Skip to main content

မီးပင်လယ်၌စီးမြောခြင်း


မီးပင်လယ်၌စီးမြောခြင်း
ထိတွေ့မှုအကုန်လုံးကလဲပူလောင် နေတယ်
လူတိုင်းကလဲမီးပင်လယ်ထဲမှာ စီးမြောနေတယ်....
ပူလောင်လိုက်တာလဲလွန်လို့.......
တချို့ကလဲစုန်ဆင်းနေတယ်.....တချို့ကလဲ ဆန်ကူးနေတယ်
အထက်ကိုရောက်ချင်ရင်တော့် ဆန်တက်ရမှာပဲ ပူလောင်နေမှာချင်းအတူတူတော့်...
ကိုယ်ကအထက်ကိုရောက်ချင်တာကိုး...ဟုတ်ဘူးလားကိုယ့်လူ.....?
ကျွန်တော်လဲအထက်ရောက်ချင်တော့် ဆန်တက်နေမိတယ်
ပူလိုက်တာလဲလွန်လို့ လောင်ကျွမ်းကုန်ပီအသားတွေလဲ.....
ပန်းတိုင်တစ်ခု(သို့)နားခိုရာတစ်ခုရှာမိတယ်....
တွေ့တယ်ဗျ...ကျွန်းလေးတစ်ခုပဲ သိပ်သာယာတာဗျ....
ကဲရည်မှန်းချက်ပန်းတိုင်လဲတွေ့ပြီ.....
ကူးခတ်ဖို့ပဲကျန်တော့်တယ်..
အရိုးကြေကြေအရည်ခန်းခန်း ကူးခတ်နေမိတယ်.....
တချို့လဲကံကောင်းလိုက်ပုံများ သဘောင်္တွေနဲ့
လေတွေတောင်ချွန်လို့....သီချင်းလေးညီးလို့
အေးလေကိုယ့်ဘ၀နဲ့ကိုယ်ကိုး.....
ဘာတက်နိုင်မှာလဲ....
ကိုယ်ပန်းတိုင်ကိုပဲ..မမှိတ်မသုံကူးနေဖို့ပဲရေးကြီးတယ်မဟုတ်ဘူးလား....
ဒီလိုပါပဲ.....လူလောကဇာတ်ခုံက ပူလောင်တဲ့လောဘ၊မောဟ၊ဒေါသတွေ..
ကို ဆန့်ကျင်ပီးကူးနေရတာပဲမဟုတ်လား....?
တစ်ချို့ကလဲ...လောဘ၊မောဟ၊ဒေါသတွေ..နဲ့မြှောလိုက်နေကြတယ်...
ကျွန်တော့်တော့်ဘယ်လောက်ပင်ပူလောင်ပါစေ
အရှုံးမပေးပါဘူး မီးပင်လယ်(လောကဇာတ်ခုံ)...............။
အစဉ်ကြိုးစားလျက် (ကိုနော်)

Comments

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ