Sunday, April 21, 2013

ညညည်းသံ



အလျိုအလျိုအိမ်ပြန်ကြတဲ့ခြေလှမ်းတွေ
ကွေ့ကောက်ကြုံလှီတဲ့လမ်းတွေမှာ
ဖြောင့်ဖြောင့်လျောက်ဖို့ဆိုတာ တွေခနဲ
တရှိုက်မက်မက်ဖွာရှိုက်လာတဲ့
မောဟဆေးလိပ်တိုကို ခြေထောက်နဲ့ဖိနင်းရင်း
ဘ၀ဆိုတဲ့အကြောင်း အခြေအမြစ်မရှိတွေးမိတယ်။
အနာဂါတ်ကလှေကားတွေအကြောင်း
ပင်လယ်ပြင်က လှိုင်းမိုက်တွေအကြောင်း
ညနက်အတွင်းက ဘ၀ပျက်တွေအကြောင်း
မှောင်ရီအတွင်းက ရောင်ခြည်မသိသူတွေအကြောင်း
-
ခုလဲကြည့် စည်းကမ်းဆိုတာကို
လုံးချေပြီး လမ်းပေါ်သူတို့ပစ်ခဲ့ကြပြီ

မှောင်မိုက်ခြင်းတွေနဲ့အတူ

မြို့လေးရဲ့အဖျားဒီဂရီမြင့်တက်ခဲ့ပြီ
-
-
-
-
ကိုယ့်နှဖူးကိုယ်ပြန်စမ်းကြည့်မိတယ်

ခြစ်ခြစ်တောက်ပါကလား။

ကိုနော်(Wisdom Life)
10:35 p.m
21.4.2013

0 comments:

Post a Comment

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။

Related Posts Plugin for WordPress, Blogger...