Skip to main content

ယနေ့မြန်မာနိုင်ငံနှင့် လူငယ်(၁၂)မျိုး

လူငယ်များသည် တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်များဟု အားလုံးက တညီတညွတ်တည်း သတ်မှတ်ပြောဆိုလေ့ ရှိကြသည်။ ကမ္ဘာတွင် သမိုင်းတွင်သာမက မြန်မာ့သမိုင်းတွင်ပါ လူငယ်ဘဝမှ နိုင်ငံ့ခေါင်းဆောင်အဖြစ်သို့ တက်လှမ်းလာသူများ အများအပြားကို တွေ့နိုင်သည်။ ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်းသည် အမျိုးသားလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာသည်။ အသက်၁၃နှစ်အရွယ်တွင် ၁၉၂၀ခုနှစ် ပထမ ကျောင်းသားသပိတ်ထဲ ပါဝင်ခဲ့သည့် ပဉ္စမတန်း ကျောင်းသားကလေးသည် နောင်သောအခါ လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဦးဆုံး ဝန်ကြီးချုပ် ဦးနုဟူ၍ ဖြစ်လာခဲ့သည်။ ယနေ့မြန်မာနိုင်ငံ၏
လူငယ်များသည်လည်း တစ်ချိန်ချိန်တွင် အနာဂတ်မြန်မာနိုင်ငံ၏ ခေါင်းဆောင်ကောင်းများ ဖြစ်လာကြ ပါလိမ့်မည်။ သို့ရာတွင် နိုင်ငံရေးကို စိတ်ဝင်စားသည့် လူငယ်ရှိသလို စိတ်မဝင်စားသည့် လူငယ်လည်း ရှိသည်။ မည်သို့ပင်ဖြစ်စေ နိုင်ငံတိုးတက်မှု အပြောင်းအလဲသည် လူငယ်များ၏ အရွေ့အပေါ်တွင် မူတည်နေပါသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသကဲ့သို့ပင် မြန်မာလူငယ်တွေမှာလည်း ပုံစံအမျိုးမျိုးဖြင့် ရှင်သန်နေကြရသည်။ ယေဘုယျအားဖြင့် မြန်မာနိုင်ငံ၏ လူငယ်များကို အုပ်စုခွဲကြည့်လျှင် အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
အပြင်က(၄)မျိုး

အပြင်ကလူ(၁)  ထိုလူငယ်မှာ မိဘက ချမ်းသာပြီး လူကုံထံ အသိုင်းအဝိုင်းမှ လာသည်။ ပြည်ပတွင် ကိုယ်ကျိုးဖြစ်ထွန်းမည့် ပညာရပ်တစ်ခုကို သင်ကြားနေပြီး မိမိ၏ ပညာသည် မိမိပိုက်ဆံဖြင့် သင်ကြားရခြင်း ဖြစ်သည်။ နိုင်ငံတော်မှ သင်ကြားပေးလိုက်သည့် ပညာသည် သူ့အတွက် အကျိုးမရှိ။ ထို့ကြောင့် နိုင်ငံတော်ဆိုသူ၏ ကျေးဇူးသည် သူ့ထံတွင် လုံးဝမရှိ၊ အဆင်သင့်လျှင် ပြည်ပတွင် အခြေချနိုင်ရန် ကြိုးစားမည်။ မိခင်နိုင်ငံသို့ ပြန်လျှင်လည်း မိမိစီးပွားရေး၊ မိမိတိုးတက်ရေးသာ လုပ်မည်ဟု ခံယူထားသည့် လူငယ်မျိုးဖြစ်သည်။




အပြင်က လူ(၂  )နောက်လူငယ်တစ်မျိုးမှာ မိဘက တတ်နိုင်၍ ပညာသင်ပို့လိုက်ခြင်းဖြစ်သော်လည်း ပညာစုံလျှင် မိခင်နိုင်ငံသို့ ပြန်မည်၊ မိမိတတ်ရာ ပညာရပ် တစ်ခုဖြင့် စီးပွားရေးလုပ်မည်။ နိုင်ငံရေးလုပ်လိုသည့် ဆန္ဒမရှိသော်လည်း မိမိနိုင်ငံသားများအတွက် ပရဟိတ လုပ်ငန်းများတွင် ငွေအား၊ လူအားဖြင့် ပါဝင်မည်ဟု ဆုံးဖြတ်ထားသူများဖြစ်သည်။ ထိုလူငယ်သည် ပညာသင်ကြားနေသူ မဟုတ်ဘဲ ပြည်ပတွင် အလုပ်လုပ်ကိုင်နေသူလည်း ဖြစ်နိုင်သည်။ ပြည်ပတွင် အလုပ်လုပ်နေရင်း၊ ပညာသင်နေရင်းမှ မိမိရသည့် လစာထဲက စုဆောင်း၍ နိုင်ငံ၏ ပရဟိတ လုပ်ငန်းများတွင် လှူဒါန်းနေသူလည်း ဖြစ်သည်။

အပြင်က လူ(၃)နောက်လူငယ်တစ်မျိုးကတော့ မိဘက တတ်နိုင်၍ မဟုတ်၊ ကိုယ်တိုင်ကြိုးစား၍ စကော်လားရှစ်ဖြင့် လာရောက် ပညာသင်ကြားနေခြင်း ဖြစ်သည်။ သို့တည်းမဟုတ် နိုင်ငံရေးခိုလှုံခွင့်ဖြင့် လာရောက်နေထိုင် ပညာသင်ကြားနေပြီး အမိနိုင်ငံ၏ အပြောင်းလဲကို စောင့်ကြည့်နေသူ ဖြစ်သည်။ သူသည် နိုင်ငံကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြောင်းလဲလိုသူဖြစ်သည်။ နိုင်ငံတည်ဆောက်ရေး ပညာရပ်တွေကို လေ့လာမည်။ အမိနိုင်ငံကို ပြန်ရောက်လျှင် နိုင်ငံရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါတီထောင်၍ ဖြစ်စေ၊ အစိုးရနှင့်ပါတီများ၊ လူမှုအခြေပြု အဖွဲ့အစည်းများကို အကူအညီပေးမည့် ပညာရှင်အနေဖြင့်ဖြစ်စေ နိုင်ငံအတွက် ပေးဆပ်မည်ဟု ခံယူထားသူဖြစ်သည်။

အပြင်က လူ (၄)နောက်လူငယ်တစ်မျိုးကတော့ နိုင်ငံရေးကို ဝါသနာပါလွန်း၍ Radical အလုပ်တွေလုပ်ရာမှ ပြည်ပနိုင်ငံတွင် လာရောက် ခိုလှုံနေခြင်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေးအတွက် တက်တက်ကြွကြလုပ်ရင်းမှ မိခင်နိုင်ငံသို့ ပြန်လာရန် စိတ်ကူးမရှိတော့ဘဲ ဒီမိုကရေစီ ရေကန်အသင့်ကြာအသင့် နိုင်ငံကြီး တွေမှာပင် အခြေချလိုက်ရန် စဉ်းစားလိုက်သူ ဖြစ်သည်။

အတွင်းက(၈)မျိုး

အတွင်းလူငယ်(၁)  သည် နိုင်ငံရေးကို အလွန်စိတ်ဝင်စားသူဖြစ်သည်။ သူက Radical နည်းလမ်းကို အားသန်သည်။ အစိုးရကို အမြဲတမ်း သံသယဖြင့် ကြည့်သည်။ ထစ်ကနဲရှိ ထိပ်တိုက်ရင်ဆိုင်ရန်သာ ကြိုးပမ်းပြီး လမ်းပေါ်တက်ရန် ကြိုးစားသူ ဖြစ်သည်။ ပညာအရည်အချင်းလည်း ကောင်းသလို၊ စာဖတ်အားလည်း ကောင်းသည်။ သို့ရာတွင် ဖတ်သည့်စာတွေက တော်လှန်ရေးစာပေတွေများနေသဖြင့် သူ၏စိတ်မှာ ရရင်ရ မရရင်ချ ဆိုသည့် ရဲရဲတောက် စိတ်ဓာတ်က တပြားသားမှ မလျော့တော့ချေ။


အတွင်းလူ(၂)က အတွင်းလူငယ်(၁)ထက်ဆိုးသည်။ သူက ပညာရေးလည်း ဆုံးခန်းမတိုင်ချေ။ ဘာစာမှလည်း မဖတ်ချေ၊ စိတ်ရင်းလေး ကောင်းသော်လည်း စဉ်းစားဥာဏ်မရှိချေ။ ထိုလူငယ်မျိုးကို ဦးနှောက်ခဝါဖွပ်(Brain Wash) လုပ်ရန် လွယ်ကူသဖြင့် နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အင်အားစုတွေက လက်သပ်မွေးကြသည်။ သူတို့သည် ၎င်းတို့ မှီခိုအားထားရာ နိုင်ငံရေးအင်အားစုများအတွက် နယ်ရုပ်ကလေးများဖြစ်ကြသည်။ ကောင်းသည့်ဘက် ရောက်သွားလျှင် အကြောင်းမဟုတ်သော်လည်း ဆိုးသည့်ဘက် ရောက်သွားလျှင် ပြည်သူအတွက် အန္တရာယ်ပင် ဖြစ်သည်။



အတွင်းလူငယ်(၃)မှာ မိဘကလည်း လူကုံထံတွေ၊ အာဏာရှိသူလည်းဖြစ်နိုင်သလို အာဏာကို ငွေနှင့်ဝယ်နိုင်သူလည်း ဖြစ်သည်။ ထို့ကြောင့် ပညာရေးကောင်းခြင်း မကောင်းခြင်းသည် သူတို့အတွက် အရေးမကြီး၊ အချိန်တန်လျှင် မိဘ၏ လုပ်ငန်းတွင် ရာထူးကြီးကြီးဖြင့် ဝင်ရောက် လုပ်ကိုင်ကြမည်။ မလုပ်တတ်လျှင် လုပ်တတ်သည့်သူကို ပိုက်ဆံပေး၍ ငှားရမ်းလိုက်မည်။ နိုင်ငံရေးတွေ ဘာတွေ နားမလည်။ နာမည်ကြီးချင်လျှင် သိန်းချီ၍ ပက်ခနဲ လှူလိုက်မည် ဆိုသည့်သူ ဖြစ်သည်။

အတွင်းလူငယ်(၄)ကတော့ မိဘက ချမ်းသာသည်။ ပညာရေးလည်း ကောင်းသည်။ ဆရာဝန်၊ အင်ဂျီနီယာ၊ စီးပွားရေးသမား စသည်ဖြင့် ကျင်လည်နိုင်သည်။ သို့ရာတွင် နိုင်ငံရေးကို စိတ်ဝင်တစားမရှိ၊ ကိုယ်တတ်သည့်ပညာဖြင့် ကိုယ့်အလုပ်ကိုယ် လုပ်မည်။ ဒီနိုင်ငံမှာ လုပ်ကိုင်စား၍ အဆင်မပြေလျှင် ပြည်ပထွက်ပြီး လုပ်ကိုင်စားသောက်မည်ဆိုသည့်သူ ဖြစ်သည်။


အတွင်းလူငယ်(၅)က (၄)နှင့် အတူတူပင်ဖြစ်သည်။ သို့သော် သူကတော့ နိုင်ငံရေးကို စိတ်ဝင်စားသည်။ မိမိ တတ်ထားသော ပညာသည် တိုင်းပြည်အတွက် အကျိုးပြုကိုပြုရမည်။ မိဘအမွေသည် သူ့ဆယ်သက်စားမကုန်၍ နိုင်ငံနှင့် လူမျိုးအတွက် တတ်နိုင်သည့် ဘက်မှ ပါဝင်မည်ဆိုသည့် လူငယ် ဖြစ်သည်။ အခမဲ့ ဆေးကုပေးသောဆရာဝန်၊ ဆင်းရဲသော ကလေးငယ်များကို အခမဲ့ စာလိုက်သင်နေသူ ၊ မီဒီယာလုပ်ငန်း၊ NGO လုပ်ငန်းတွေတွင် ပါဝင်လုပ်ကိုင်နေသူ၊ ထိုမှတဆင့် မတင်းတိမ်နိုင်လျှင် နောင်တစ်ချိန်တွင် ပါတီနိုင်ငံရေး လုပ်ရန် ရည်ရွယ်ထားသူလည်းဖြစ်နိုင်သည်။

အတွင်းလူငယ်(၆) ကတော့ ကိုယ့်ဒူးကိုယ်ချွန် ပညာရေးသမားဖြစ်သည်။ မိဘက ချမ်းသာလှသည်မဟုတ်။ သို့ရာတွင် သာမန်ဘွဲ့တစ်ခု လောက်တော့ရအောင် ကြိုးစားသည်။ အချိန်တန်လျှင် လခကောင်းသော အလုပ်ကလေး ဝင်လုပ်မည်ဆိုသည့် သူဖြစ်သည်။ ထိုထက်ပို၍ တွေးတောထားခြင်း မရှိ။



အတွင်းလူငယ်(၇)ကလည်း (၆)နှင့် အခြေအနေချင်း သိပ်ကွာလှသည်မဟုတ်။ ကွာခြားချက်မှာ သူက နိုင်ငံရေးကို စိတ်ဝင်စားသည်။ ပိုက်ဆံ မရှိလျှင်လည်း အကြောင်းမဟုတ်။ စီးပွားရေးလဲလုပ်မည် မဟုတ်ချေ။ ပညာကိုကြိုးစား သင်မည်။ ပရဟိတ လုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေက အစ နောက်ဆုံး ပါတီနိုင်ငံရေးအထိပါ ရည်ရွယ်ထားသူ ဖြစ်သည်။ သူသည် (၆)နှင့် ဘဝချင်း တူသော်လည်း ခံယူချက်နှင့် လုပ်ဆောင်ချက်က (၅)နှင့်ပို၍ ဆင်သည်။

အတွင်းလူငယ်(၈)ကတော့ ဆိုးသွမ်းလူငယ်ဖြစ်သည်။ ပညာလဲ ဆုံးခန်းမတိုင်၊ ပျက်စီးလေလွင့်နေသူ လူငယ်မျိုး ဖြစ်သည်။ ထိုလူငယ်မျိုးသည် လည်း (၂)ကဲ့သို့ပင်Brain Wash လုပ်ရန် လွယ်ကူသဖြင့် နိုင်ငံရေးအင်အားစုတွေက မျက်စိကျကြသည်။ ကောင်းသည့်ဘက် ရောက်သွားလျှင် လူကောင်းကလေး ဖြစ်လာနိုင်သော်လည်း မကောင်းသည့်ဘက် ရောက်သွားလျှင် မြင်းကို ချိုတပ်ပေးသည်နှင့် တူပေတော့မည်။
အထက်ပါ အပြင်ကလူငယ်(၄)မျိုးနှင့် အတွင်းက လူငယ်(၈)မျိုး စုစုပေါင်း လူငယ် ၁၂မျိုးသည် ယနေ့မြန်မာ နိုင်ငံတွင် အတွေ့ရ များနေသော အုပ်စုများ ဖြစ်သည်။ ထိုအပြင်နှင့် အတွင်းလူငယ်များသည် တစ်ချိန်ချိန်တွင် နေရာချင်း လဲသွားနိုင်သည် လည်းရှိသည်။ ဥပမာ အတွင်းလူငယ်(၁)သည် အပြင်လူငယ်(၄) လည်းဖြစ်သွားနိုင်သည်။
ထို့အတူ အတွင်းလူငယ် (၇) သည် အပြင်လူငယ်(၃)လည်း ဖြစ်သွားနိုင်သည်။ အပြင်ကလူငယ်တွေ အတွင်းသို့ ပြန်ဝင်လာလျှင်လည်း သူတို့ ပုံစံအလိုက် နံပါတ်အသီးသီး ဖြစ်နိုင်ပြန်သည်။ ထို့အတူ အပြင်အချင်းချင်း အတွင်းအချင်းချင်းလည်း ထိတွေ့ဆက်ဆံရာ ပတ်ဝန်းကျင်ပေါ် မူတည်၍ ပြောင်းလဲနိုင်ပြန်သည်။ စာဖတ်သူအနေဖြင့် မည်သည့် လူငယ်အမျိုးအစားက လက်ရှိနိုင်ငံအပြောင်းအလဲတွင် အလိုအပ်ဆုံး ဖြစ်နိုင်မည် ဆိုသည်နှင့် လူငယ်တစ်ဦးဖြစ်ပါက မိမိသည် မည်သည့် လူငယ်အမျိုးအစားထဲတွင် ပါဝင်နေသနည်းဆိုသည်ကို ဆန်းစစ်ကြည့်ပါ ဟု တိုက်တွန်းလိုပါသည်။

လူငယ်များအတွက် အကျိုးရှိမည် တင်သောကြောင့် သူငယ်ချင်းတစ်ယောက်ဆီက ကူးယူဖော်ပြပေးလိုက်ရပါတယ်ဗျာ.

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ