ငါဒါလုပ်နိုင်နေပြီ၊ ငါဆရာကြီးဖြစ်ပြီဘဲ
ငါဒီရာထူးရနေပြီ ၊ငါဘာမှ သင်စရာမရှိတော့ဘူး
ငါပိုက်ဆံဒီလောက်ရှာနိုင်နေပြီ။
ဘယ်သူနဲ့လာယှဉ်မလဲ
ပြန်တွေးလိုက်တော့
ကိုယ်လုပ်နိုင်တဲ့အကြောင်းအရာအားလုံးက
နွားခြေရာခွက်ထဲက ရေအိုင်ငယ်ပမာ
နောက်ကျိကျိ ခပ်တိမ်တိမ်
ဧ၀ရတ်တောင်နဲ့ယှဉ်လိုက်ရင်
ဆင်နဲ့ပုရွက်ဆိတ်ငယ်ပမာ၊ ပင်လယ်ကြီးနဲ့ယှဉ်ဖို့ရာဝေး
ဘာမှမဟုတ်သေးတဲ့ ငါပါလား။
-မာနဆိုတာလဲမထားသင့်တဲ့နေရာမထားတာကောင်းတယ်
တလွဲမာနတော့မဖြစ်စေနဲ့ပေါ့။
Realism ဆိုသလို အမှားနဲ့အမှန်ဒွန်တွဲစဉ်းစားတက်မှ
လူပီသတဲ့လူဖြစ်မှာပေါ့
လူဖြစ်ပြီးလူမပီသတဲ့ လူ ဖြစ်မှာငါအကြောက်ဆုံးပဲ။
အသက်ကြီးပြီးမရင့်ကျကြသေးတဲ့
အူတူတူလူသားတွေအတွက် သူတို့အစားတွေးပြီး ရင်လေးမိတယ်
ဘ၀ဆိုတဲ့ရထားပေါ်မှာ ရည်ရွယ်ချက်မဲ့ပြီး
လျောက်လှမ်းနေကြတာ ဒုနဲ့ဒေး
ဘာမှမပါလဲလူ့ဘ၀ကိုလာပြီး ဘာမှမလုပ်၊ ဘာမှ မပါဘဲပြန်ထွက်သွားမလို့လား
ငါခေါ်မေးလိုက်ချင်ရဲ့။
-မြေကြီးပေါ်က မြေမှုန်လေးတစ်မှုန်က
သူ ပန်းအိုးလေးတစ်လုံးအဖြစ်တာဝန်ယူခဲ့ပြီး
ပန်းလေးတွေ ရှင်သန်အောင်သူပံ့ပိုးခဲ့တယ်။
တစ်ချိန်ချိန်မှာသူ ကွဲသွားမှာ မှန်ပေမဲ့
ကွဲသွားတဲ့အချိန်မှာ သူလက်မထောက်ပြီး
ရှုံးနိမ့်ခဲ့တယ်
သူအကောင်းဆုံးစွမ်းဆောင်ကြိုးစားခဲ့တာကိုး။
-ငါလဲဒီလိုပဲ တစ်ထောင့်တစ်နေရာကနေပြီး
ပံ့ပိုးကြိုးစားရင်း အသက်စွန့်သွားချင်တယ်
လူသားဆန်ပြီး ကြိုးစားတဲ့လူတစ်ယောက်အနေနဲ့
ပြုံးပြုံးကြီး လက်မထောင်ပြီး
လူ့လောက က ထွက်သွားနိုင်အောင်
ကြိုးစားသင့်တာပေါ့။
-အရှုံးတွေအမုန်းတွေ အားလုံးပျက်သုန်းပြီး
ရှုံးနိမ့်လဲကျလည်း လမ်းလျောက်တက်စ ကလေးငယ်လို
ပြန်ကုန်းထပြီး လမ်းပြန်လျောက်နိုင်အောင်
ကိုယ်တိုင် ရုန်းထနိုင်ရမှာပေါ့။
"အရှုံး" ဆိုတာ "အနိုင်"အတွက် လှေကားထစ်တွေပေါ့။
ရဲရဲ လျှောက်လှမ်းကျော်ဖြတ်နိုင်ရမှာပေါ့။
11.4.2013
ရဲသွေး
9:35 P.M
1 comments:
မိမိကိုယ်ကို ဝေဖန်နိုင်ခြင်းဟာ ရှေ့ဆက်ရမယ့်အားလို့ ထင်မိပါတယ် ...
Post a Comment
ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။