Skip to main content

Posts

Showing posts from 2012

စာကြောင်းတိုတိုဖတ်စေလို

ကဲ စာကြောင်းတိုတိုဖတ်စေလိုဆိုလို့ လာဖတ်ကြတယ်ဟုတ် ကျွန်တော်ထူးထူးခြားခြားအကြောင်းတွေရေးမှာမဟုတ်ပါဘူး ကျွန်တော်ပို့စ်မတင်နိုင်တဲ့အကြောင်းကိုပို့စ်ရေးခြင်းဖြစ်ပါသည်။ (တစ်ယောက်တည်းရှုပ်နေတာပဲ) ကျွန်တော်အလုပ်နှစ်ခုကြောင့်မအားမလပ်နိုင်ပဲ ၀ါသနာပါတဲ့ စာကိုမရေးဖြစ်တာ နည်းနည်းကြာပါပြီ။ စာအုပ်ထဲမှာပဲချရေးထားဖြစ်ပါတယ်။ အချိန်ရမှပဲ ကျွန်တော်ကြိုးစားထားသမျှကို မျှဝေပါ့မယ်။ အားလုံးကိုလေးစားလျက် ကိုနော် (Wisdom Life)

အမိန့်မကျသေးလို့ပါ။

ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတဲ့လူတွေကိုမ ဖမ်းပဲဦးထုပ်ဆောင်းပြီး နည်းနည်းလောက် သေးငယ်တဲ့အမှုကို ဦးထိပ်တင်တက်တဲ့ တို့ပြင်ဦးလွင်က ယာဉ်ထိန်းရဲတွေအတွက် မှတ်ကျောက်တင်ပါရစေ။သုံးယော က်စီးတဲ့လူတွေကိုတော့ ဖမ်းပါရဲ့။ဦးထုပ်မဆောင်းတဲ့ လူတွေကို မဖမ်းဘူးလားဆိုတော့ အများကြီးဆိုတော့မဖမ်းနိုင် ဘူးလေဗျာ အမိန့်လဲမရသေးလို့ပါတဲ့ ။ သိတဲ့လူတွေဖြေကြပါ တရားဥပဒေစိုးမိုးရေးဆိုတဲ့ေ ခါင်းစဉ် ဘယ်မှာချောင်ထိုးထားကြပါသလဲ ။ ကိုယ်တွေ့ဖြစ်ရပ်ပါ။ ကျွန်တော်မီးနီဖြတ်ပီး စီးမိပါတယ် ဖမ်းပါဖမ်းခံခဲ့ပါတယ် အပြစ်ရှိတာကိုး ကိုယ်လုပ်ရင်ကိုယ်ခံရဲပါတယ် ။ ဒါပေမဲ့ များတယ်ဆိုပြီး မနိုင်ဘူးဆိုပြီး စည်းကမ်းမရှိစီးနင်းနေတဲ့ လူတွေကြတော့လစ်လျှူရှုနေကြတာ ဒို့နိုင်ငံကို ခင်ဗျားတို့ ယာဉ်ထိန်းရဲတွေ ခြစားအောင်လုပ်နေတာနဲ့ အတူတူပဲ ။တရားဥပဒေအထက်မှာဘယ်သူမှမရှိစေရဘူးဆိုတဲ့ စကားကို ဘယ်မှာထားကြပါသလဲ။ ပေါက်ကွဲလွန်းလို့တင်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်သမ္မတကြီးလဲသိစေချင်ပါတယ်။ ကျွန်တော်က ဥပဒေ၊တရားမျှတမှု၊စည်းကမ်း ကို လိုလား၊လေးစားတဲ့ မြန်မာပြည်သား စစ်စစ်ပါ။ ဒီကိစ္စကို ဖတ်မိတဲ့လူတိုင်း ပြန်ရှယ်ယာလုပ်ပေးကြပါ။ ဒီလိုဦးထုပ်မဆောင်းတဲ့လူတေ...

ဒို့ပြည်

ခပ်ရိုင်းရိုင်းအပြောအဆိုနဲ့ စာရိတ္တသင်နေတဲ့ ဆရာ၊ဆရာမတွေ သခင်မျိုးဟေ့ဒိှု့ဗမာဆိုပြီး တရုတ်ရဲ့အလုပ်သမားတွေ ဖြစ်နေရတဲ့ ဒို့လူမျိုးတွေ ဒီလိုအဖြစ်တွေတွေ့ရတိုင်း ခေါင်းကုတ်စဥ်းစားစရာဖြစ်လာရော ဘာကြောင့်ဖြစ်ပါလိမ့်........ ???  ယဉ်ကျေးမှုမပပျောက်ရေးဆိုတာတွေထက် ကိုးရီးယားစတိုင်ဝတ်စားမှုတွေက ခေတ်စားလာတာအမှန် ကျောင်းဆိုတာကလဲ စာဆိုတာထက် အသပြာကို သင်နေတာလားမသိ ကိုးတန်းဆယ်တန်းရောက်သာရောက်လာတယ် True or False ဆိုတာ မသိသူတွေ ဒုနဲ့ဒေး အမှားနဲ့အမှန်မသိသရွှေ့ တို့မြန်မာတွေ တိုးတက်ဖို့ဝေးနေအုန်းမှာပဲ Free flow of Myanmar ဖြစ်လာရင် ဒို့နိုင်ငံမှာ သူများနိုင်ငံသားကခိုင်းတာလုပ်ရအုန်းမှာပဲ။ ဒါကို ထမင်းစားတာ မမေ့သလို မမေ့ဖို့လိုတယ် ရှာမယ်ဆိုတာထက် 12 လ ရာသီပွဲမှာ သုံးဖြုန်း မူးတူး ပျော်ပါးနေကြတာတွေ ဒို့လူငယ်တွေအင်အားပြဖို့ က ငမူးအင်အားပြဖို့ ငရူးအင်အားပြဖို့မဟုတ်ပေ သူများလူငယ်တွေနဲ့ကွာပဗျာ။ မလုံမလဲဝတ်စားမှုတွေ ရဲ့ စီးဆင်းမှုအောက်က ရွှေမြန်မာ မ တွေရဲ့ ၀တ်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ မဒိမ်းမှုတွေ။ ဒို့မြန်မာတွေရဲ့ တလင်တမယား စနစ်မြောင်းထဲရောက်ပြီလားဟင်......။ အတုမခိုးသင့်တာခိုးတဲ့ ဒို့လူမျိုးတွေပါလား။ ဒ...

မသိခြင်းများနှင့်ကျွန်တော်

အရာရာကို သင်ယူချင်နေတဲ့ ကျွန်တော်မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ်ဆိုင်မှာ သွားအလုပ်လုပ်ဖြစ်တယ်လေ။ ကဲ ပြဿနာက စတော့တာပဲ။ စရောက်တုန်းက မနေတက်မထိုင်တက်ပေါ့။ဟိုနေရာ မ၀င်ဒီနေရာမကိုက် ကောင်တစ်ယောက်ဖြစ်နေခဲ့တယ်။ အပြောအဆိုကစ၊ အနေအထိုင်အဆုံး အစစ သင်နေရတယ်လေ။  ရေးနေတာကလဲ ဘလော့သာဆိုတာပါ။ ဒိုင်ယာရီ တစ်ပုဒ်အဖြစ်သာ စိတ်ထဲက ထင်နေမိပါတယ်။ အဆင်မပြေတာကြုံလာရတိုင်း ဘ၀အတွက်ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးနဲ့ အဆင်ပြေအောင်ပေါင်းတက်အောင်လုပ်နေရတယ်။ အနေအထိုင်မတက်လို့ အပြောခံရတာလဲ ရှိတယ်။ နောက်တစ်ခါ မမှားအောင် မနည်းသတိထားနေရတယ်။ အမှားတစ်ခုကို ထပ်ခါထပ်ခါမှားတာက ပိုဆိုးတယ်ဆိုလို့လေ။ သဘောကျမိတာက စည်းကမ်းပိုင်းဆိုင်ရာ Management ပိုင်းပေါ့။ ဘယ်လို ဆက်ဆံမလဲ ။ဘယ်လိုပြောဆိုမလဲ။ ဘယ်လိုရောင်းဝယ်မလဲ ။စသည်စသည်ပေါ့။နောက်တစ်ခုခေါင်းထဲရောက်လာတာက ။ ဆက်ဆံရေးနှင့်ကျွမ်းကျင်မှု။ ဆက်ဆံရေးက စီးပွားရေးမှာ အရမ်းအဓိကကျတယ်နော်။ အဲဒီရောက်မှသိတယ် အ၇မ်းအရေးပါတယ်ဆိုတာပေါ့။ ဆက်ဆံရေးကောင်းတာတင်မကဘူးဗျ ၀န်ဆောင်မှုကလဲ လိုပြန်ရော။ ကဲ သင်နိုင်သမျှသင်ယူလေ့လာအုန်းမှာပဲနော်။ အင်းတစ်နေ့နေ့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ မမှိတ်မသုန် လေ့လာကြိုးစာ...

နားလည်မှု

အရာရာကို မ ထက်ပိုပြီး မလိုချင်ခဲ့ဘူး ထာဝရဆိုပြီးရည်မှန်းထားခဲ့တာ ပကာသနမပါဘူးချစ်သူ။ ပကာသန မပါလဲ  နားလည်မှုမပါရင်  အရာရာမှာ အဆင်မပြေဘူးချစ်သူ နားလည်မှုဆိုတာလဲ လိုတက်တာပိုလို့မကောင်းဘူးနော် အလယ်အလတ်ပဲကောင်းတယ်။ အချစ်အချစ်နဲ့ လူတွေပြောနေပေမဲ့  အချစ်ကို ရယူခြင်းလဲ မသတ်မှတ်ဘူး ပိုင်ဆိုင်ခြင်းလဲမသတ်မှတ်ဘူး အချစ်ဆိုတာ လက်ခံတဲ့လူပေါ်မှာပဲမူတည်တယ်လေ။ ရေလိုပဲပေါ့။  ရေကို ပူတဲ့ခွက်ထဲထည့်ရင်ပူသွားသလို အေးတဲ့ခွက်ထဲထည့်ရင်အေးသွားတာပဲ။  လက်ခံတဲ့ လူပေါ်မှာပဲမူတည်တယ်ချစ်သူ။ ချစ်သူက နားလည်မှုတွေနဲ့အပြန်အလှန်လက်တွဲသွားကြဖို့ပဲလိုတယ်နော်။ ချစ်သူ လက်တွဲနိုင်ပါ့မလား။ ဘ၀အခက်အခဲတွေကို အတူတူလက်တွဲဖြေရှင်းနိုင်ပါ့မလား။ ဘ၀ဆိုတာထင်ထားသလိုမဖြစ်လာနိင်တာကိုလဲ သတိရပေးအုန်းနော်။ ဒါမှ ခံနိုင်ရည်ရှိမှာလေ။  မိဘအသိုင်းအ၀ိုင်းတွေအပေါ်နားလည်ပေးနိုင်ပါ့မလား။ အေးအတူပူတမျှနေနိုင်ပါ့မလား။ အပြန်အလှန်သစ္စာရှိနိုင်ပါ့မလား။ ကမ်းလင့်နေဆဲလက်တစ်ဘက်က..........လှမ်းလာမဲ့ လက်ကလေးကို မျှော်နေဆဲပါချစ်သူ။ ရွှေလက်ခိုင်ခိုင်တွဲနိုင်ပါ့မလား။ မျှော်နေမယ်နော် ချစ်သူ။  ...

အရာရာကို........

အရာရာကိုအရှုံးပေးနေရင်.......ဘယ်အောင်မြင်သူဖြစ်တာပါ့မလဲ။ အရာရာကိုလက်မြောက်နေရင်...ကျွန်တော်လူညံတစ်ယောက်ဖြစ်သွားမှာပေါ့။ အရာရာကိုကြောက်နေရင်....ဘယ်ရှေ့ရောက်ပါတော့မလဲ။ အရာရာမှာ မပြောရဲမဆိုရဲရင်....ရသင့်တဲ့အခွင့်အရေးဘယ်ရပါတော့မလဲ။ အရာရာမှာ နှုတ်ပိတ်နေရင်....ငတုံးငအဆိုပြီးလူတိုင်းနှာခေါင်းရှုံ့ကြမှာပေါ့။ အရာရာမှာ အားနာနေရင်......ဒီကောင်ငပိန်းပါကွာဆိုပြီး လာညာစားကြမှာပေါ့။ အရာရာမှာ ရက်ရောနေရင်....သူတောင်းစားတွေ တိုက်ဆောက်ကုန်မှာပေါ့(ကလေးစကားနဲ့ပြောတာပါ) အရာရာမှာ မောက်မာနေရင်..........လူတိုင်းရှောင်ဖယ်ကုန်မှာပေါ့။ အရာရာမှာ လိုက်ပြောနေရင်.... ကိုယ်စကားဘယ်လေးစားပါတော့မလဲ။ အရာရာမှာ စည်းကမ်းမရှိရင်....ဘယ်တိုးတက်အောင်မြင်ပါတော့လဲ။ အရာရာမှာ လက်ဖွာနေရင်ဘယ်ကြီးပွားပါ့မလဲ။ အရာရာမှာ စီးကပ်နေရင်ဘယ်လူကပေါင်းဝံ့ပါတော့လဲ။ အရာရာမှာ ဒူးထောက်အရှုံးပေးနေရင် သူများထက်ခေါင်းတစ်လုံးနိမ့်နေမှာပေါ့။ အရာရာမှာ ခေါင်းငုံနေရင်ဘယ် အမြင့်ကိုမြင်ရပါတော့လဲ။ အရာရာမှာ မစဉ်းစားရင် တန်ဖိုးရှိတာတွေဘယ်သိတော့မလဲ။ အရာရာမှာ အချိန်ဖြုန်းနေရင် လူ့ဘ၀က အလကားဖြစ်သွားမှာပေါ့။ အရာရာမှာ...........................................

သတိရရဲ့လား။

သတိရရဲ့လားဆိုလို့ သီချင်းမှတ်နေကြပါအုန်းမယ်။ ကျွန်တော့် ခံစားချက်ကဗျာလေးတစ်ပုဒ်ချရေးပြီး ရင်ဖွင့်ပါရစေအုန်းဗျာ။ မွန်းကြပ်နေပြီ ကဗျာလေးနဲ့ဖောက်ထွက် ရင်ဖွင့်ခွင့်ပြုပါ သက်ဆိုင်သူသိနိုင်ပါစေ။(သက်ဆိုင်ရာ မဟုတ်ပါ )  သတိရရဲ့လား ဘ၀ကိုယ်စီနဲ့ လှမ်းနေကြတော့  ချစ်ရသူ မျက်နှာတောင်တစ်ပတ်တစ်ခါမြင်ခွင့်မရှိခဲ့ဘူး မြင်ရလဲ ကြည့်မ၀တဲ့မျက်နှာလေးနဲ့ ပြန်ခွဲရမှာ သိပ်လွမ်းတယ် အချိန်တွေကိုရပ်တန့်ပစ်လို့ရရင် ရပ်ထားလိုက်ချင်တယ်။ ချစ်ရသူနဲ့ဘယ်ချိန်မှ တူတူနီးစပ်ပြီးချစ်ခွင့်ရပါ့မလဲ။ ချစ်ရသူကော ကိုယ့်ကိုသတိရဲ့လား။ အရှုပ်ထုပ်မရှိဘူးဆိုပြီး ၀မ်းများသာနေမလား။ ကွာဝေးနေတဲ့တောင်တန်းတွေကြားကနေပဲ လွမ်းနေမလား။ ကာရန်ကဗျာမဟုတ်တော့ ကာရန်မညီတာခွင့်လွတ်ပါ။. အိပ်ရာဝင်ခါနီးတိုင်းသတိရတာ သူသိနိုင်ပါ့မလား။ စာအုပ်ဖတ်တိုင်းလဲ သူဒီလိုစာအုပ်လေးဆိုရင်ကြိုက်မှာပဲလို့တွေးမိတာ ချစ်သူ သိနိုင်ပါ့မလား။ သီချင်းနားထောင်တိုင်းလဲ ချစ်တဲ့သူဆီစိတ်ရောက်ရောက်နေတာ ချစ်သူသိနိုင်ပါ့မလား။ မိုးစက်တွေမြင်တိုင်း လွမ်းနေတယ်ဆိုတာ သူသိနိုင်ပါ့မလား တိုက်ဆိုင်မှုတွေရှိလာတိုင်း သတိရ လွမ်းဆွတ်နေတာသူသိနိုင်ပါ့မလား ချ...

လက်တို့ဆုံရာဝယ်

                                                                  လက်တို့ဆုံရာဝယ် “ခွမ်း” ပုလင်းကျကွဲသံကြောင့် ဘေးမှလူများစူးစမ်းကြသည်။ကျွန်တော်ကဒေါသတွေနှင့်ဘာမှ မမြင်တော့ လက်မှာလဲ ကပ်စေးစေး နီပျစ်ပျစ်သွေးတွေ စွန်းနေပြီ။အကြောင်းက ပုလင်းကိုရိုက်ခွဲလိုက်လို့ လက်ကိုပြန်ရှတာပါ။ ကျွန်တော်သွေးစွန်းတဲ့လက်နဲ့ လက်ညိုးငေါက်ငေါက်ထိုးပြီး “မင်းမို့လုပ်ရက်တယ်ကွာ၊ငါတန်ဖိုးထားတဲ့ သစ္စာတရားကို မင်းမို့လို့စော်ကားရက်တယ်။ မင်းပျက်ပြီလို့ပြောခဲ့တဲ့ မင်းရဲ့ အဆက်ဟောင်းကြီးနဲ့မင်းပြန်ဆက်တယ်။ မင်းကိုချစ်ခဲ့တဲ့ သစ္စာတရားတွေနဲ့ ငါ့နှလုံးသားကို မြေမြှုပ်ပစ်ရမှာလားကွ            ဟင်” “ဖြေလေကွာ”        ...

သို့သော်

-လူမသိသူမသိ လူတစ်ယောက် သို့သော် ကဗျာတွေရေးနေတယ် -သဘာဝကသူ့အလုပ်သူလုပ်နေတယ် သို့သော်လူတွေက ပြောင်းလဲနေတယ် -ပုဆိုးဝတ်တဲ့လူမျိုးတွေ၊ထဘီဝတ်တဲ့လူမျိုးတွေ ဘောင်းဘီ၊စကပ်(အတို၊အရှည်)တွေဝတ်ကုန်ပြီ သို့သော် မိမိဘာလူမျိုးဆိုတာကိုတော့ အမြဲသတိထားသင့်တယ်။ -ဆံပင်ထောင်ချင်ထောင်ပေါ့၊ မာနတော့မထောင်ကြပါနဲ့။ -One-way ဆံပင်တွေထားပေမဲ့ ပြဿနာကိုတော့ နည်းတစ်နည်းထဲနဲ့ ဖြေရှင်းလို့မရဘူး -နားကပ်တွေဖောက်ထားပေမဲ့ အမြင်တွေမမှောက်မှားဖို့လိုတယ် -ဆံပင်တွေအရောင်ဆိုးပေမဲ့ စိတ်ထားတွေဖြူစင်ဖို့လိုတယ်။ -ရောဂါဖောက်မှသေတာမဟုတ် ငွေနဲ့ပေါက်လို့ဘာသာပျောက်တဲ့သူတွေ တစ်ပုံကြီးရယ်…. -ခဲကျည်(Lead-Bullet)နဲ့ ပစ်မှသေတာမဟုတ်ဘူး ငွေကျည်(Money-Bullet)နဲ့ ပစ်လို့ နေစရာနေရာပျောက်တဲ့လူတွေ ဒုနဲ့ဒေး -စီးပွားရေးတော့တွဲလုပ်ကြပေါ့၊ကြီးပွားရေးနဲ့ နိုင်ငံပိုင်ဆိုင်မှုတွေကိုတော့ ဆွဲမမြှုပ်စေချင်ဘူး။ -စီးပွားရေးတိုးမတိုးတော့မသိ မြို့သစ်မှာတော့ မြန်မာတွေတိုးလာခဲ့ပြီ။ -ကာရန်မညီတဲ့ ကဗျာတစ်ပုဒ်ချရေးမိတယ် သို့သော်………………….။    ။              ...

One Thing We needs

One Thing We needs                 ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု ကင်းမဲ့နေခဲ့ကြလို့ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။           ကိုယ်ချင်းစာစိတ်ဟူသည် လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာ အရမ်းကို စကားပြောပါတယ်(အရေးပါတယ်) ကိုယ့်မှာ ဒီလိုမျိုးခံစားရရင် ကျေနပ်မလား ဆိုပြီး အရင်ခံစားနားလည်တက်တဲ့ ကိုယ်ချင်းစာစိတ်မွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။           လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာ စစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ် ၊မိမိအိုးအိမ်တည်မြဲရေး၊မိမိမျိုးဆက် ကျန်းမာပျော်ရွှင်ရေး စသောအချက်တွေကို ဆော...

ကြိုက်မိတဲ့ antivirus တစ်ခု (Smadav.2012)

တော်တော်ကောင်းပါတယ် သုံးကြည့်ပါ။တခြားအန်တီဗိုင်းရပ်စ်တွေမသတ်နိုင်တဲ့ဟာသူသတ်နိုင်ပါတယ်။ အင်ဒိုနီးရှားက လူတွေလုပ်ထားတဲ့ဆော့ဝဲလေးပါ။ပြန်မျှဝေလိုက်ပါတယ်။ အဆင်ပြေကြပါစေ။အောက်မှာဒေါင်းလိုက်ပါ။ keys လဲပါပါတယ်။ ဒီမှာဒေါင်းပါ

မိုး..... Rain

  မိုးနဲ့အတူ ကြည်နူးနေတဲ့လူရှိတယ်   လွမ်းဆွေးနေတဲ့လူရှိတယ်။   စိမ်းညို့ညို့သဘာဝတရားတွေရှိတယ်။   မိုးနဲ့အတူ လှပတဲ့ ပန်းတွေဖူးပွင့်တယ်။   ဘယ်ဆီပြေးလို့လွမ်းရမှန်းမသိတဲ့အ၇ာတွေလဲရှိသေးတယ်။ လ၀ါဆိုခါသမယ မှာ သွန်းချလိုက်တဲ့ မိုးရေစက်တွေဟာ ကမ္ဘာမြေကြီးရဲ့နေရာ အနှံ့အပြားကို စိုစွတ်အေးချမ်းစေပေမဲ့ ကျွန်တော့်ရင်ခွင်ရဲ့ခြောက်သွေ့ အကျည်းတန်နေမှုကိုတော့ ကုစားမပေးနိုင်ခဲ့ပါဘူး။အစကပထမက ဖြေးဖြေးနှေးနှေးရွာချနေပေမဲ့ မျက်မာန်တော်ငြိုး အမျက်တိုးလာပြီး တဝေါဝေါရွာ၊ မိုးကြိုးက တ၀ုန်းဝုန်း၊လျှပ်စီးက တလျှပ်လျှပ် တံစက်မြိတ်ကရေကျသံက တစက်စက်၊ခေါင်းမိုးပေါက်ကကျနေတဲ့ရေကျသံက တတောက်တောက် သံစုံတီးဝိုင်းနှင့် သူ့ဇာတ်သူ က နေသလိုပင်………………………….။ ဤအချိန်မျိုးကို ကျွန်တော်ဘယ်မှမထွက်ချင် မသွားချင်တော့ ဘယ်ဆီမှန်းလို့လွမ်းရမှန်းမသိ အိပ်ယာထဲသာ စောင် နဲ့ ကွေးနေမိတက်တယ်………………။ ရှုလော့ မိတ်ဆွေဟိုအဝေးဆီက မှိုင်းပျပျနှင့် မြွေတစ်ကောင်လို ရစ်ခွေနေသော တောင်တန်းကြီးများမှာ မြူခိုးများနှင့်ရစ်သိုင်းလို့………………………………. ၎င်းမြင်ကွင်းကိုကြည့်ရင်………အလွမ်းဓာတ်ခံရှိသူအဖို့ “ငိုချင်ရင်းလက်တို့...

ကျွန်တော့်ဘ၀ပြောင်းလဲမှုမှတ်တိုင်သစ်

ကြိုးဆွဲရာ က တက်တဲ့ ရုပ်သေးရုပ်လဲမဟုတ်တော့ပါ ခံစားချက်တွေနဲ့ ပုထုဇဉ်လူသားတစ်ယောက်ပါ ခံစားတက်တယ် နာကျည်းတက်တယ် ပျော်ရွှင်တက်တယ် ၀မ်းနည်းတက်တယ် ချစ်တက်တယ် မုန်းတက်တယ် ပုံစံခွက်ထဲ အတင်းသွတ်သွင်းရအောင် သံတုံး တစ်တုံးလဲမဟုတ်ဘူး ဒါဆိုဒါပဲ ခိုင်းတာလုပ်ရအောင် နွားတစ်ကောင်လဲမဟုတ်ဘူး ရှုးတိုက်တိုင်း ကိုက်တက်တဲ့ ခွေးတစ်ကောင်လဲမဟုတ်ဘူး ယုယမှုတွေကို အမြဲခံချင်နေတဲ့ ကြောင်တစ်ကောင်လဲမဟုတ်ဘူး။ ကျုပ်လုပ်ချင်တာ ကျုပ်ဖြစ်ချင်တာ ကျုပ်လုပ်ခွင့်ရှိတယ် ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ် လာမချုပ်ချယ်ပါနဲ့ နာခံဖို့ကတော့ ဆောရီးပဲ....... လူကိုပဲအချုပ်ခန်းထဲ ထည့်ချင်ထည့်လို့ ရမယ် ကျုပ်ရဲ့ စိတ်ဝိညာဉ်ကိုတော့ ချုပ်ကိုင်ချယ်လှယ်လို့မရဘူး လွတ်လပ်မှု တရားမျှတမှု ကိုပဲမြတ်နိုးတယ် လာမချုပ်ချယ်နဲ့ လာမစိုးမိုးနဲ့ မတရားမှုတွေ မလိုလာဘူး အသက်အသေခံပြီး အမှန်တရားကို ၀န်ခံသွားမယ်။ ဒီနေ့ကစပြီး အရာရာကို ပြောင်းလဲလိုက်ပြီ စိတ်ဓာတ်က စ ပြီးတော့ပေါ့။ မနေ့က ကျွန်တော်မဟုတ်တော့ဘူး ကျုပ်ဝါသနာပါရာ ကျုပ်အားသန်ရာကိုပဲ  အောက်ကျချင်ကျ ၊ ဆယ်ခါမက ရှုံးနိမ့်ချင်ရှုံးနိမ့် ဒူးမထောက်ဘူး၊...

မှတ်သားသင့်သော အရာလေးများ။

၁။ မျက်စိက မြင်သော်လည်း မမြင်သင့်တဲ့အရာဆိုလျှင် အကန်းလိုနေပါ။ ၂။ နားက ကြားသော်လည်း မကြားသင့်တဲ့အရာဆိုလျှင် နားထိုင်းသူလိုနေပါ။ ၃။ စကားအရာလိမ္မာတဲ့ ပညာရှိဖြစ်သော်လည်း မပြောသင့်တဲ့အရာဆိုလျှင် ဆွံ့အသူလို မပြောဘဲနေပါ။ ၄။ ခွန်အားဗလကောင်းသော်လည်း မလုပ်သင့်တဲ့အရာဆိုလျှင် အားခွန်ဗလ မရှိသူလိုနေပါ။ ၅။ မပြုသင့်တဲ့ကိစ္စ ဖြစ်ပေါ်လာလျှင် လူသေကောင်လိုနေပါ။ မဟာ ကစ္စာယနတ္ထေဂါထာ၊ ၂၉၅

Poem for Myanmar(To Know for Terrorists)

ခပ်နုံနုံအတွေးတွေနဲ့ လူတွေသတ် အိမ်တွေမီးရှို့နေတဲ့ ဒုက္ခသည် အမည်ခံ ရိုဟင်ဂျာတွေ ကိစ္စတစ်ခုခုကို အကြောင်းအရင်းမစဉ်းစားဘဲ ဒေါသရှေ့ထားကြပြီး ဥပဒေမဲ့လုပ်ဆောင်သတ်ဖြတ်တာတွေ ရပ်တန်းက ရပ်ပါ။ အေးချမ်းသာယာစ မြန်မာနိုင်ငံကို ဆူပူပျက်စီးအောင်မလုပ်ပါနဲ့ ငြိမ်းချမ်းသာယာတိုးတက်တာကိုပဲ လိုလားပါတယ်။ ပြဿနာတစ်ခုကို မြင်ကွင်းကျယ် အမြင်နဲ့ ကြည့်ပြီးဆုံးဖြတ်ဖို့သင့်ပါပြီ။ ကိုယ့်ဘက်၊ကိုယ့်ဘို့ ကိုပဲမကြည့်စေချင်ဘူး။ မြန်မာ့တပ်မတော်ကလဲ ဒီနေ့ကစပြီး……….. ကျူးကျော်လာသူ နယ်ချဲ့မှန်သမျှကို စွမ်းစွမ်းတမံ ချေမှုန်းပါလိမ့်မယ်……….။ ဂုဏ်သိက္ခာ ရှိတဲ့မြန်မာ့တပ်မတော်ဖြစ်အောင် ပြန်လုပ်မယ်လို့ ယုံကြည်ပါတယ်………. မမှန်မကန် သတင်းတွေကိုလဲ တွေးတွေးဆဆ ချင့်ယုံသင့်တယ်နော်။ ပွဲလန့်တုန်း ဖျာခင်းချင်သူတွေတစ်ပုံကြီး ကျူးကျော်နယ်ချဲ့မှုတွေနဲ့ ဘာသာရေးမရောထွေးစေချင်ဘူး။ Media တွေကို အားကိုးတဲ့ခေတ်မှာ Media တွေသိက္ခာရှိရှိ သတင်းပေးစေချင်တယ်။ မှန်မှန်ကန်ကန် စစ်ဆေးတင်ပြစေချင်တယ်။ (လာဘ်စား၊ဘက်လိုက်မှုကင်းဝေးကြပါစေ။) တိုင်းရင်းသားတွေလဲအရင်လို အေးချမ်းပါစေ၊ညီညွတ်ပါစေ တရားမျှတပါစေ၊ငြိမ်းချမ်းကြပါစေ။ မြန်မာနိုင်ငံလည်း အ...

Myanmar Express Admin သို့

ကဲ မြန်မာ Express ကိုရေးနေတဲ့ ဘလော့ဂါရေ...............ခင်ဗျားတင်နေတဲ့သတင်းတွေ မှားနေတယ်ဆိုတာ အခုပေါ်လာပါပြီနော်။ အသက်မပြည့်သေးတဲ့ ကောင်မလေးတစ်ယောက်ကို ခေါင်းစဉ်တင်ပြီး မဟုတ်မမှန်လိမ်ညာဖြီးဖြန်းပြီး  ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးမျိုး အပုတ်ချ ပုတ်ခတ်............နေတာတွေရပ်သင့်ပါပြီ။ ကျွန်တော် ခင်ဗျား အပေါ်ယုံကြည်စိတ်တွေ လုံးဝ ကုန်ဆုံးသွားခဲ့ပါပြီ။ ခင်ဗျားတင်ခဲ့တဲ့ ပို့စ်တွေဟာ အလကားဆိုလို့ မှတ်ယူလိုက်ပါပြီ။ စာဖတ်သူတို့လို့ ကြားကြပါလိမ့်မယ် ဒေါ်အောင်ဆန်းစုကြည်မှာ သမီးရှိတယ်ဘာညာဆိုတာပေါ့......ဒါလုံးဝမဟုတ်ခဲ့ မမှန်ခဲ့ပါဘူး။ ကာယကံရှင်က မဟုတ်ဘူးဆိုတာ သူ့ဖေ့ဘွတ်စာမျက်နှာမှာ......ဖော်ပြ၀န်ခံခဲ့ပါတယ်။ အောက်ပါအတိုင်းသူ့စာမျက်နှာမှာ တင်ပြရေးသားခဲ့ပါတယ်။ ရှင်သိပ်တရားလွန်နေပြီ နေမင်းဦး ရှင့်ရဲ့လုပ်ရက်တွေက အရမ်းကို အောက်တန်းကျတယ် ကျမ နာမည်ကိုလဲရှင် ယူသုံးထားတယ် ကျမ ကိုလဲရှင်စော်စော်ကားကားပြောသွားတယ် ရှင် သိထားဖို့တော့ကျမ ပြောလိုက်မယ် နောက်တစ်ခါ ကျမကို ထပ်ပြီးစော်ကားလာရင်တော့ ရှင့်ကို တရား ဥပဒေ အရ တရားစွဲမယ် ရှင်ဘာသာရှင် Myanmar Express က ADMIN ဘဲဖြစ်ဖြစ် မန်ဘာ ဘဲဖြစ်ဖြစ်ကျမ စိတ်မ၀...

ဘယ်ပုံဘယ်နည်း

ရတနာမြေလို့ ခေါ်ရလောက်အောင် ကိုများပြားလှတဲ့ သဘာဝသယံဇာတတွေရှိတဲ့ မြန်မာနိုင်ငံကို ပြည်သူတွေ အတွက်လဲ အကျိုးရှိရှိ၊ သဘာဝကိုလဲ မပြုန်းတီးအောင် Balance မျှမျှ အသုံးချသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ 10 စုနှစ်တစ်ခုလောက်နောက်ကျခဲ့လို့နည်းပညာပိုင်းမှာ အနည်းငယ်နောက်ကျကျန်ရစ်ခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ အထိုက်အလျောက်လမ်းတွေပွင့်လာသလို နည်းပညာ(Technology)တွေလဲ တိုးတက်လာပါပြီ။ ကျွန်တော်မြင်တဲ့ လိုအပ်ချက်တစ်ခုက သဘာဝသယံဇာတတွေကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ ဆိုတဲ့ နည်းပညာပိုင်းအတက်ပညာပိုင်းတွေ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။ ဒါတွေကိုတက်မြောက်ဖို့ ပညာတော်သင်တွေကိုလဲ သူတို့ဝါသနာနဲ့ ကိုက်ညီတဲ့လူကို ရွေးချယ် ပြီး ပြန်အသုံးချနိုင်မယ့် လူမျိုးကိုသာ လွှတ်သင့်ပါတယ်။ တချို့လူတွေက ပြောလိမ့် မယ်။ သယံဇာတတွေရောင်းစားရင် ပိုက်ဆံရ(Dollar)ရတာပဲ၊ရတဲ့ ပိုက်ဆံနဲ့ စက်ပစ္စည်းတွေ ၀ယ်လို့ရတာပဲ ဘာအတက်ပညာတွေလို လို့လဲ လို့မေးကြပါလိမ့်မယ်။ ရပေသော်ငြားလဲ  အဲ ဒီ သယံဇာတတွေက တစ်ချိန်မှာ ကုန်ခမ်းသွားရင်ဘာဆက်လုပ်ြ့ကမလဲ။ ငုတ်တုတ်ထိုင်နေကြမှာလား။ တနပ်စားမကြံကြပါနဲ့။ သဘာဝကို အသိပညာအတက်ပညာတွေပေါ...

ညည်းခြင်း

ချိုးဖောက်နေကြတဲ့ လူ့အခွင့်အရေးတွေ ကို မုန်းလှပါပြီ.................... ၀ါသနာနဲ့အလုပ်နဲ့မကိုက်တဲ့ အလုပ်အကိုင်တွေကို မုန်းလှပါပြီ။ လဘ်ပေးလဘ်ယူ ၀န်ထမ်းတွေ စိတ်ဓာတ်တွေကို မုန်းလှပါပြီ............. ချိုမြတဲ့အပြုံးအောက်က အမုန်းတရားတွေကိုလဲ မုန်းလှပါပြီ.................. တစ်ခါတစ်ခါ တုံး အ   လှတဲ့ ကိုယ်ကိုကိုယ်လဲ မုန်းလှပါပြီ............. အဆုံးဖြတ်မရဲတဲ့ ကိုယ်ကိုကိုယ်လဲ မုန်းလှပါပြီ............. လက်ဖက်ရည်ဆိုင်ထိုင်အချိန်ဖြုန်းခဲ့တဲ့ အချိန်တွေကိုလဲ မုန်းလှပါပြီ............. အကျိုးမရှိတဲ့စကားတွေပြောရတာလဲ မုန်းလှပါပြီ............. မာယာတွေ မုသားတွေနားမလည်တဲ့ ကိုယ်ကိုကိုယ်လဲ မုန်းလှပါပြီ............. ဆုံးဖြတ်ချက်မပြတ်သားတဲ့ ကိုယ့်ကိုကိုယ်လဲမုန်းလှပါပြီ............... စည်းကမ်းမလိုက်နာသေးတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းလှပါပြီ............. နှလုံးသားဒဏ်ရာတွေ အထပ်ထပ် နဲ့ အမှတ်မရှိတဲ့ ငမိုက်သား ကျွန်တော့ကို ကျွန်တော် မုန်းလှပါပြီ။ အချစ်ရေးမှာအရာရာ..........................................................မုန်းလှပါပြီ။ ဒါကြောင့် လွတ်လပ်မှုတွေ လူသားချင်းစာနာမှုတွေ လူ့အခွင့်အရေးတွေ လေးစားမှုကိုပဲ...

ဘ၀ထဲကအတွေးများ(2)

ကင်မရာနှင့် ကျွန်တော်             အဆောင်မှာစာသင်တဲ့နေရာ၊ စာကျက်တဲနေရာ ထမင်းစားတဲ့နေရာတွေမှာ ကင်မရာတွေတပ်ပြီး အုပ်ချုပ်ရေးမှူးက အချိန်ပြည့် ကြည့်နေတယ်……………။ အစကနေသားမကျသေးတော့ ယုံကြည်မှုတော့မရှိသေးဘူး။ ငါဘာလုပ်လိုက်ရင် သူတို့ဘယ်လိုမြင်မလဲပေါ့။ နောက်ကျတော့ ကိုယ့်အလုပ်ကို ပဲ အာရုံစိုက်ပြီး လုပ်တယ်။ စာသင်စရာရှိသင်၊ စာရှင်းပြစရာရှိရင် ရှင်းပြပေါ့လေ……………။ မကောင်းတာလဲ သိပ်မလုပ်ဖြစ်ပါဘူး။ ကင်မရာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ၊မှန်တာပဲ အမြဲလုပ်နေရမယ် ဆိုတဲ့စိတ်ဝင်လာတယ်။             ဘေးလူကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ "မှန်ကန်ခြင်းဖြင့်ရဲရင့်နိုင်ကြပါစေ။" စိတ်ခလုပ်             ပြောချင်တာက ဓာတ်လှေကား၊စက်လှေကားများအကြောင်း………… ဘသာဝကတော့ အောက်လဲကျနိုင်တယ် အထက်ကိုလဲတက်နိုင်ပါတယ်။ သို့ပေသော်ငြားလဲ အထက်ကိုတက်နေတဲ့ ဓာတ်လှေကား၊စက်လှေကား သဘာဝကိုသာ အသားပေးပြောချင်ပါတယ်။ အတွေးကအပြုသဘောဆောင်တဲ့ အတွက် အထက်ကို တက်တာကိုပဲ ပြောပါ့မယ်။ သူလဲ အပေါ်တက်တယ်၊ သူများကိုလဲ အပေါ်တင်တယ်ဆိုတဲ့ (Win-Win) သီအိုရီပါ…………။ ဒါတွေအလုပ်လုပ်ဖို့ စိတ်(ခလုပ်)ကိုဖွင့်ထားဖို့လိုသလို လျှပ်စစ်(ပညာတည်းဟူသောအတက်ပညာ)ကိုလဲ...

ဘ၀ထဲကအတွေးများ(1)

ဘ၀ထဲကအတွေးများ           မရိုးနိုင်အောင် တွေ့လာရတဲ့ fashion ၀တ်ဆင်မှုပုံစံများ၊စသည်စသည်ဆန်းသစ်လာကြသည်။အနည်းနဲ့အများ ဆက်စပ်နေသည်က ၀တ်စားဆင်ယင်မှုနှင့်စိတ်ဓာတ်၊စိတ်ဓာတ်နှင့် လုပ်ရပ်များ…. ခေတ်နှင့်အညီ လိုက်ရသည် မှန်သောငြားလဲ သရုပ်ပျက်ဝတ်ဆင်မှုများမဖြစ်သင့်၊ မိမိတင်မက တခြားလူများအား ပူလောင်ဆင်းရဲ၊ရိုင်းစိုင်း စေသောစိတ်များဖြစ်စေမည့် ၀တ်ဆင်မှုမျိုး မဖြစ်လျှင်ပိုကောင်းမည်ထင်ပါသည်။ ခေတ်သစ် fashion အ၀တ်အစားတွေဝတ်ဆင်ထားသော်ငြားလည်း အတွင်းစိတ်သာလျှင်အဓိက ဟုယုံကြည်ပါသည်။ မြန်မာတွေ စည်းကမ်းကောင်းတယ်၊တော်တယ်၊ယဉ်ကျေးတယ် ဆိုသော အသံများသာ ကြားချင်လှပါသည်။ “အတွင်းစိတ် အစဉ် ကြည်လင်သန့်ရှင်းနိုင်ကြပါစေ။” Edutainment ဆိုသော စကားလုံးကို Education နှင့် Entertainment  ဆိုသောနှစ်ခု ပေါင်းစုခြင်းမှဖြစ်ပေါ်လာသည်။ ဖျော်ဖြေရေးမှရရှိသော ပညာပေးမှု ဟု ကျွန်တော်ယူဆပါသည်။ ယူတက်မှ ရ၏ ဆိုသလိုပါပဲ Director ပြလိုသော main point ကို ယူတက်ဖို့ လိုပါသည်။ အတုခိုးမမှားဖို့ အထူးလိုအပ်ပါသည်။ ကြည့်မိသော ကားမှာ India ကားတစ်ကားဖြစ်တဲ့ sokkomon ခေါ် ကလေးသရုပ်ဆောင် ပည...

ငွေကြေးနှင့်အမေ့မေတ္တာ

ငွေကြေးနှင့်အမေ့မေတ္တာ တစ်နေ့မှာ ကောင်လေးတစ်ယောက်က သူ့အမေညနေစာ ပြင်နေတုန်းမှာ မီးဖိုချောင်ထဲ ၀င်လာခဲ့တယ် ။ ပြီးတော့ သူရေးထားတဲ့ စာရွက်အပိုင်းအစလေးကို သူ့အမေလက်ထဲပေးလိုက်တယ် ။ သူ့မိခင်က ရင်ဘတ်ရှေ့ ဖုံးကို ချွတ်လိုက်ပြီး လက်ဆေးလိုက်တယ် ။ ပြီးတော့ကောင်လေးလက်ထဲကစာရွက်လေးကို ဖတ်လိုက်တယ် ။ စာထဲမှာရေးထားတာက မြတ်ရိတ်ခ - ၅ ဒေါ်လာ တစ်ပတ်အတွင်း အိမ်သန့်ရှင်းခ - ၁ ဒေါ်လာ အမေ့အတွက် စတိုးဆိုင်သွားပေးခ - ၁ ဒေါ်လာ အမေဈေးဝယ်ထွက်နေချိန် ညီလေးအားထိမ်းပေးခ - ၂ ဒေါ်လာ အမှိုက်သိမ်းခ- ၂ ဒေါ်လာ ကျောင်းတွင် အမှတ်တက်လာအောင် ကြိုးစားခ - ၅ ဒေါ်လာ ခြံဝင်းအတွင်းအပြင်သန့်ရှင်းခ - ၂ ဒေါ်လာ မိခင်က ကောင်လေးကို မတ်တပ်ရပ်နေရာကနေပြီးလှမ်းကြည့်တယ် ။ ပြီးတော့ ဘောပင်ယူလိုက်ပြီး စာရွက်နောက်ကျောမှာ ပြန်ရေးပေးခဲ့တယ် ။ ပြီးတော့ကောင်လေးကို ပေးဖတ်တယ် ။ စာထဲမှာရေးထားတာက ကိုးလလုံးလုံး ၀မ်းဗိုက်ထဲ နေပြီး စောင့်ရှောက်ခ - ၀ ဒေါ်လာ ညတိုင်းလိုလို အတူအိပ်ပြီး စောင့်ရှောက် ဆုတောင်းခ - ၀ ဒေါ်လာ နှစ်ပေါင်းများစွာ အမေကို ဂျီကျ စိတ်ညစ်မျက်ရည်ကျအောင်လုပ်ခ - ၀ ဒေါ်လာ သားအတွက် နေ့စဉ် ညစဉ် စိုးရိမ်ပူပန်နေခ - ၀ ဒေါ်လာ အရုပ်များ ၊ အစားအစာများ ၊ အ၀တ်အစ...

တက္ကသိုလ်ကျောင်းသားဟူသည်

တက္ကသိုလ်ကျောင်းသားဟူသည် ကျွန်တော်တို့တိုင်းပြည်မှာအခြေခံပညာကျောင်းပြီးသူတိုင်း အသက်မွေးဝမ်းကျောင်းပညာသင်ပေးတဲ့တက္ကသိုလ်တွေကို သွားပြီးပညာသင်ကြားကြရပါတယ်။တက္ကသိုလ်တွေကိုသွားပြီး ပညာသင်ကြားကြပါတယ်။ယခုခေတ်မှာ တွေ့နေရတာတွေက တက္ကသိုလ်တက်သာတက်နေတာ မိမိဝါသနာနဲ့မကိုက်ညီတဲ့ မေဂျာ(Major) ကိုယူပြီးတက်နေကြတာတွေဒုနဲ့ဒေးပါ။ ဒါတွေဟာ Brain Drain တွေပါပဲ။ ဖြစ်ခဲ့တာတွေကို မပြောတော့ပါဘူး အပြစ်မတင်တော့ပါ။ ရှေ့ဆက်လျောက်မည့်လမ်းကိုသာ ပြောလိုဆွေးနွေးလိုပါတယ်။ အကြောင်းကြောင်းကြောင့် မေဂျာနဲ့ ၀ါသနာ မကိုက်တာတွေရှိနေသော်လည်း သုံးနှစ်၊ငါးနှစ်၊ခြောက်နှစ် စတဲ့အချိန်တွေကိုအလဟသ မကုန်စေချင်ပါဘူး။ စိတ်မပါဘဲတက်နေတဲ့ ကျောင်းတွေမေဂျာတွေကို တက်နေရသော်ငြားလဲ ကျောင်းတက်ရင်း မိမိဝါသနာပါရာ အလုပ်၊ပညာ စတာတွေကို အချိန်ကို စနစ်တကျခွဲယူပြီး လေ့လာရင်ရပါတယ်။ဒါမှကျောင်းပြီးရင် မိမိလုပ်ချင်တာလဲလုပ်ရ၊ လုပ်သင့်တာလဲလုပ်ရပြီး အောင်မြင်ပျော်ရွင်တဲ့ပညာသိ၊ပညာတက်တွေ ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ အမိန့်ပေးနေခြင်းမဟုတ် အချင်းချင်းလက်တွဲ ခေါ်ဆောင်ခြင်းသဘောမျှသာ…………..။           စိတ်လေပြီး ...