ဘဝတွင် အောင်မြင်ဖို့ရာ
ဒီပုံလေး နိုင်ငံတကာ ဖွဘုတ်ပေ့တွေမှာ အတော်လေး ရေပန်းစားနေ ပါတယ်။
ကောင်လေး တစ်ယောက် အစက မလုပ်နိုင်ဘူးလို့ အထင်နဲ့ တစ်ဆင့်ပြီး တစ်ဆင့်
လုပ်ကြည့်ရင်း အပေါ် ရောက်သွားတာလေးပါ။ လုပ်နိုင်မယ့် အထင်နဲ့ နောက်ဆုံးတော့
ပန်းတိုင်ကို ရောက်သွားတဲ့ ပုံစံမျိုး။
သို့ပေမယ့်
အောင်မြင်သွားတဲ့ သူအတော်များများရဲ့  လက်ကိုင်ထားတဲံ လမ်းစဉ်နဲ့
နည်းနည်းတော့ လွဲနေပါတယ်။ ဘုရင့်နောင် ဖောင်ဖြတ် ဆိုရိုးကလည်း အရှိသားလေ။
လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကိစ္စကို သူပြန် နောက်မဆုတ်ဘူး။
နောက်တစ်ခုက ကမ္ဘာကျော်တီထွင်ပညာရှင်တွေ။ အက်ဒီဆင်တို့ မီးလုံး ဖန်တီးတုန်းက သူပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။
"ငါမကျရှုံးဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်း တစ်ထောင်ကို ရှာတွေခဲ့တာ" တဲ့။
I found 1000 ways not to make a lightbulb လို့ဆိုပါတယ်။
ဒီမှာကတည်းက အက်ဒီဆင်ရဲ့  ခံယူချက်ကို မြင်နေရပါတယ်။ သူ စလုပ်ကတည်းက
အရှုံးအတွက် လက်မိုင်မကျဘူး။ အရှုံးအတွက် ဝမ်း မနည်းဘူး။ ပုံကပြထားတဲ့
ကလေးလို လှေကားမှာ မိုင်မနေတတ်တဲ့ လူစားမှန်း သူ့စကားနဲ့ လုပ်ရပ်က
သက်သေပြပါတယ်။ ပညာရှင်များ က တီထွင်ဖန်တီးမှု မအောင်မြင်သည့်တိုင် "ငါ
လုပ်ကောလုပ်နိုင်ပါ့ မလား" လို့ ကိုယ့်ကိုယ့်ကို ပြန်မေးခွန်း မထုတ်ပါဘူး။
အလုပ် စလုပ်ကတည်းက ခြေလှမ်းတိုင်းမှာ အားပါပြီးသားလေ။ ပထမ ၁ လမ်းမှာ ထားတဲ့
ခံယူချက်နဲ့ ပန်းတိုင်ရောက်ခါနီးထားတဲ့ ခံယူချက်က မပြောင်းလဲပါဘူး။
အက်ဒီဆင်တို့ မီးလုံးထွင်တုန်းက ပထမဆုံး ခြေလှမ်းနဲ့ နောက်ဆုံး ခြေလှမ်း
ခံယူချက် ပြောင်းမသွား ပါဘူး။ ဖြစ်မလာသေးတာပဲ ရှိတာကို သက်သေပြသွားပါတယ်။
ဒီတော့ စာဖတ်သူတို့အထဲမှာလည်း အလုပ်တစ်ခုကို မစခင်ကတည်းက
ငါလုပ်နိုင်ပါ့မလားလို့ သံသယဝင် ကြေက်ရွှံ့ နေရင် ဘယ်လမ်းစဉ်က ကိုယ့်အတွက်
အကောင်းဆုံး ဖြစ်မယ်ဆိုတာကို ချင့်ချိန် စဉ်းစားနိုင်ဖို့
မျှဝေပေးလိုက်ရပါတယ်။
--
အောင်ခမ်း (TSJ team)
Re-Post By ကိုနော်(Wisdom Life) 27-4-2013
Credit & Copy From
အေးချမ်းမွန်
>TechSpace Journal<Thank
- Get link
- X
- Other Apps
Labels
တိုးတက်ရေး ရသ သုတ အမှန်တရား
Labels:
တိုးတက်ရေး
ရသ
သုတ
အမှန်တရား
- Get link
- X
- Other Apps
thank you
ReplyDeleteတကယ်လေးစားပါတယ်