Skip to main content

One Thing We Needs


One Thing We needs
                ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု ကင်းမဲ့နေခဲ့ကြလို့ဖြစ်နေတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်။ကိုယ်ချင်းစာစိတ်ဟူသည်လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာအရမ်းကိုစကားပြောပါတယ်(အရေးပါတယ်)ကိုယ့်မှာဒီလိုမျိုးခံစားရရင်ကျေနပ်မလားဆိုပြီးအရင်ခံစားနားလည်တက်တဲ့ကိုယ်ချင်းစာစိတ်မွေးကြပါလို့တိုက်တွန်းချင်ပါတယ်။လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာစစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ်၊မိမိအိုးအိမ်တည်မြဲရေး၊ မိမိမျိုးဆက်ကျန်းမာပျော်ရွှင်ရေးစသောအချက်တွေကိုဆောင်ကျဉ်းပေးနိုင်မယ်“ထာဝရငြိမ်းချမ်းရေး”ကိုသာလိုလားတယ်လို့ထင်ပါတယ်။ဒေါသတွေပါတဲ့လုပ်ရပ်တွေကြောင့်အပူမီးတွေဟာဆက်ဆက်ပြီးလောင်ကျွမ်းစေခဲ့ပါတယ်။ရန်ကိုရန်ချင်းပြန်ဖြေရှင်းနေရင်တော့ကမ္ဘာသာပျက်သွားမယ်။စစ်ပွဲကပြီးမှာမဟုတ်ပါဘူး။ရန်ငြိုးဆိုတာအဆုံးသတ်ရိုးထုံးစံမရှိပါဘူး။အကယ်၍တစုံတစ်ယောက်ကကိုယ့်ကိုကိုယ့်အမျိုးကိုစော်ကား၊ဖျက်စီးလိုက်တယ်ဆိုရင်လဲ။ဒေါသဖြစ်မှာမှန်ပေမဲ့။ဒေါသနဲ့မဖြေရှင်းပဲတရားဥပဒေဘောင်အတွင်းကသာဖြေရှင်းသင့်ပါတယ်။“ဒေါသနောက်မှာအမှားတွေ နောင်တတွေလိုက်လာတက်ပါတယ်။”အမှားကို ကြိုသိမြင်ထားမှ ရှောင်ကျဉ်နိုင်မှာပါ။
          “ဒေါသကြောင့် အစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေမဖြစ်စေချင်တော့ပါဘူး။”
ဟီရိုရှီုးမားကိုနျူကလီးယားဗုံးချတုန်းကဗုံးဒဏ်သင့်ကလေးလေးရေးခဲ့တဲ့ကဗျာလေးတိုက်ဆိုင်လို့ မျှဝေလိုက်ပါတယ်။ကဗျာလေးကအောက်ပါအတိုင်းပါ…………………
ပြန်လျော်ပေး
ကျွန်တော့်အိမ်တွေပြန်လျော်ပေး
ကျွန်တော့်မိဘတွေ၊ဆွေမျိုးတွေ ပြန်လျော်ပေး
ကျွန်တော့်ကိုလဲ ပြန်လျော်ပေး
ပြန်လျော်ပေး……..ပြန်လျော်ပေး။
အဲလိုသနားစဖွယ်မြည်တမ်းနေပေမဲ့နောင်တ တရားတွေနဲ့သာအဆုံးသတ်သွားပါတယ်။ဒီလိုမဖြစ်ရအောင်
“အပြန်အလှန်လေးစားတန်ဖိုးထားကြပါစို့” စစ်ဘေး၊သဘာဝဘေးစတဲ့ ကပ်ဆိုးကြားက
လူတွေအကြောင်းစဉ်းစားရင်း ခပ်တိုးတိုးညည်းမိတဲ့
အင်္ဂလိပ်သီချင်းစာသားလေးက
“Give Me Sunshine,
Give me Some Rain.
Give me another Chance,
To grow up Once Again!!!!!!!!!”

Comments

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...