အရာရာကို မ ထက်ပိုပြီး မလိုချင်ခဲ့ဘူး
ထာဝရဆိုပြီးရည်မှန်းထားခဲ့တာ ပကာသနမပါဘူးချစ်သူ။
ပကာသန မပါလဲ နားလည်မှုမပါရင်
အရာရာမှာ အဆင်မပြေဘူးချစ်သူ
နားလည်မှုဆိုတာလဲ လိုတက်တာပိုလို့မကောင်းဘူးနော်
အလယ်အလတ်ပဲကောင်းတယ်။
အချစ်အချစ်နဲ့ လူတွေပြောနေပေမဲ့
အချစ်ကို ရယူခြင်းလဲ မသတ်မှတ်ဘူး
ပိုင်ဆိုင်ခြင်းလဲမသတ်မှတ်ဘူး
အချစ်ဆိုတာ လက်ခံတဲ့လူပေါ်မှာပဲမူတည်တယ်လေ။
ရေလိုပဲပေါ့။
ရေကို ပူတဲ့ခွက်ထဲထည့်ရင်ပူသွားသလို
အေးတဲ့ခွက်ထဲထည့်ရင်အေးသွားတာပဲ။
လက်ခံတဲ့ လူပေါ်မှာပဲမူတည်တယ်ချစ်သူ။
ချစ်သူက နားလည်မှုတွေနဲ့အပြန်အလှန်လက်တွဲသွားကြဖို့ပဲလိုတယ်နော်။
ချစ်သူ လက်တွဲနိုင်ပါ့မလား။
ဘ၀အခက်အခဲတွေကို အတူတူလက်တွဲဖြေရှင်းနိုင်ပါ့မလား။
ဘ၀ဆိုတာထင်ထားသလိုမဖြစ်လာနိင်တာကိုလဲ သတိရပေးအုန်းနော်။
ဒါမှ ခံနိုင်ရည်ရှိမှာလေ။
မိဘအသိုင်းအ၀ိုင်းတွေအပေါ်နားလည်ပေးနိုင်ပါ့မလား။
အေးအတူပူတမျှနေနိုင်ပါ့မလား။
အပြန်အလှန်သစ္စာရှိနိုင်ပါ့မလား။
ကမ်းလင့်နေဆဲလက်တစ်ဘက်က..........လှမ်းလာမဲ့ လက်ကလေးကို မျှော်နေဆဲပါချစ်သူ။
ရွှေလက်ခိုင်ခိုင်တွဲနိုင်ပါ့မလား။
မျှော်နေမယ်နော် ချစ်သူ။
ထာဝရချစ်နေတဲ့ ပုထုဇဉ်လူသားတစ်ဦး။
ကိုနော်(Wisdom Life)
1 comments:
ခိုင်မြဲတဲ့အချစ်အတွက် နားလည် ယုံကြည် အလိုက်သိမှုလေးတွေ ကိုယ်စီရှိသင့်တာပေါ့နော်။
ကဗျာလေးအားပေးသွားတယ် ကိုနော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment
ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။