Skip to main content

မတီးမမြည်

မပြောမပြီး မတီးမမြည် ဆိုသလိုပါပဲ ပြောပါရစေအုန်း.... .။ အကို တစ်ယောက်က မင်းရေးတာတွေက တက်ကျမ်းတွေရေးတာနဲ့တူတယ်တဲ့ အဲလိုရေးပုံကြိး ပြောင်းစမ်းပါတဲ့ ။ ကျွန်တော့ရေးဟန်ကို ပြောင်းလို့မရသေးဘူးဆိုတာ ၀န်ခံပါရစေ။ အခုပြောနေတာက လူတွေကို မိမိအချိန်ကိုလေးစားကြဖို့။ အကျိုးရှိရှိအသုံးချကြဖို့။ အင်တာနက်သုံးနေရင်လဲ ဂိမ်းကစားရင်း အချိန်ဖြုန်းတာ၊
ချက်တင်း(chatting) နဲ့ အချိန်မကုန်စေချင်ပါဘူး။

ဒါတွေက မြန်မာနိုင်ငံမှာအတွေ့များနေလို့ ပြန်ထောက်ပြခြင်းဖြစ်ပါသည်။မိမိရဲ့ ပိုက်ဆံနှင့်ရင်းရသော အချိန်များ အင်တာနက်ကို အကျိုးရှိရှိ အသုံးချကြပါလို့ တိုက်တွန်းပါရစေ။အင်တာနက်က သုံးတက်ရင် ဗဟုသုတ ဘဏ်ကြီးပါ ။ လေ့လာစရာတွေ တစ်နေကုန်ထိုင်လေ့လာနေရင်တောင် မပြိးပါဘူး။ဒါကြောင့် အချိန်ကိုလေးစားမှုကနေ ဘ၀ဆိုတဲ့ လူနေမှုကိုလာအကျိုးပေးပါတယ်။ဒါကြောင့် မိမိဘ၀ကို လေးစားတန်ဖိုးထားရင် အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။ မိမိဘ၀ကို မိမိ တန်ဖိုးထားကြပါလို့ သတိပေးပါရစေ။ တန်ဖိုးထားတယ်ဆိုရာမှာ မိန်းကလေးတွေကို ပိုပြီး အလေးအနက်သတိပေးလိုပါတယ်။
အပျော်သဘောမျိုး အတွဲခံရတက်တဲ့အတွက် သတိထားပြီး ရွှေးကြဖို့ သတိပေးလိုပါတယ်။

မိမိကိုယ်ကိုပြန်စဉ်းစားကြည့်ပါ မိန်းမတွေဆိုတာ ကမ္ဘာကိုကိုင်လှုပ်နိုင်တဲ့ ပုခက်လွဲတဲ့ လက်ပိုင်ရှင်များဖြစ်ပါတယ်။ သူတို့ ကိုယ့်ကိုကိုယ်တန်ဖိုးမထားရင် ကမ္ဘာကြီး ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာ စဉ်းစားကြည့်ကြပါ ။ဘယ် လူသားမဆို မိဘ က လက်ဦးဆရာအဖြစ် မွေးထုတ်ပေးလိုက်တာပါ။ လက်ဦးဆရာသည် အကျင့်စာရိတ္တကောင်းမှသာ နိင်ငံကြီး ရဲ့ အဆင့်အတန်း နိုင်ငံရဲ့ အရည်အသွေး  စတာတွေက တိုးတက်သည်ထက်တိုးတက်လာမှာဖြစ်ပါတယ်။
ဒါကြောင့်နောက်ဆုံးမှာချင်တာက ဘယ်လူသားမဆို မိမိဘ၀ ကိုမိမိ လေးစားပြီး တန်ဖိုးထားတက်ကြပါစေလို့ ဆုတောင်းရင်း နားခွင့်ပြုပါ။

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ           ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။           သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။