Skip to main content

မိုး..... Rain

မိုးနဲ့အတူ ကြည်နူးနေတဲ့လူရှိတယ်

လွမ်းဆွေးနေတဲ့လူရှိတယ်။

စိမ်းညို့ညို့သဘာဝတရားတွေရှိတယ်။

မိုးနဲ့အတူ လှပတဲ့ ပန်းတွေဖူးပွင့်တယ်။

ဘယ်ဆီပြေးလို့လွမ်းရမှန်းမသိတဲ့အ၇ာတွေလဲရှိသေးတယ်။
လ၀ါဆိုခါသမယ မှာ သွန်းချလိုက်တဲ့ မိုးရေစက်တွေဟာ ကမ္ဘာမြေကြီးရဲ့နေရာ အနှံ့အပြားကို စိုစွတ်အေးချမ်းစေပေမဲ့ ကျွန်တော့်ရင်ခွင်ရဲ့ခြောက်သွေ့ အကျည်းတန်နေမှုကိုတော့ ကုစားမပေးနိုင်ခဲ့ပါဘူး။အစကပထမက ဖြေးဖြေးနှေးနှေးရွာချနေပေမဲ့ မျက်မာန်တော်ငြိုး အမျက်တိုးလာပြီး တဝေါဝေါရွာ၊ မိုးကြိုးက တ၀ုန်းဝုန်း၊လျှပ်စီးက တလျှပ်လျှပ် တံစက်မြိတ်ကရေကျသံက တစက်စက်၊ခေါင်းမိုးပေါက်ကကျနေတဲ့ရေကျသံက တတောက်တောက် သံစုံတီးဝိုင်းနှင့် သူ့ဇာတ်သူ က နေသလိုပင်………………………….။
ဤအချိန်မျိုးကို ကျွန်တော်ဘယ်မှမထွက်ချင် မသွားချင်တော့ ဘယ်ဆီမှန်းလို့လွမ်းရမှန်းမသိ အိပ်ယာထဲသာ စောင် နဲ့ ကွေးနေမိတက်တယ်………………။
ရှုလော့ မိတ်ဆွေဟိုအဝေးဆီက မှိုင်းပျပျနှင့် မြွေတစ်ကောင်လို ရစ်ခွေနေသော တောင်တန်းကြီးများမှာ မြူခိုးများနှင့်ရစ်သိုင်းလို့……………………………….
၎င်းမြင်ကွင်းကိုကြည့်ရင်………အလွမ်းဓာတ်ခံရှိသူအဖို့ “ငိုချင်ရင်းလက်တို့” ဆိုသလို အလွမ်းအဆွေးများကို အသက်သွင်းပေးနေသလို………………………………………
သဘာဝဥတုမိုးကတော့ သူ့တာဝန်သူကျေပွန်စွာ ထမ်းဆောင်နေဆဲပဲ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက်ပေါ့…..
မိုးရွာလို့ ပျော်ရွင်နေကြတဲ့ သူတွေရှိသလို လွမ်းမောစိတ်ညစ်နေတဲ့ သူတွေလဲ ဒုနဲ့ဒေး……….ပါမည်မလွဲ။ စာဖတ်သူလဲ ဘယ်အမျိုးအစားထဲပါမည်မသိ………..။သိချင်စမ်းပါဘိ…………။
သဘာဝ သဘောတရားအရ အရာရာတိုင်းမှာကောင်းကွက်လဲရှိသလို ဆိုးကွက်လဲဒွန်တွဲပါစမြဲ………….။
ကောင်းခြင်းဆိုးခြင်းဟာ သက်ရောက်သူပေါ်မှာမူတည်သလို သက်ရောက်ခံရသူပေါ်မှာလဲ မူတည်ပါတယ်။ကျွန်တော့ရင်ထဲမှာတော့ မိုးရွာတိုင်းလွမ်းစိတ်ဆွေးစိတ်နဲ့ တရိပ်ရိပ်တက်လာခဲ့တာ ယနေ့တိုင်ပင်…………………………………………..လွမ်းပင်လွမ်းသော်ငြားလဲ ဘယ်ဆီမှန်းလို့လွမ်းရမည်မသိ…..။အဝေးတစ်နေရာက ချစ်သူဆီလား၊သူငယ်ချင်းတွေဆီလား၊ရေမြေခြား နိုင်ငံခြားနေတဲ့ မိသားစုဆီလား…..ညီလေးညီမလေးတွေကိုလား…………….။
ဘယ်ဆီမှတော့ မလွမ်းချင်တာတော့ အမှန်ပင်…………..။တစ်ခါတစ်လေလဲ လွမ်းရဆွေးရမှပင် ဘ၀က ရသ မြောက်သွားပေသည်။တစ်ခါတစ်လေမှာ လွမ်းစရာကိုပင် လိုက်၍ရှာနေတက်သူဟာ ကျွန်တော်ပါ။ ထိုအချိန်မျိုးတွေ “၀ါလိုက်ပါ့မိုး” လို့ပဲပြောရမလား။
မလွမ်းချင်လျှင် “ညိုပါနဲ့နော်မိုးရယ်" လို့ပြောရမလား။အမျိုးမျိုးပြောင်းလဲနေမိသည်။သို့ပေသော်ငြားလွမ်းစိတ်ဆွေးစိတ်က ကြာကြာမထားလိုသဖြင့်…………………..ဟုသာ ပြောလိုက်ချင်ပါသည်။
ကြိုးစားပါအုန်းမည်။
အစဉ်ကြိုးစားလျက်
ကိုနော် (Wisdom Life)


Comments

  1. မိုးတွေအရမ်းရွာတဲ့အချိန်ဟာချစ်သူတို့မိသားစုတို့ကိုလွမ်းတဲ့ကောင်းတဲ့အချိန်ပါပဲ

    ReplyDelete

Post a Comment

Leave a Message for me

Popular posts from this blog

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ

အသုံးနှင့် အဖြုန်းကို ခွဲခြား၍သုံးပါ           ကျွန်တော်တို့ လူသားများသည် ဆင်းရဲခြင်းမှ လွတ်ကင်းလိုကြပေသည်။ တစ်ဦးနှင့်တစ်ဦး မေတ္တာပို့ရာ ဖြစ်စေ၊ ဘုရား၊တရား၊သံဃာ၊ဆရာ၊ မိဘများထံတွင် ဆုတောင်းသည့်အခါဖြစ်စေ ဆင်းရဲခြင်းမှ လွတ်ကင်းရပါလို၏ဟု ဆုတောင်းကြသည်။           သို့ရာတွင် မိမိကိုယ်တိုင် ဆင်းရဲခြင်းလွတ်ကင်းအောင် မည်မျှကြိုးပမ်းကြပါသနည်း။

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...