Skip to main content

ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီး(အမှတ်တရ ပြန်ရှယ်ယာလိုက်ပါတယ်)


ယခုနှစ်အတွင်း ရန်ကုန်မြို့၌ ဘုရားပွဲများ ကျင်းပမှုများပြားလာခဲ့ပြီး ရန်ကုန်မြို့နေလူထုနှင့် အတန် ငယ်ဝေးကွာနေသည့် ဇာတ်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆယ့်နှစ်ပွဲဈေး သည်များကြောင့် ကျင်းပသည့် ဘုရားပွဲတိုင်းမှာ လည်း စည်ကားလှတာကို တွေ့ရပါတယ်။
ဒီနှစ်မှာကျရောက်တဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ နှစ် ၂၆၀၀ ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးမှာလည်း မဟာကုသိုလ်တော်များ၊ ဓမ္မသဘင်များ၊ ပျော်ပွဲရွှင်ပွဲများဖြစ်တဲ့ အငြိမ့်၊ ရုပ်သေး၊ ဘုရားသမိုင်းစတဲ့ လေ့လာမှတ်သား ဖွယ်ရာများ၊ ရောင်စုံမီးများ ထွန်းညှိပူဇော်ခြင်း၊ နိဗ္ဗာန်ဈေးများနဲ့ စည်ကားခဲ့ပါတယ်။ ပွဲတော်ကာလအတွင်း ရွှေတိဂုံစေတီတော်ကို နံနက် ၄ နာရီမှည ၁၁ နာရီအထိ ဖွင့်လှစ်ထားရှိပြီး ကျန်အချိန်များတွင်မူ ပျော်ပွဲ ရွှင်ပွဲများပြုလုပ်နေသည့် နေရာဝန်းကျင်များတွင် နေထိုင်သွားလာနိုင်တာကို တွေ့ရပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၃ နှစ်က ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကပ်လှူထားခဲ့တဲ့ ရှေးဟောင်းရွှေစိန်ဖူးတော်ကြီးနဲ့ ရွှေငှက်မြတ်နားတော်ကြီး၊ လွန်ခဲ့တဲ့နှစ် ၁၀၀ က ငှက်ပျောဖူးတော်မှာ တင်လှူခဲ့တဲ့ ရွှေစင်၊ ရွှေပြားသင်္ကန်းတော်တွေကို အများအပြား ဖူးမြော်ကြတာကို တွေ့ရပါတယ်။
ရွှေတိဂုံစေတီတော် နှစ် ၂၆၀၀ ပြည့် ဗုဒ္စပူဇနိယပွဲတော်ကို ကျင်းပရခြင်း ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ရုံးအဖွဲ့မှုးဖြစ်သူ ဦးဝင်းကြိုင်က ''ဒီပွဲတော်ကြီးရဲ့ကာလမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပဖို့အတွက် ဆောင်ရွက်ခဲ့တဲ့အခါမှာ ထင်တာထက်ပိုပြီးတော့ စည်ကားခဲ့ပါတယ်။ ပျော်ပွဲရွှင် ပွဲအစီအစဉ်တွေမှာ ရွှေတိဂုံသမိုင်းနဲ့ ပတ်သက်ပြီးတော့ တင်ဆက်မှုတွေပြုလုပ်ရခြင်းဟာလည်း မြတ်စွာဘုရားရဲ့ အဆုံးအမ ဒေသနာတော်တွေ ဗုဒ္ဓဘာသာတွေအားလုံး ပြန်ပြီး အမှတ်ရလိုက်နာစေချင်လို့ ထည့်သွင်းကျင်းပရခြင်းဖြစ်ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ပွဲတော်ရက်ကာလများမှာ ၂၄ နာရီလုံး ဂေါပကမှ မီးသတ်/လုံခြုံရေးဌာန၊ လုံထိန်းရဲတပ်ရင်းနယ် မြေရဲ၊ ကြက်ခြေနီ၊ အရန်မီးသတ် တပ်ဖွဲ့အင်အားစုစုပေါင်း ၆၀၀ နီးပါးက စစ်ဆေးကူညီဆောင်ရွက်ပေးလျက် ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ဘုရားဖူးလာတဲ့  သံဃာတော်များရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းပေးနိုင်ဖို့အတွက် သံဃာတော် ၁၀ ပါးသီတင်းသုံးနေတယ်လို့ သိရပါတယ်။ ရွှေတိဂုံစေတီတော် ဂေါပကရုံး  မီးသတ်/လုံခြုံရေးဌာနမှ ဌာနမှူးဖြစ်သူ  ဦးထွန်းအောင်ငွေက ''ကျွန်တော်တို့ ဌာနက သက်ဆိုင်ရာဌာနတွေနဲ့အတူ ပွဲတော်ကာလအတွင်းမှာ ၂၄ နာရီလုံးလုံး ဆောင်ရွက်နေတယ်။ ပွဲတော်ကာလအတွင်းမှာ အနယ်နယ် အရပ်ရပ်က ဘုရားဖူး ဧည့်သည်တွေ အများအပြား လာရောက်တဲ့အတွက် လူပျောက်တာတွေ၊ လူကွဲသွားတာတွေ၊ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ အရှေ့ဘက်ကားဝင်း၊ တောင်ဘက်နဲ့မြောက်ဘက်ကြား၊ အနောက်ဘက် ကားဝင်းမှာ ပြန်ကြားရေးနှင့် လုံခြုံရေးရုံးခန်းသုံးခုကို ဖွင့် ထားပါတယ်။ ရင်ပြင်တော်မှာရှိတဲ့ ဂေါပကရုံးမှာလည်း လာရောက်ပြောကြားနိုင်ပါတယ်။ ပွဲတော်ကာလမှာ အဓိကဖြေရှင်းခဲ့ရတဲ့ပြဿနာကတော့ ကားရပ်နားဖို့ အခက်အခဲ ရှိခဲ့ပါတယ်။ နောက်လာမယ့် ပွဲတော်တွေမှာတော့ အာဇာနည်ကုန်းတစ်ဝိုက်မှာ  ဆိုင်ခန်းတွေ ပေးမဖွင့်တော့ဘူး။ အဲဒီနေရာမှာ ကားရပ်နားဖို့ စီစဉ်ပေးသွားပါမယ်။ ဆိုင်ခန်းတွေ ဖွင့်လှစ်ရောင်းချဖို့အတွက် အိတ်ပိတ်လေလံ  ၇၆၀ ကျော်နဲ့ ပေးခဲ့ပါတယ်။ ပွဲတော်ကာလအစမှာ ဆိုင်ခန်းနေရာလွတ်တွေ ရှိခဲ့ပေမယ့် နောက်နေ့တွေမှာ နေရာတွေ အများစု ပြည့်ခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ပွဲတော်ကာလအတွင်း ဆိုင်ခန်းငှားရမ်း၍ ရောင်းချခဲ့သူတစ်ဦးကလည်း ''ကျွန်တော်က ၀က်သားသုပ်ရောင်းတာပါ။ ၁၀ ပေတစ်နေရာကို ပွဲတော်ရက်အတွင်း နှစ်သိန်းခွဲနဲ့ ငှားရမ်းခဲ့ရတာပါ။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဈေးကိုနည်းနည်းလေး တင်ပြီးရောင်းခဲ့ပါတယ်။ ၁၅ ရက်လုံးအနေနဲ့ တွက်မယ်ဆိုရင် ဆိုင်ခန်းခနဲ့ ရောင်းအားနဲ့ ယှဉ်ရင်တော့ အမြတ်ငွေပိုခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။
ပွဲတော်ကာလအတွင်း လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးဧည့်သည်အများစုကတော့ အောင်မြေမှာပြသထားတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၂၃ နှစ်က ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ ကပ်လှူထားခဲ့တဲ့ ရှေးဟောင်း ရွှေစိန်ဖူးတော်ကြီးနဲ့ ရွှေငှက်မြတ်နားတော်ကြီး၊ လွန်ခဲ့တဲ့နှစ် ၁၀၀ က ငှက်ပျောဖူးတော်မှာ တင်လှူခဲ့တဲ့ ရွှေစင်၊ ရွှေပြားသင်္ကန်းတော်တွေကို အများအပြား ဖူးမြော်ကြတာကို တွေ့ရပါတယ်။
ဗုဒ္ဓပူဇနိယပွဲတော် နောက်ဆုံး ရက်ဖြစ်တဲ့ မတ်လ ၇ ရက်နေ့မှာတော့ ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပွဲနဲ့ လှူဒါန်းမှုအစုစုအတွက် ရေစက်ချပွဲနဲ့အတူ ညပိုင်းမှာ ကောင်းမှုရှင်များနဲ့ ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်ပြိုင်ပွဲမှာ ဆုရရှိသူများကို ဆုချီးမြှင့်ပွဲကို ကျင်းပခဲ့ပါတယ်။
ကြီးကျယ်စည်ကားမှု အပြည့်နဲ့ ရွှေတိဂုံစေတီတော်ကြီးရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကြီးကတော့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။ သိင်္ဂုတ္တရကုန်းတော်ကြီးပေါ်မှာ ရွှေအဆင်းတစ်ဝင်းဝင်းနဲ့ ကြည်ညှိဖွယ် ရွှေတိဂုံစေတီတော်ကြီးကတော့ ခေတ်အဆက်ဆက်၊ အချိန်ကာလ အဆက်ဆက်ကို ကျော်ဖြတ်လို့ နှစ် ၂၆၀၀ တိုင်ခဲ့ပြီဖြစ်ပါတယ်။

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ