Skip to main content

Posts

Showing posts from May, 2012

ဘ၀ထဲကအတွေးများ(2)

ကင်မရာနှင့် ကျွန်တော်             အဆောင်မှာစာသင်တဲ့နေရာ၊ စာကျက်တဲနေရာ ထမင်းစားတဲ့နေရာတွေမှာ ကင်မရာတွေတပ်ပြီး အုပ်ချုပ်ရေးမှူးက အချိန်ပြည့် ကြည့်နေတယ်……………။ အစကနေသားမကျသေးတော့ ယုံကြည်မှုတော့မရှိသေးဘူး။ ငါဘာလုပ်လိုက်ရင် သူတို့ဘယ်လိုမြင်မလဲပေါ့။ နောက်ကျတော့ ကိုယ့်အလုပ်ကို ပဲ အာရုံစိုက်ပြီး လုပ်တယ်။ စာသင်စရာရှိသင်၊ စာရှင်းပြစရာရှိရင် ရှင်းပြပေါ့လေ……………။ မကောင်းတာလဲ သိပ်မလုပ်ဖြစ်ပါဘူး။ ကင်မရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊မှန်တာပဲ အမြဲလုပ်နေရမယ် ဆိုတဲ့စိတ်ဝင်လာတယ်။             ဘေးလူကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ "မှန်ကန်ခြင်းဖြင့်ရဲရင့်နိုင်ကြပါစေ။" စိတ်ခလုပ်             ပြောချင်တာက ဓာတ်လှေကား၊စက်လှေကားများအကြောင်း………… ဘသာဝကတော့ အောက်လဲကျနိုင်တယ် အထက်ကိုလဲတက်နိုင်ပါတယ်။ သို့ပေသော်ငြားလဲ အထက်ကိုတက်နေတဲ့ ဓာတ်လှေကား၊စက်လှေကား သဘာဝကိုသာ အသားပေးပြောချင်ပါတယ်။ အတွေးကအပြုသဘောဆောင်တဲ့ အတွက် အထက်ကို တက်တာကိုပဲ ပြောပါ့မယ်။ သူလဲ အပေါ်တက်တယ်၊ သူများကိုလဲ အပေါ်တင်တယ်ဆိုတဲ့ (Win-Win) သီအိုရီပါ…………။ ဒါတွေအလုပ်လုပ်ဖို့ စိတ်(ခလုပ်)ကိုဖွင့်ထားဖို့လိုသလို လျှပ်စစ်(ပညာတည်းဟူသောအတက်ပညာ)ကိုလဲ...

ဘ၀ထဲကအတွေးများ(1)

ဘ၀ထဲကအတွေးများ           မရိုးနိုင်အောင် တွေ့လာရတဲ့ fashion ၀တ်ဆင်မှုပုံစံများ၊စသည်စသည်ဆန်းသစ်လာကြသည်။အနည်းနဲ့အများ ဆက်စပ်နေသည်က ၀တ်စားဆင်ယင်မှုနှင့်စိတ်ဓာတ်၊စိတ်ဓာတ်နှင့် လုပ်ရပ်များ…. ခေတ်နှင့်အညီ လိုက်ရသည် မှန်သောငြားလဲ သရုပ်ပျက်ဝတ်ဆင်မှုများမဖြစ်သင့်၊ မိမိတင်မက တခြားလူများအား ပူလောင်ဆင်းရဲ၊ရိုင်းစိုင်း စေသောစိတ်များဖြစ်စေမည့် ၀တ်ဆင်မှုမျိုး မဖြစ်လျှင်ပိုကောင်းမည်ထင်ပါသည်။ ခေတ်သစ် fashion အ၀တ်အစားတွေဝတ်ဆင်ထားသော်ငြားလည်း အတွင်းစိတ်သာလျှင်အဓိက ဟုယုံကြည်ပါသည်။ မြန်မာတွေ စည်းကမ်းကောင်းတယ်၊တော်တယ်၊ယဉ်ကျေးတယ် ဆိုသော အသံများသာ ကြားချင်လှပါသည်။ “အတွင်းစိတ် အစဉ် ကြည်လင်သန့်ရှင်းနိုင်ကြပါစေ။” Edutainment ဆိုသော စကားလုံးကို Education နှင့် Entertainment  ဆိုသောနှစ်ခု ပေါင်းစုခြင်းမှဖြစ်ပေါ်လာသည်။ ဖျော်ဖြေရေးမှရရှိသော ပညာပေးမှု ဟု ကျွန်တော်ယူဆပါသည်။ ယူတက်မှ ရ၏ ဆိုသလိုပါပဲ Director ပြလိုသော main point ကို ယူတက်ဖို့ လိုပါသည်။ အတုခိုးမမှားဖို့ အထူးလိုအပ်ပါသည်။ ကြည့်မိသော ကားမှာ India ကားတစ်ကားဖြစ်တဲ့ sokkomon ခေါ် ကလေးသရုပ်ဆောင် ပည...

ငွေကြေးနှင့်အမေ့မေတ္တာ

ငွေကြေးနှင့်အမေ့မေတ္တာ တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေညနေစာ ပြင်နေတုန်းမှာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ် ။ ပြီးတော့ သူရေးထားတဲ့ စာရွက်အပိုင်းအစလေးကို သူ့အမေလက်ထဲပေးလိုက်တယ် ။ သူ့မိခင်က ရင်ဘတ်ရှေ့ ဖုံးကို ချွတ်လိုက်ပြီး လက်ဆေးလိုက်တယ် ။ ပြီးတော့ကောင်လေးလက်ထဲကစာရွက်လေးကို ဖတ်လိုက်တယ် ။ စာထဲမှာရေးထားတာက မြတ်ရိတ်ခ - ၅ ဒေါ်လာ တစ်ပတ်အတွင်း အိမ်သန့်ရှင်းခ - ၁ ဒေါ်လာ အမေ့အတွက် စတိုးဆိုင်သွားပေးခ - ၁ ဒေါ်လာ အမေဈေးဝယ်ထွက်နေချိန် ညီလေးအားထိမ်းပေးခ - ၂ ဒေါ်လာ အမှိုက်သိမ်းခ- ၂ ဒေါ်လာ ကျောင်းတွင် အမှတ်တက်လာအောင် ကြိုးစားခ - ၅ ဒေါ်လာ ခြံဝင်းအတွင်းအပြင်သန့်ရှင်းခ - ၂ ဒေါ်လာ မိခင်က ကောင်လေးကို မတ်တပ်ရပ်နေရာကနေပြီးလှမ်းကြည့်တယ် ။ ပြီးတော့ ဘောပင်ယူလိုက်ပြီး စာရွက်နောက်ကျောမှာ ပြန်ရေးပေးခဲ့တယ် ။ ပြီးတော့ကောင်လေးကို ပေးဖတ်တယ် ။ စာထဲမှာရေးထားတာက ကိုးလလုံးလုံး ၀မ်းဗိုက်ထဲ နေပြီး စောင့်ရှောက်ခ - ၀ ဒေါ်လာ ညတိုင်းလိုလို အတူအိပ်ပြီး စောင့်ရှောက် ဆုတောင်းခ - ၀ ဒေါ်လာ နှစ်ပေါင်းများစွာ အမေကို ဂျီကျ စိတ်ညစ်မျက်ရည်ကျအောင်လုပ်ခ - ၀ ဒေါ်လာ သားအတွက် နေ့စဉ် ညစဉ် စိုးရိမ်ပူပန်နေခ - ၀ ဒေါ်လာ အရုပ်များ ၊ အစားအစာများ ၊ အ၀တ်အစ...

တက္ကသိုလ်ကျောင်းသားဟူသည်

တက္ကသိုလ်ကျောင်းသားဟူသည် ကျွန်တော်တို့တိုင်းပြည်မှာအခြေခံပညာကျောင်းပြီးသူတိုင်း အသက်မွေးဝမ်းကျောင်းပညာသင်ပေးတဲ့တက္ကသိုလ်တွေကို သွားပြီးပညာသင်ကြားကြရပါတယ်။တက္ကသိုလ်တွေကိုသွားပြီး ပညာသင်ကြားကြပါတယ်။ယခုခေတ်မှာ တွေ့နေရတာတွေက တက္ကသိုလ်တက်သာတက်နေတာ မိမိဝါသနာနဲ့မကိုက်ညီတဲ့ မေဂျာ(Major) ကိုယူပြီးတက်နေကြတာတွေဒုနဲ့ဒေးပါ။ ဒါတွေဟာ Brain Drain တွေပါပဲ။ ဖြစ်ခဲ့တာတွေကို မပြောတော့ပါဘူး အပြစ်မတင်တော့ပါ။ ရှေ့ဆက်လျောက်မည့်လမ်းကိုသာ ပြောလိုဆွေးနွေးလိုပါတယ်။ အကြောင်းကြောင်းကြောင့် မေဂျာနဲ့ ၀ါသနာ မကိုက်တာတွေရှိနေသော်လည်း သုံးနှစ်၊ငါးနှစ်၊ခြောက်နှစ် စတဲ့အချိန်တွေကိုအလဟသ မကုန်စေချင်ပါဘူး။ စိတ်မပါဘဲတက်နေတဲ့ ကျောင်းတွေမေဂျာတွေကို တက်နေရသော်ငြားလဲ ကျောင်းတက်ရင်း မိမိဝါသနာပါရာ အလုပ်၊ပညာ စတာတွေကို အချိန်ကို စနစ်တကျခွဲယူပြီး လေ့လာရင်ရပါတယ်။ဒါမှကျောင်းပြီးရင် မိမိလုပ်ချင်တာလဲလုပ်ရ၊ လုပ်သင့်တာလဲလုပ်ရပြီး အောင်မြင်ပျော်ရွင်တဲ့ပညာသိ၊ပညာတက်တွေ ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ အမိန့်ပေးနေခြင်းမဟုတ် အချင်းချင်းလက်တွဲ ခေါ်ဆောင်ခြင်းသဘောမျှသာ…………..။           စိတ်လေပြီး ...

သက်ဆိုင်သူ သို့

သက်ဆိုင်သူ သို့     လူတိုင်းရင်ထဲက အမှန်တရားက ဘယ်အရာနဲ့မှ တားဆီးလို့မရဘူး ဆိုသလိုပါပဲ။ ကျွန်တော်တွေ့ကြုံနေရတဲ့ ပတ်ဝန်းကျန် အခြေအနေကို အနည်းငယ်တင်ပြပါရစေ။ ဤအကြောင်းအရာသည် တနည်းအားဖြင့် ပြည်သူ့အသံပင်ဖြစ်ကြောင်း ၀န်ခံပါရစေ….။       ခုတလော ပြင်ဦးလွင် မှာ မီးတွေပျက်နေတာ သုံးရက် လောက်ရှိပါပြီ။ တစ်ရက်ကို ခြောက်နာရီ မီးပေးမည်ဆိုသော်လည်း ၅နာရီမပြည့်တပြည့်သာ………….။ လျှပ်စစ်စွမ်းအား ၀န်ထမ်းတစ်ဦးအားမေး ကြည့်တော့ ဤသို့ဖြေပါသည်.။     မီတာခတိုးထားတော့ ပြည်သူတွေ သက်သာအောင် အချိန်ပိုင်းနဲ့ အလှည့်ကျပေးတာပါ အကို တဲ့ လာချိန်ကလဲမပြည့်၊ ဖျက်ချိန်ကျတော့စောဖျက်……………… လျှပ်စစ်မီးအားကိုးပြီး အလုပ်လုပ်တဲ့ လုပ်ငန်းတွေ။ စက်မှုလုပ်ငန်း အသေးစားတွေ၊ ပုဂ္ဂလိက စက်ရုံလေးတွေ ရေသန့်စက်ရုံတွေ အဲဒါတွေက လုပ်ငန်းကို ကြန့်ကြာစေ ပါတယ်။ တချို့အင်တာနက်ဆိုင်တွေဆို သုံးရက်လောက် ပိတ်ထားရတော့ ၀င်ငွေလဲထိခိုက်ပါတယ်။တနည်းအားဖြင့် နိုင်ငံဘဏ္ဏာ ငွေကိုထိခိုက်စေပါတယ်။ ကျွန်တော့်အထင် လျှပ်စစ်ဓာတ်အားတွေ အဲဒီ လောက်အထိ မရှားပါးပါဘူး။ ရေအားလျှပ်စစ်တွေ၊ လျှပ်စစ်ပင်မအားလိုင်းတွေ၊ ဂျိုးဖြူပိ...

ဘယ်သူဆင်းရဲတာလဲ

တစ်ခါက လူချမ်းသာ သားအဖနှစ်ယောက်က ရှိတယ်။သားလုပ်တဲ့လူက ဆင်းရဲတဲ့လူတွေရဲ့ ဘ၀ကိုသိချင်တယ်အဖေ သူ့သားကို တောရွာတစ်ရွာကိုခေါ်သွားပြီး သုံးညအိပ်လောက် ပြတယ်တယ် လူဆင်းရဲတွေ ဘယ်လိုနေတယ် ဘယ်လိုထိုင်တယ်ဆိုတာတွေကိုပေါ့။ ပြီးတဲ့နေ့ကျတော့ အိမ်ပြန်ကြရင်း သားကို အဖေက မေးတယ်တဲ့ သားဒီခရီးမှာ ဘာတွေသိခဲ့ရလဲပေါ့......... သားကဟုတ်အဖေ       အရမ်းကိုသိခဲ့ရပါတယ် ။ ဟုတ်လား သား.............ဘာတွေလဲပြောပြလေအဖေ့ကို ------ကျွန်တော်တို့မှာ ခွေးတစ်ကောင်ပဲမွေးနိုင်တယ် ၊ သူတို့က လေးကောင်တောင်မွေးနိုင်တယ်။ ------ကျွန်တော်တို့ဆီမှာ ရေကူးကန်လေးတစ်ကန်ပဲရှိတယ်၊သူတို့က မြင်မဆုံးတဲ့ ကန်ကြီးတွေရှိတယ်။ ------ ကျွန်တော်တို့ဆီမှာ အယောင်ဆောင်မီးလုံးတွေပဲရှိတယ်၊ သူတို့ဆီမှာ ကြယ်စင်လေးတွေ လမင်းကြီးတွေကို မြင်ခွင့်ရှိတယ်။ ------ကျွန်တော်တို့ လမ်းလျောက်လို့ရတာက ခြံဝင်းကျဉ်းကျဉ်းလေးထဲမှာပဲ သူတို့က မိုးကုတ်စက်ဝိုင်းထိလျောက်လို့ရတယ်။ ------ ကျွန်တော်တို့နေစရာက အိမ်သေးသေးလေးမှာပဲ သူတို့နေစရာက မျက်စိတဆုံးပဲဗျားးးးးးးးး။ ------- ကျွန်တော်တို့က အလုပ်တွေကို ကိုယ်ဘာသာမလုပ်နိုင်ဘူး သူတို့က သူတို့ဘာ...