Skip to main content

(၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့(ပြန်တင်လိုက်ပါတယ်)


          တစ်ချိန်က သူ့ကျွန်ဘ၀ရောက်ခဲ့တဲ့ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးမယ်ဆိုပြီး နည်းအမျိုးမျိုးလှည့်ဖျားပြီး အုပ်ချုပ်မင်းလုပ် ခဲ့တာ အင်္ဂလိပ်တွေပါပဲ။
          ဒီမုသား၊ မုသား၊ စတာတွေကို Equation ချကြည့်ရင် လိမ်ညာခြင်းဆိုတဲ့ result ထွက်လာမယ်ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေက သိခဲ့ ခန့်မှန်း ခဲ့ပြီးသားပါ။
          ဒါကြောင့် တောင်တန်းမြေပြန့် ငြိမ်းချမ်းရေးစည်းလုံးညီညွတ်ရေး ကိုစွမ်းစွမ်းတမံကြိုးပမ်း ခဲ့ကြပါတယ်။
ဒီညီညွတ်မှုကို သက်သေပြတဲ့အနေနဲ့ ပင်လုံစာချုပ်ကို ချုပ်ဆိုသက်သေပြပြီး ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ လွတ်လပ်ရေး ဆိုတာကို ရရှိခဲ့တာပါ။ ဒီလွတ်လပ်ရေး ကိုတော့ ဗိုလ်ချုပ်နဲ့ အပေါင်းအပါများကတော့ မြင်မသွားနိုင်ခဲ့ပါဘူး။ တမလွန်ကနေပြီးတော့ လက်ပိုက်ပြီး "ဒို့မြန်မာပြည် အခုတော့ လွတ်လပ်ပြီဟေ့" ဆိုပြီးမိန့်မိန့်ကြီး ပြုံးနေမှာ မြင်ယောင်မိပါတယ်။
          ဗိုလ်ချုပ်နဲ့အပေါင်းအပါတွေ အသက်သွေးချွေးနဲ့ ရင်းပြီးရတဲ့ လွတ်လပ်ရေးကို ကျွန်တော်တို့ အစဉ်သတိရတန်ဖိုးထားကြရမှာဖြစ်ပါတယ်။ လွယ်လွယ်ရတယ်ဆိုပြီး တန်ဖိုးမထားလို့မရပါဘူး။ လွတ်လပ်ရေးဆုံးရှုံးသွားရင် သူကျွန်ဘ၀ရောက်တက်တယ်ဆိုတာ သတိချပ်စရာပါပဲ။
          လွတ်လပ်ရေးမရခင် တစ်နှစ်အလိုမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေ ကျဆုံးခဲ့ရပါတယ်။ ဒါဟာလဲဝမ်းနည်းစရာ သမိုင်းတစ်ခုပါပဲ။ ၁၉၄၈ ဇန်န၀ါရီလ ၄ ရက်နေ့ မနက် ၄နာရီ ၄၅ မိနစ်တိတိမှာ ကိုယ်ပိုင်လွတ်လပ်ရေးရရှိခဲ့ပါတယ်။
          အခုဆိုရင် ၆၄ နှစ်ပြည့်ခဲ့ပါပြီ ။ ဗိုလ်ချုပ်ပြောခဲ့သလိုပါပဲ လွတ်လပ်ရေးရပြီးသွားရင်လဲ တန်ဖိုးထားတက်ဖို့ လိုကြောင်းပြောသွားခဲ့ပါတယ်။ သူအဓိကပြောသွားခဲ့တာက စည်းကမ်းရှိဖို့ ကြိုးစားဖို့ နိင်ငံတိုးတက်ဖို့ အများကောင်းစားဖို့ပါပဲ။ တစ်ဦးတစ်ယောက်ကောင်းစားဖို့ဆိုတာ တစ်ခုမှမပါပါဘူး။ ကျွန်တော်တို့တွေစည်းကမ်းရှိရှိ လူ့အခွင့်အရေးကိုလေးလေးစားစား ရိုးသားကြိုးစား အစွမ်းအစတွေကို အစွမ်းကုန် ထုတ်သုံးကြရမှာဆိုတာ အစဉ်သတိရှိသင့်ပါတယ်။ ဒါမှာသာ နိုင်ငံသာကောင်းတစ်ယောက်ဖြစ်လာမှာပါ။ ဟာ….ငါတစ်ယောက်ထဲနဲ့တော့ နိုင်ငံကြီးဘာမှထူးမလာပါဘူးလို့ မထင်ပါနဲ့ ။ စုလိုက်ရင်အများကြီးဖြစ်ပါတယ်။သက်မဲ့တောင်သူ့နေရာနဲ့သူ အသုံးဝင်သေးတာ လူပဲဘာလို့အသုံးမ၀င်ရမှာလဲ မဟုတ်ဘူးလား။
          ကျွန်တော်တို့ပြုမူနေထိုင်ကျင့်ကြံလုပ်ဆောင်နေတာသည် နိုင်ငံရေးပါပဲ။
ဒီနေ့လုပ်ရပ်သည် မနက်ဖြန်မှာ သမိုင်းအဖြစ်တွင်ကျန်ရစ်စေမှာပါပဲ။ ဒါကြောင့် အကျိုးရှိစေမည့် နှစ်ဦးနှစ်ဘက်(သို့) အများကောင်းကျိုးဖြစ်စေမဲ့ အလုပ်ကို လုပ်ရင်း မိမိဘ၀ကိုမြှင့်တင်ကြပါလို့ တိုက်တွန်းရင်းလွတ်လပ်ရေးကိုဂုဏ်ပြုလိုက်ပါရစေ။ ပြောစရာလေး သတိရလို့ ထည့်ရေးပါရစေအုန်း။
          အရင်ကဆို တစ်နိုင်ငံနဲ့တစ်နိုင်ငံ နယ်ချဲ့ရင် စစ်ရေးနဲ့ နယ်ချဲ့ပါတယ်။ နယ်ချဲ့နည်းအများကြီးရှိပါတယ်။ ဒါတွေက အယူဝါဒ(ဘာသာရေး)နဲ့ နယ်ချဲ့ခြင်း ၊စီးပွားရေးနဲ့နယ်ချဲ့ခြင်း၊ အနုပညာဖြင့်သိမ်းသွင်းခြင်း၊ ယဉ်ကျေးမှုဖြင့် လက်ဝါးကြီးအုပ်ခြင်းစသည်ဖြင့် ရှိကြပါတယ်။ ဒါတွေကို သတိချပ်သင့်ပါတယ်။
          အရင်ကဆို Lead Bullet(ခဲကျည်ဆန်) ကိုကြောက်ကြရပါတယ်။အခနောက်ပိုင်း အဓိက တရုတ်တွေရဲ့ နယ်ချဲ့နည်းဖြစ်တဲ့ စီးပွားရေးနဲ့နယ်ချဲ့လာတာ မျက်ဝါးထင်ထင်ပါပဲ။ မြန်မာနိုင်ငံမှာဆို အတော်များများ ၀င်ရောက်နေရာယူလာတာတွေ့ရပါတယ်။ ဒါရန်တိုက်ပေးတာ သွေးထိုးတာမဟုတ်ပါဘူး။
သတိချပ်စရာတစ်ခု အနေနဲ့ ကျွန်တော်ထောက်ပြတာပါ။ 
          "ကူညီတယ်ဆိုပြီးနိုင်ငံတစ်နိုင်ငံရဲ့အချည်အနှောင် ကိုမခံသင့်ပါဘူး"
          မြန်မာတွေမှာလဲကိုယ်ပိုင်အစွမ်းအစရှိပါတယ် ဆိုတာကို ပြကြရအောင်ပါ။
သူတို့ အကူအညီလဲလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံဟာ အနှစ် ၅၀ ကျော်လောက်နောက်ကျကျန်ခဲ့လို့ပါပဲ။ ကိုယ့်အတွက်လိုတဲ့ အကူအညီကို ပညာသားပါပါနဲ့ ယူနိုင်ရင်အကောင်းဆုံးပါပဲလို့ အကြံပေးချင်ပါတယ်။ လူဝင်မှုကိုလဲ အထူးကြီးကြပ်သင့်ပါပြီ။ သင်လဲ Money Bullet အောက်မှာ မြုပ်နေပြီလားစဉ်းစားကြည့်ပါအုန်း။ပိုက်ဆံပေးတိုင်းအ၀င်ခံလို့မဖြစ်ပါဘူး။
          "ကြာရင်လူမျိုးပျောက်မှာ ကြောက်လို့ပါ" ဒါနဲ့ပတ်သတ်တာကတော့ နောက်မှရေးပါ့မယ်။အခုတော့ ဒီလောက်နဲ့ ကျေနပ်လိုက်ကြပါ။
အားလုံးကိုလေးစားသော
                                                                                          Ko Naw(Wisdom Life)
အစဉ်ကြိုးစားလျက်

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ