Skip to main content

ဘယ်ပုံဘယ်နည်း

ရတနာမြေလို့ ခေါ်ရလောက်အောင် ကိုများပြားလှတဲ့ သဘာဝသယံဇာတတွေရှိတဲ့ မြန်မာနိုင်ငံကို ပြည်သူတွေ အတွက်လဲ အကျိုးရှိရှိ၊ သဘာဝကိုလဲ မပြုန်းတီးအောင် Balance မျှမျှ အသုံးချသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။

ကျွန်တော်တို့နိုင်ငံဟာ 10 စုနှစ်တစ်ခုလောက်နောက်ကျခဲ့လို့နည်းပညာပိုင်းမှာ အနည်းငယ်နောက်ကျကျန်ရစ်ခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ အထိုက်အလျောက်လမ်းတွေပွင့်လာသလို နည်းပညာ(Technology)တွေလဲ တိုးတက်လာပါပြီ။

ကျွန်တော်မြင်တဲ့ လိုအပ်ချက်တစ်ခုက
သဘာဝသယံဇာတတွေကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ
ဆိုတဲ့ နည်းပညာပိုင်းအတက်ပညာပိုင်းတွေ လိုအပ်နေသေးတယ်လို့ ထင်ပါတယ်။
ဒါတွေကိုတက်မြောက်ဖို့ ပညာတော်သင်တွေကိုလဲ သူတို့ဝါသနာနဲ့ ကိုက်ညီတဲ့လူကို ရွေးချယ် ပြီး ပြန်အသုံးချနိုင်မယ့် လူမျိုးကိုသာ လွှတ်သင့်ပါတယ်။ တချို့လူတွေက ပြောလိမ့် မယ်။
သယံဇာတတွေရောင်းစားရင် ပိုက်ဆံရ(Dollar)ရတာပဲ၊ရတဲ့ ပိုက်ဆံနဲ့ စက်ပစ္စည်းတွေ ၀ယ်လို့ရတာပဲ ဘာအတက်ပညာတွေလို လို့လဲ
လို့မေးကြပါလိမ့်မယ်။
ရပေသော်ငြားလဲ
 အဲ ဒီ သယံဇာတတွေက တစ်ချိန်မှာ ကုန်ခမ်းသွားရင်ဘာဆက်လုပ်ြ့ကမလဲ။
ငုတ်တုတ်ထိုင်နေကြမှာလား။ တနပ်စားမကြံကြပါနဲ့။ သဘာဝကို အသိပညာအတက်ပညာတွေပေါင်းပြီးမှ ပြည်ပကို ထုတ်ကုန်အဖြစ် ပို့ရင်ပိုမရဘူးလား၊။ ရတာပေါ့ လို့ပဲ စာရေးသူက ပြန်ဖြေပါ့မယ်။

သဘာဝ+လုပ်အား(ကာယ+ဥာဏ)=တန်ဖိုး
ဆိုတဲ့ Equation ကြီးလိုပါပဲ၊ ပေါင်းစပ်ဖန်တီး တီထွင်ကြံဆမှ သာလျှင် တန်ဖိုးကိုရရှိမှာပါ။




Comments

  1. ကိုနော် ပြောတာတွေမှန်ပါတယ် Thank You.

    ReplyDelete

Post a Comment

Leave a Message for me