Skip to main content

မွေးရပ်မြေအကြောင်းတစေ့တစောင်း(1)

တော်တော်များများ ရောက်ဖူးကြလိမ့်မယ်ထင်ပါတယ်မရောက်ဖူးသေးတဲ့လူတွေအတွက် ဗဟုသုတ တင်ပေးလိုက်ပါတယ်ကိုယ်တိုင်ရိုက်တာတော့မဟုတ်ပါဘူး။မေမြို့လို့ပြောလိုက်တာနဲ့ နာရီစင်ကြီးကိုပြေးမြင်မိတာ အမှန်ပါပဲ အင်္ဂလိပ်ခေတ်ကတည်းက နာရီကြီးပါ။
အောက်ကပုံကတော့ မိုးတွေမဲနေတဲ့ အချိန်နာရီစင်ရဲ့ အလှပါ မေမြို့မိုးဆိုတာလဲ နာမည် တစ်ခုနဲ့ အခုထိရပ်တည်နေဆဲပါ။ :P
မေမြို့နဲ့ခွဲလို့မရတာ တစ်ခုက ရထားလုံးလေးတွေပါပဲ.....ခရီးသွားတွေအတွက်တော့ အပန်းဖြေရာတစ်ခုပေါ့။

ဒါလေးက ကန်တော်ကြီးက ငန်းမဲလေး ၀ပ်နေတဲ့ပုံပါ။
ဒါက မေမြို့မန်းလေးဆွဲနေတဲ့ လိုင်းကားလေးတွေပါ သဘာဝအတိုင်းပေါ့။





ဗလီဘေးက မြင်းလှည်းတန်း......................

 ဒီလိုအနောက်ကလဲစီးကြသေးတယ်ဗျ.....။



ကန်တော်ကြီးက မိသားစုတစ်ခု......




ဗိုက်ဆာဆာနဲ့ ရိုက်ခဲ့တာ..... ရှလွတ်
 သုံးပွင့်ဆိုင်တိုက်ပွဲ....... ဟိဟိ
 အရင်က အမြင်မရိုးတဲ့ စက်ဘီးဖက်ရှင်...........။




 ပွဲကောက်ရဲ့ ကြွေစရာကောင်းတဲ့ရေကျသံ.......။




 အထက1နားက ခရစ်ယာန်ဘုရားကျောင်း


ယနေ့ခေတ်သုံးဘီး ဆိုင်ကယ်ဖက်ရှင်......။


 ခြောက်ထပ်ကွေ့နားက ကားများ



 မုန့်ဟင်းငါးလေးမွေးတေးတေး... ၇ှလွတ် သရေတောင်ကျတယ်


သင်္ကြန်တွင်းမုန့်ဆိုင်တန်းများနှင့်အမှတ်တရ။



 ဟောဒီက ငါးတွေနော် ၀ယ်ကြအုန်းမလားးးးးးးးးးးးးးးးးးးး



 အေးချမ်းညီညီ ဆွမ်းခံသည်...............။
အခုတော့ဒီလောက်နဲ့ပဲကျေနပ်ကြပါခင်ဗျာ နောက်အပိုင်း 2 မှဆက်တင်ပေးပါ့မယ်။ကိုနော်အိပ်ချင်ပြီဗျ......မနက်ဖြန်သွားစရာကရှိသေးတော့ အိပ်ခွင့်ပြုအုန်းနော်။ဝါးးးးးးးးးးးးး

Comments

  1. ပြင်ဦးလွင်က မွေးရပ်မြေလား.. အဲဒီမြို့ကတော့ မြန်မာနိုင်ငံထဲက အကြိုက်ဆုံးမြို့တွေထဲက တစ်ခုပါပဲ.ဓါတ်ပုံလေးတွေ ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်. တစ်ခေါက်ပဲရောက်ဖူးပြီး.. မရောက်ဖြစ်တာတော်တော်ကြာနေခဲ့ပြီ

    ReplyDelete
  2. ပြင်ဦးလွင် အမှတ်တရလေးတွေ မြင်သွားလို့ သတိရသွားပြီ ကိုနော်ရေ။
    နောက်တစ်ခေါက် မန်းရောက်ရင် ပြင်ဦးလွင်တက်ဘို့ ဆုံးဖြတ်လိုက်ပြီ တို့ဟူးနွေးလည်းစားချင်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ညီလေးရေ..လာလွမ်းသွားတယ်ကွာ..။ ပြန်ရင်တော့ အင်း... အားခဲထားလိုက်ဦးမယ်.။

    ReplyDelete
  4. သူများကိုလွမ်းအောင်လာလုပ်နေတယ် အဲ့မှာမီးချစ်သူရှိတယ် ဝေးနေတာကြာပြီဆိုပါတော့ ကြုံရင်ပြောပေးပါ ကိုနော် နော် အားကိုးပါတယ် ။

    ReplyDelete
  5. လာလည်ရမှာလား

    ReplyDelete

Post a Comment

Leave a Message for me

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ