လေပြေအပင့် ပန်းအလွင့်
Ø
ပင်မြင့်ထက်က
ပန်းသခင် ငွားစွင့်လျက်ပင်
လှပလွန်းတဲ့သူ့ပုံပန်း
လိုချင်သူတွေဝိုင်း
ဖြစ်မြဲပဲပေါ့လောကဓံ မြင့်ပေါ့အလှမာန်
လေပြေညှင်းနဲ့ ယိမ်နွဲ့ကာ
လှပေါ့သူ့ က ဟန်
ဖူးငုံကတည်းကသူ့အလှ မြင်သူသဘောကျ
Ø
များပြားလှတဲ့
လှပဂေး ရှိမှန်းသူမသိသေး
ရောင်စုံလှတဲ့ပန်းခင်းမှာ
ရှိပေါ့လှပဂေး
မြင်သူမြတ်နိုးစေရန်ကြိုး၍
သင်းပျံ့ရနံ့ စိတ်ဓာတ်ပေး
မာနလေးလဲ ဘေးကိုဖယ်
ယဉ်ကျေးလိုက်ပါ ပန်းလေးရယ်
Ø
လှည့်ပြောင်းလွယ်တဲ့ကံကြမ္မာ
ပြောင်းပေါ့ မှော်ဆန်ဆန်
မုန်တိုင်းထန်တောင်သူမကြွေ
သူ့မာနနဲ့ကြံကြံခံ
သို့ပေသော်ငြား ကံတရား….
မြေသို့ကြွေကျ မြေမှာခ
လေပြေအပင့် ပန်းအလွင့်မို့….. ။
Copyright © by ရဲသွေး(Wisdom Life)
0 comments:
Post a Comment
ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။