Skip to main content

အားပြင်းတဲ့မြှားတစ်စင်း(ဖေမြင့်)

ဖွိ့ဖြိုးတိုးတက်မှု မှန်သမျှ အားမထုတ်ပဲ ဘယ်တော့မှမရနိုင်။
ခန္ဓာကိုယ်ပေါ် က ကြွက်သားတွေ ကြီးထွားလာစေချင်သလား၊သန်မာလာစေချင်ပါသလား။ဦးနှောက်စွမ်းရည်တွေလူတကာထက်ထက်မြတ်နေစေချင်သလား၊အားထုတ်ပါ အားမထုတ်ပဲနဲ့ မရနိုင်ပါ။အားထုတ်ရသည် ကို အလုပ်ဟုခေါ်သည်။အလုပ် ဟုဆိုလျှင် တချိှု့တွေ က နောက်တွန့်ချင်သည်။မတွန့်ပါနှင့်။အလုပ်သည် လူတွက် ကျိန်စာ မဟုတ်၊လူကိုမြှင့်တင်ပေးသော အရာသာဖြစ်သည်။အလုပ်ကြောင့် သင့်မှာ အသိဥာဏ် တိုးပွားလာလိမ့်မည်။အလုပ်ကြောင့်ပင် လူတကာနှင့် ပခုံးချင်းယှဉ်နိုင်သူ ဖြစ်လာလိမ့်မည်။ထိုမှ တဆင့်တက် ကာ ကိုယ် ကပိုလို့ ထူးခြားသူ ဖြစ်လာလိမ့်မည်။
         သို့သော် အလုပ်လုပ်တိုင်း ပြီးသလား။အားထုတ်သည်ဆိုတိုင်းကော ကိုယ်ရည်မှန်းရာ ရောက်နိုင်သလား။
မရသေးပါ။အလုပ်လုပ်ရုံ သက်သက် ဖြင့် မပြီးပြည့်စုံသေးပါ။တချို့လူတွေ ကျားကုတ်ကျားခဲ မလျှော့သော ဇွဲ လုံးလ ဖြင့်လုပ်ကြသည်။
မအောင်မြင်ပါ။အကြောင်းရင်းက အလုပ်ကို စုစည်းကာ စနစ်တကျမလုပ်ကြသောကြောင့်ဖြစ်သည်။စနစ် မကျသောကြောင့် အားထုတ်သလောက်မထိရောက်။ ထို့ကြောင့် အလုပ်လုပ် သည့်အခါဝီရိယ တခုဖြင့် မပြီးသေး။ဥာဏ်တွဲဖို့လိုသည်။ဥာဏ်တွဲ ပြီးလုပ်သော်လုပ်ငန်းပညာတိုးတက်လာသည်။ကျွမ်းကျင်လာသည်။အကွက်စေ့စွာလုပ်ကိုင်လာတတ်သည့်အခါ အားနည်းနည်းထည့် ရုံမျှဖြင့် အကျိုးကျေးဇူးများစွာ ခံစားလာရသည်။
      ထို့ပြင် အလုပ်လုပ်ရာတွင်အရည်အတွက်ထက် အရည်အချင်း က အဆမတန် အရေးပါသောသဘောရှိသည်။သင်လုပ်နေသော လုပ်ငန်း သည် ထူးခြားကြီးကျယ်နေစရာမလိုပါ။သို့သော် ထို မကြီးကျယ်သော အလုပ်ကိုပင် သူသူငါငါ  လုပ်ကိုင်ကြသည်ထက်ပိုလို့ သက်သာ မြန်ဆန်အောင် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်မည် ဆိုပါက မထူးခြားသော အလုပ်တွင် သင် က ထူးခြားအောင်မြင်သူ ဖြစ်လာပေမည်။
       လူတို့ မည်သည် ကိုယ်တိုင်သာ အလုပ်ကို ပေါ့ပေါ့တန်တန် သဘောထား သော်လည်း အခြားလုပ်ငန်းသမားများနှင့် ဆက်ဆံ ရလျှင်ကား လက်ရာကောင်းမှ အလုပ်ကိုလေးစားမှ သဘောကျကြသည်။လူတယောက်ဆောင်ရွက်လိုက်သော အလုပ် ၏ အရည်အသွေးသည်  ထိုလူနှင့်ပတ်သက်သည့် ကုန်အမှတ် တံဆိပ် သဖွယ် ဖြစ်လာသောသဘောပင်။နာမည်ရလာသော ကုန်အမှတ်တံဆိပ် သည် သူတပါးထက် သိသိသာသာတန်ဖိုးတက်လာပေသည်။
        လူပေါင်းများစွာတို့ အောင်မြင်မှုနှင့်ကင်းဝေ နေရခြင်းမှာ မိမိ အလုပ်ပေါ်ထားရှိသည့် သဘောဖားများကြောင့်ဖြစ်သည်။သူတို့ စိတ်တွင် အလုပ်ဟူသည် စားဝတ်နေရေးတွက် မိမိဘက် က ပြန်လည်ပေးဆပ်ရသော အရာ ဟူမှတ်ထားရာ တာဝန်ကျေဖို့လောက်သာ
အာရုံရှိကြသည်။တာဝန်ကျေ သမားတို့ ၏ အလုပ်အရည်အသွေးသည်တိုးတက်လာစရာ အကြောင်းမရှိပေ။မိမိ အလုပ်ကို တန်ဖိုးနှင့်
ချိန်စက်မနေပဲ အားထုတ်လုပ်ကိုင်နေတတ်သူ၊မိမိလက်ရာနှင့် မိမိ စွမ်းရည် မြင့်မားအောင် စွမ်းဆောင်ရခြင်းပျော်မွေ့သူတို့မှာမူ အလုပ်
အရည်အသွေးတိုးတက်ခြင်းနှင့်အတူ သူတို့၏ ဘ၀ အဆင့်အတန်းများလည်း တိုးတက် မြင့်မားလာကြစမြဲပင်ဖြစ်သည်။

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ           ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။           သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။