Skip to main content

စကားတစ်ခွန်း ဘဝတစ်ခု

စကားတစ်ခွန်း ဘဝတစ်ခု

baby-balloons1

baby-balloons1

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကိုရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းကကြိုးသေး လေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်းလွတ်သွားခဲ့တယ်။ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကို ထက်မြက်တဲ့မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့ "သားရေ..ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့ ခေါ်သွားပြီ.. သားလက်ပြ နှုတ်ဆိတ်လိုက်လေ" လို့ ပြောလိုက်တယ်။ ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂမေ့သွားခဲ့ပြီး အမြင့်ပေါ်ပျံတက်သွားတဲ့ပူစီဖောင်းကို လက်ပြနှုတ်ဆက် နေခဲ့တယ်။ ပါးစပ်မှာလည်း"တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ် ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေသမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျွန်တော့်မျက်စိကနေတစ်ဆင့် ရင်ထဲကိုစူးစူးနစ်နစ်ထိုးဝင်ခံစားစေခဲ့ပါတယ်။ မိခင်က အခက်အခဲကိုကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက် မသိမသာပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲအရောက်ပို့ပေးခဲ့တယ်။ တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲ ကိစ္စတွေလည်း ဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက်ပိုရောက်ပြီး ပြဿနာကိုကြီးထွားစေနိုင်ပါတယ်။ အကယ်၍ ပူစီဖောင်းပျံတက်သွားတဲ့ တခဏမှာ မိခင်က " မငိုနဲ့ သား.. မငိုနဲ့မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ပြောခဲ့ရင် သားရဲ့စိတ်ထဲမှာ "ကိုယ်အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊ အလျှော်ပေးမယ်" ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။ဒီလိုအတွေးမှားကအကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။
အကယ်၍ မိခင်က " အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?ပူဖောင်းတစ်လုံးကိုတောင် မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင် ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ ဒါလေးတောင် ငါမလုပ်နိုင်ဘူးဆိုတဲ့သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။အကယ်၍ မိခင်က "ဟင်း…. ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို မေမေနောက်တစ်လုံး ဝယ်ပေးလို့မရတော့ဘူး" လို့ သက်ပြင်းချငြီးငြူခဲ့ရင်နောင်တစ်ချိန်မှာ အခက်အခဲနဲ့ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်း စိတ်ပျက်ငြီးငြူ၊လက်လျော့မှုတွေ များလာတတ်ပါတယ်။ အပေါ်ကမိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေးငယ်ရဲ့ဝမ်းနည်းနေတဲ့အာရုံကို အဝေးသို့ လွင့်စင်သွားနိုင်အောင် ဆွဲဆောင်နိုင်ခဲ့သလိုကလေးငယ်ရဲ့ တွေးတောလိုစိတ်ကို တံခါးဖွင့်ပေးလိုက်နိုင်ခဲ့ပါတယ်။ အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့မိခင်စကားကို နားထောင်တဲ့ကလေးတစ်ဦးအဖြင့် ကလေးငယ်ကိုလှပတဲ့အတွေးဝင်စေခဲ့ပါတယ်။ အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာ အကျိုးရှိတဲ့အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။

Johnson, Gillian_Baby and Balloon

Johnson, Gillian_Baby and Balloon

Forward မေလ်းများမှ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။ မူရင်းရေးသားသူ အမည်ကိုမဖော်ပြနိုင်ခြင်းအတွက် မူရင်းစာရေးသူအား ဤနေရာမှ ခွင့်တောင်းလိုက်ပါသည်။

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...