းခုတ်သမားနှစ်ဦး
တစ်ခါက ထင်းခုတ်သမားလူငယ်တစ်ဦး တောင်တက်ပြီး ထင်းခုတ်လေသည်။ မကြာမီထင်းခုတ်သမား အဘိုးအိုတစ်ဦးလည်း ရောက်လာခဲ့သည်။ ထင်းများကို ခုတ်ကြရင်းညနေစောင်းချိန်တွင် အဘိုးအို၏ ထင်းမှာ လူငယ်ထက် ပိုများနေခဲ့သည်။ အဘိုးအိုမှာ နောက်ကျမှ ရောက်လာပြီး သူ့ထက် ထင်းပိုများနေသည်ကိုသတိပြုမိသောလူငယ်က နောက်ရက်တွင် စောစောထပြီးထင်းခုတ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။
နောက်တစ်နေ့တွင် လူငယ်မှာ အဘိုးအိုထက်စောပြီး ထင်းခုတ်ရန်ထွက်ခဲ့သည်။ စိတ်ထဲတွင် အဘိုးအိုထက်ထင်းပိုရမည်ဟု တွေးနေမိသည်။ သို့သော် အလုပ်သိမ်းချိန်တွင် အဘိုးအို၏ထင်းမှာ သူ့ထက်ပိုများနေသည်ကိုတွေ့ပြန်သည်။ သို့နှင့် လေး၊ ငါးရက်ဆက်တိုက် တောင်ပေါ်သို့ ရောက်နှင့်နေပြီး မိုးချုပ်နေ၀င်မှ အိမ်ပြန်ခဲ့သော်လည်း သူ၏ထင်းမှာအဘိုးအိုထက် နည်းနေခဲ့သည်။ ခြောက်ရက်မြောက်နေ့တွင် သူသည် မအောင့်နိုင်သည့်အဆုံး အဘိုးအိုအားမေးမြန်းခဲ့သည်။  ” အဘိုး…. ကျွန်တော်က အဘိုးထက် အားသန်တယ်… အဘိုးထက်စောပြီး တောင်ပေါ်ရောက်အောင် လာခဲ့တယ်.. နောက်ကျမှ အိမ်ပြန်တယ်။ ဒါပေမယ့် ကျွန်တော်ခုတ်ရတဲ့ ထင်းက အဘိုးထက်နည်းနေခဲ့တယ်… ဘာကြောင့်လဲ”
“ဒီိလို လူလေး… အဘိုးက ထင်းခုတ်ပြီး အိမ်ပြန်ရောက်တိုင်း အဘိုးရဲ့ ပုဆိန်ကိုသွေးတယ်။ လူလေးက မသွေးခဲ့ဘူး။ အဘိုးအသက်ကြီးပြီ နောက်ကျမှ တောင်ပေါ်ရောက်သလို လူလေးထက် စောပြီးအလုပ်သိမ်းခဲ့တယ်။ ဒါပေမယ့် အဘိုးရဲ့ ပုဆိန်က လူလေးပုဆိန်ထက် ထက်တယ်။ အဘိုး လေး ငါးချက်ခုတ်လို့ပြတ်တဲ့ သစ်ပင်ကို လူလေးက ဆယ်ချက်လောက်ခုတ်ရတယ်… ဒါကြောင့် လူလေးရဲ့ထင်းတွေ နည်းနေတာပါ”
အလုပ်ထဲက လူတွေကို ဟောပြောပွဲ သွားနားထောင်ဖို့၊ အချိန်ပို သင်တန်းတွေတက်ဖို့ ကျွန်တော် အမြဲ တိုက်တွန်းတတ်တယ်။ တစ်ချို့လူတွေက
“အလုပ်ပင်ပန်းရတဲ့ ကြားထဲ သင်တန်းတွေ ဟောပြောပွဲတွေ တက်ဖို့အချိန်မရှိဘူး” လို့ ညည်းကြရင်း ဒီပုံပြင်နဲ့ ခိုင်းနိုင်းပြီးသူတို့ကို ကျွန်တော် ပြောတတ်တယ်။ “ထင်းပဲခုတ်နေပြီး ပုဆိန်သွေးဖို့မေ့နေကြရင် အလုပ်အပြည့် လုပ်ပြီး ရလဒ်တစ်ဝက်ပဲ ခံစားရမယ်ဆိုတာကို တစ်ချိန်ချိန်ကျရင် သိလာလိမ့်မယ်”
လူ့ဘ၀လမ်းတစ်လျောက်မှာ ရှင်သန်ကြီးပြင်းဖို့ ကြိုးစားနေသလို တစ်ဖက်ကလည်းကိုယ့်ကို ဗဟုသုတတွေနဲ့ ပေါများနေသင့်တယ်။ အရင်ခေတ်တုန်းကတော့ထင်းခုတ်ပြီး အသက်မွေးဝမ်းလို့ ရပေမယ့် ပြောင်းလဲနေတဲ့ဒီခေတ်မှာ ထင်းပဲခုတ်နေလို့ မလုံလောက်တော့ဘူး။ တစ်ဖက်က ထင်းခုတ်ရင်း တစ်ဖက်ကလဲ ပုဆိန်ကို သွေးနေသင့်တယ်။ နို့မဟုတ်ရင် ခေတ်က ကိုယ့်ကို ပယ်ထုတ်သွားနိုင်တယ်။
မနိုင်းနိုင်းစနေ ရေးသားတဲ့ဝထ္ထုတစ်ပုဒ်ဖြစ်ပါတယ်။

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

ဆိုကရေးတီး၏စကားတစ်ခွန်း

ဆိုကရေးတီး၏စကားတစ်ခွန်း ............................ တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာ ပျာသလဲပြောသည်။ ဆိုကရေးတီးက “ ခဏနေဦး....အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။ ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်...ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား” “မှန်မမှန် ကျွန်တော်လဲ မသိဘူး....လူတွေပြောတာ ကြားလိုက်လို့” “မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်.... ငါ့ကိုပြောမယ့် သတင်းက အကောင်းလား” “မဟုတ်ဘူး” “ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်... ငါ့ကို အရမ်းပြောပြချင်နေတဲ့ သတင်းက အရေးကြီးတဲ့ သတင်း လား” “ မကြီးပါဘူး” “အရေးမကြီးတဲ့ သတင်း နောက်ပြီး အကောင်းပြောမယ့် သတင်းလဲ မဟုတ်ပြန်ဘူး... သတင်းမှန် ဟုတ်လား မဟုတ်ဘူးလားဆိုတာလဲ မသိဘဲနဲ့ ဘာလို့ ပြောပြချင်ရတာလဲ... ပြောပြန်ရင်လဲ စိတ်အနှောင့်အယှက်ဖြစ် တာပဲ အဖတ်တင်မယ်။ မဟုတ်မမှန်ပြောတတ်တဲ့ လူေ...