Skip to main content

ငွေကြေးနှင့်အမေ့မေတ္တာ

ငွေကြေးနှင့်အမေ့မေတ္တာ



တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေညနေစာ ပြင်နေတုန်းမှာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ် ။ ပြီးတော့ သူရေးထားတဲ့ စာရွက်အပိုင်းအစလေးကို သူ့အမေလက်ထဲပေးလိုက်တယ် ။ သူ့မိခင်က ရင်ဘတ်ရှေ့ ဖုံးကို ချွတ်လိုက်ပြီး လက်ဆေးလိုက်တယ် ။ ပြီးတော့ကောင်လေးလက်ထဲကစာရွက်လေးကို ဖတ်လိုက်တယ် ။ စာထဲမှာရေးထားတာက

မြတ်ရိတ်ခ - ၅ ဒေါ်လာ
တစ်ပတ်အတွင်း အိမ်သန့်ရှင်းခ - ၁ ဒေါ်လာ
အမေ့အတွက် စတိုးဆိုင်သွားပေးခ - ၁ ဒေါ်လာ
အမေဈေးဝယ်ထွက်နေချိန် ညီလေးအားထိမ်းပေးခ - ၂ ဒေါ်လာ
အမှိုက်သိမ်းခ- ၂ ဒေါ်လာ
ကျောင်းတွင် အမှတ်တက်လာအောင် ကြိုးစားခ - ၅ ဒေါ်လာ
ခြံဝင်းအတွင်းအပြင်သန့်ရှင်းခ - ၂ ဒေါ်လာ

မိခင်က ကောင်လေးကို မတ်တပ်ရပ်နေရာကနေပြီးလှမ်းကြည့်တယ် ။ ပြီးတော့ ဘောပင်ယူလိုက်ပြီး စာရွက်နောက်ကျောမှာ ပြန်ရေးပေးခဲ့တယ် ။ ပြီးတော့ကောင်လေးကို ပေးဖတ်တယ် ။ စာထဲမှာရေးထားတာက

ကိုးလလုံးလုံး ၀မ်းဗိုက်ထဲ နေပြီး စောင့်ရှောက်ခ - ၀ ဒေါ်လာ
ညတိုင်းလိုလို အတူအိပ်ပြီး စောင့်ရှောက် ဆုတောင်းခ - ၀ ဒေါ်လာ
နှစ်ပေါင်းများစွာ အမေကို ဂျီကျ စိတ်ညစ်မျက်ရည်ကျအောင်လုပ်ခ - ၀ ဒေါ်လာ
သားအတွက် နေ့စဉ် ညစဉ် စိုးရိမ်ပူပန်နေခ - ၀ ဒေါ်လာ
အရုပ်များ ၊ အစားအစာများ ၊ အ၀တ်အစားများ ၀ယ်ပေးခ - ၀ ဒေါ်လာ
အမေ သားအပေါ်ထား သည့် အချစ် များအတွက် - ၀ ဒေါ်လာ

ကောင်းလေက မိခင်ရေးထားတဲ့စာရွက်ကို ဖတ်ပြီးတဲ့အခါ ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာခဲ့တယ် ။ ပြီးတော့ သူ့ မိခင်ဆီလျှောက်သွားပြီးပြောတယ် " အမေ- - အမေ့ကို သား အရမ်းချစ်တယ် " ပြီးတော့ ဘော ပင်ကိုကောက်ယူလိုက်ပြီး သူရေးခဲ့တဲ့စာအောက်မှာ စာတစ်ကြောင်းထပ်ရေးလိုက်တယ် ။

" ငွေပေးချေပြီး "

@@@@@@@@@@@@@@@@@@@@@@@@@@@@@@

သင် မိဘ မဖြစ်သေးသရွေ့ မိဘတွေရဲ့ သားသမီးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတရားကို အလုံးစုံ အပြည့်အ၀ နားမ လည်နိုင်ပါဘူး ။ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့မရသလို ဘယ်အလို အရာနဲ့မှ နှိုင်းယှဉ်လို့မရနိုင်တာဟာ မိခင်မေတ္တာပါပဲ ။

ငွေကြေးဆိုတာကလည်း ပျော်ရွှင်မှုကို တိုင်းတာတဲ့နေရာမှာ အညံ့ဆုံးနည်းလမ်းတစ်ခုဖြစ်တယ် ။ အေးမြဖြူ စင်တဲ့မေတ္တာတရားကသာလျှင် ခိုင်မြဲပြီး သင့်ကို နွေးထွေး လုံခြုံမှုကိုပေးစေနိုင်တယ် ။

သက်တန့်ချို
Mother's love အား ဘာသာပြန်ခံစားသည် ။

Comments

Post a Comment

Leave a Message for me

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ           ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။           သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။