Skip to main content

မသိခြင်းများနှင့်ကျွန်တော်

အရာရာကို သင်ယူချင်နေတဲ့ ကျွန်တော်မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ်ဆိုင်မှာ သွားအလုပ်လုပ်ဖြစ်တယ်လေ။
ကဲ ပြဿနာက စတော့တာပဲ။ စရောက်တုန်းက မနေတက်မထိုင်တက်ပေါ့။ဟိုနေရာ မ၀င်ဒီနေရာမကိုက်
ကောင်တစ်ယောက်ဖြစ်နေခဲ့တယ်။ အပြောအဆိုကစ၊ အနေအထိုင်အဆုံး အစစ သင်နေရတယ်လေ။

 ရေးနေတာကလဲ ဘလော့သာဆိုတာပါ။ ဒိုင်ယာရီ တစ်ပုဒ်အဖြစ်သာ စိတ်ထဲက ထင်နေမိပါတယ်။

အဆင်မပြေတာကြုံလာရတိုင်း ဘ၀အတွက်ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးနဲ့ အဆင်ပြေအောင်ပေါင်းတက်အောင်လုပ်နေရတယ်။ အနေအထိုင်မတက်လို့ အပြောခံရတာလဲ ရှိတယ်။
နောက်တစ်ခါ မမှားအောင် မနည်းသတိထားနေရတယ်။ အမှားတစ်ခုကို ထပ်ခါထပ်ခါမှားတာက ပိုဆိုးတယ်ဆိုလို့လေ။

သဘောကျမိတာက စည်းကမ်းပိုင်းဆိုင်ရာ Management ပိုင်းပေါ့။ ဘယ်လို ဆက်ဆံမလဲ ။ဘယ်လိုပြောဆိုမလဲ။ ဘယ်လိုရောင်းဝယ်မလဲ ။စသည်စသည်ပေါ့။နောက်တစ်ခုခေါင်းထဲရောက်လာတာက ။ ဆက်ဆံရေးနှင့်ကျွမ်းကျင်မှု။

ဆက်ဆံရေးက စီးပွားရေးမှာ အရမ်းအဓိကကျတယ်နော်။ အဲဒီရောက်မှသိတယ် အ၇မ်းအရေးပါတယ်ဆိုတာပေါ့။ ဆက်ဆံရေးကောင်းတာတင်မကဘူးဗျ ၀န်ဆောင်မှုကလဲ လိုပြန်ရော။

ကဲ သင်နိုင်သမျှသင်ယူလေ့လာအုန်းမှာပဲနော်။

အင်းတစ်နေ့နေ့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ မမှိတ်မသုန် လေ့လာကြိုးစား နေဖို့ပဲလိုတော့တယ်။
ကိုယ်ပိုင်အလုပ်တစ်ခု နဲ့ ကြိုးကြိုးစားစားပဲ ရုန်းကန်ဖြစ်ဖို့ ဆုံးဖြတ်ချက်ချမိပါတယ်။

ဒိုင်ယာရီမဆန်............ဘလော့မဆန်............ကဗျာမဆန်..........ဆောင်းပါးမဆန်........စာကြောင်းတို အတွေးတိုလေးတွေကို ဒီတင်နားခွင့်ပြုပါ။
စာဖတ်သူမိတ်ဆွေအပေါင်း ပညာဥာဏ်ဖြင့် ကျော်ကြားအောင်မြင်ပါစေ။
လေးစားလျက်
ကိုနော်(Wisdom Life)
11.8.2012
10:13 PM

Comments

  1. အမှတ်တရစာစုလေးဖတ်သွားတယ် ကိုနော်ရေ။ 'အစကောင်းမှ အနှောင်းသေချာ' ဆိုသလို ဘဝဆိုတာလည်း ခိုင်ခံ့တဲ့အုတ်မြစ်ချမှ အနာဂါတ်ရဲ့ အဆောက်အဦးစိတ်ချရမှာပေါ့နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. It was a classroom of your life ko naw. I have got a message from your paragraph.It was { the difficulties in the society }.
    Carry on ko naw, You must learn in your life long. I want write comment in Myanmar but I dont know how to.....

    13.8.2012

    ReplyDelete
  3. အမှတ်တရလေးတွေကို
    ဖတ်သွားပါတယ်နော်

    ReplyDelete

Post a Comment

Leave a Message for me

Popular posts from this blog

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

မီးခြစ်

တောက်လောင်ခြင်းရဲ့အစ ကောင်းဆိုးယှဉ်တွဲ ပူပင်စရာတစ်ခု ကြမ်းတမ်းတဲ့အရာနှစ်ခု ပွတ်တိုက်ထွက်လာတဲ့မီးတောက်တစ်ခုရဲ့အရှင်သခင် ကျေးကျွန်ကောင်းလဲသူ