Skip to main content

စစ်မှန်သော ချမ်းသာခြင်းနှင့်ဆင်းရဲခြင်း

တစ်ခါက သူဌေးကြီးတစ်ဦး ရှိလေသည်။ တစ်နေ့တွင် သူသည် သားကိုခေါ်ပြီးရွာတစ်ရွာသို့ အလည်အပတ် သွားကြသည်။ အလည်အပတ် သွားရ ခြင်း၏ ရည်ရွယ်ချက်မှာ “ဆင်းရဲခြင်း” ဆိုသည်ကို သားအား သိစေချင်သောကြောင့်၊ ဆင်းရဲသားများ၏ဘ၀ကို ပြသချင်သောကြောင့်ဖြစ်သည်။ သူတို့သည် လယ်သမား မိသားစု၏ နေအိမ်တွင်နှစ်ရက်ကြာ တည်းခိုခဲ့ကြသည်။ လယ်သမား၏ ကလေးများသည် အိမ်မွေးတိရစ္ဆာန်များအား ထိန်းကျောင်းရသည်။ လယ်ထဲတွင် ကူညီမည့် ခွေးများအား လေ့ကျင့်ပေးရသည်။ ညနေ အလုပ်နားချိန်တွင် အိမ်ဘေးရှိချောင်း၌ ရေချိုးကြသည်။ ငွေကြေး ချွေတာသောအနေဖြင့် ညအခါ လရောက်အောက်တွင် အိမ်ရှေ့မျက်နှာစာရှိ ဥယျာဉ်၌ မိသားစုများဝိုင်းဖွဲ့ပြီး စကားစမြည် ပြောကြသည်။ ရွာမှ ပြန်လာပြီးနောက် သူဌေးက
“သား… ဒီတခေါက်ခရီးထွက်တာ ဘယ်လိုနေလဲ” ဟုမေးလေသည်။
“ကောင်းပါတယ် ဖေဖေ”
“ဆင်းရဲသားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ပြီမဟုတ်လား”
“မြင်ပါတယ်” ခေါင်းငြိမ့်ပြီး သားကပြန်ဖြေသည်။
“ဘာတွေမြင်ခဲ့လဲ ဖေဖေ့ကို ပြောပါဦး”
“သားတို့ အိမ်က သူတို့ထက် ပိုဆင်းရဲတယ် ဆိုတာကို သားမြင်လိုက်တယ် ဖေဖေ…သားတို့မှာ အိမ်မွေးခွေး တစ်ကောင်ပဲရှိတယ်။ သူတို့မှာ ခွေး(၄)ကောင်ရှိတယ်။ အဲဒီခွေးတွေဟာ ကလေးတွေရဲ့ အမိန့်ကိုတောင် နာခံကြတယ်။စကားလဲ နားထောင်တယ်။”
“နောက်ပြီး သားတို့ခြံမှာ ရေကူးကန် တစ်ကန်ပဲရှိတယ်။ သူတို့မှာအဆုံးမရှိတဲ့ ချောင်းတစ်ချောင်းလုံးရှိတယ်။ သူငယ်ချင်းတွေနဲ့ တစ်နေ့ကုန် ရေကစားနေလို့ရတယ်။ ဒီရေကူးကန်မှာကျတော့ သားတစ်ယောက်ပဲရှိတယ်” သားကဆက်ပြောသည်။
“နောက် သားတို့ ခြံအ၀င်ဝမှာပဲ လမ်းမီးတွေရှိတယ်။ သူတို့မှာကောင်ကင်းတစ်ပြင်လုံး မရေမတွက်နိုင်တဲ့ ကြယ်ကလေးတွေ ရှိတယ်။ ညရောက်ရင်
မိသားစုတွေ ၀ိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး စကားတွေပြောကြတယ်။ ဒါပေမဲ့ဒီအိမ်မှာ သားနဲ့ စကားပြောမဲ့သူ မရှိဘူး။ သားတို့အိမ်ရဲ့ အကျယ်အ၀န်းဟာ
ဟိုနံရံအထိပဲ ရှိတယ်။ သူတို့မှာ တစ်မျှော်တစ်ခေါ်ကျယ်တဲ့ ခြံဝန်းရှိတယ်။”သား၏ စကားအဆုံးတွင် သူဌေးကြီးမှာ နုတ်ဆိတ်လျှက် ရှိနေသည်။ အကြင်နာမေတ္တာတွေရှိမယ်၊ သူငယ်ချင်း ရှိမယ်၊ မိသားစုရှိမယ်။ကျန်းမာခြင်းရှိမယ်။ ဟာသဥာဏ်ရွှင်မယ်။ ဘာမဆို အကောင်းမြင်တတ်အောင်
ကြိုးစားမယ်ဆိုရင် ဘ၀မှာ သင်ဟာ အချမ်းသာဆုံးပါ။

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ           ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။           သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။