Skip to main content

ကျွန်တော့်ဘ၀ပြောင်းလဲမှုမှတ်တိုင်သစ်

ကြိုးဆွဲရာ က တက်တဲ့ ရုပ်သေးရုပ်လဲမဟုတ်တော့ပါ

ခံစားချက်တွေနဲ့ ပုထုဇဉ်လူသားတစ်ယောက်ပါ

ခံစားတက်တယ် နာကျည်းတက်တယ်

ပျော်ရွှင်တက်တယ် ၀မ်းနည်းတက်တယ်

ချစ်တက်တယ် မုန်းတက်တယ်

ပုံစံခွက်ထဲ အတင်းသွတ်သွင်းရအောင် သံတုံး တစ်တုံးလဲမဟုတ်ဘူး

ဒါဆိုဒါပဲ ခိုင်းတာလုပ်ရအောင် နွားတစ်ကောင်လဲမဟုတ်ဘူး

ရှုးတိုက်တိုင်း ကိုက်တက်တဲ့ ခွေးတစ်ကောင်လဲမဟုတ်ဘူး

ယုယမှုတွေကို အမြဲခံချင်နေတဲ့ ကြောင်တစ်ကောင်လဲမဟုတ်ဘူး။

ကျုပ်လုပ်ချင်တာ ကျုပ်ဖြစ်ချင်တာ ကျုပ်လုပ်ခွင့်ရှိတယ်

ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ် လာမချုပ်ချယ်ပါနဲ့

နာခံဖို့ကတော့ ဆောရီးပဲ.......

လူကိုပဲအချုပ်ခန်းထဲ ထည့်ချင်ထည့်လို့ ရမယ်

ကျုပ်ရဲ့ စိတ်ဝိညာဉ်ကိုတော့ ချုပ်ကိုင်ချယ်လှယ်လို့မရဘူး

လွတ်လပ်မှု တရားမျှတမှု ကိုပဲမြတ်နိုးတယ်

လာမချုပ်ချယ်နဲ့ လာမစိုးမိုးနဲ့

မတရားမှုတွေ မလိုလာဘူး

အသက်အသေခံပြီး အမှန်တရားကို ၀န်ခံသွားမယ်။

ဒီနေ့ကစပြီး အရာရာကို ပြောင်းလဲလိုက်ပြီ

စိတ်ဓာတ်က စ ပြီးတော့ပေါ့။

မနေ့က ကျွန်တော်မဟုတ်တော့ဘူး

ကျုပ်ဝါသနာပါရာ ကျုပ်အားသန်ရာကိုပဲ 

အောက်ကျချင်ကျ ၊ ဆယ်ခါမက ရှုံးနိမ့်ချင်ရှုံးနိမ့်

ဒူးမထောက်ဘူး၊ လက်မမြောက်ဘူး

ဦးမညွတ်ဘူး၊မငိုကြွေးဘူး

မကြေကွဲဘူး၊ နောင်တ မရဘူး

နောက်မဆုတ်ဘူး၊မရပ်တန့်ဘူး

မနေ့ကျွန်တော်မဟုတ်တော့ဘူး

ဒီနေ့ကျွန်တော်ပါ။

ကြိုးစားပါအုန်းမည်။

ကိုနော်(Wisdom Life)

Comments

  1. ပေါက်ပွဲသံစဉ်လေးပေါ့။တကယ့်ကို ကောင်းတဲ့စာသားတွေနဲ့ ကဗျာတစ်ပါပုဒ်ပါပဲ

    ReplyDelete

Post a Comment

Leave a Message for me

Popular posts from this blog

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးယောက်

လူငယ်တစ်ယောက်နဲ့အဘိုးကြီးသုံးေ ယာက် တစ်ခါက မြစ်တစ်ခုမှာ အဘိုးကြီးသုံးယောက်နဲ့ လူငယ်လေးတစ်ယောက်ဟာ ငါးမျှားနေကြတယ်။ဒီလို ငါးမျှားနေရင်း အတန်ကြာတော့ အဘိုးကြီးတစ်ယောက် အပေါ့သွားဦးမယ်ဆိုပြီး မြစ်ရဲ့တစ်ဖက်ကမ်းကို ရေပေါ်ကနေ “တုံ” ခနဲ “တုံ” ခနဲ ခုန်ပြီးဖြတ်သွားတယ်။ ကိစ္စပြီးတဲ့အခါမှာကျတော့အသွားတု န်းကလိုပဲပြန်လာတယ်။အဲဒီမှာ လူငယ်ကလေးက အံ့အားသင့်သွားတယ်။ နောက်မကြာမှီအချိန်မှာပဲ ဒုတိယအဘိုးကြီးက အပေါ့သွားဦးမယ်ဆိုပြီး ရေပေါ်ကနေ ဟိုဖက်ကမ်းသွားပြန်ရော၊ဒီအခါမှာ လူငယ်လေးက ပိုပြီးအံ့အားသင့်နေတာပေါ့၊ ဒီလိုနဲ့ တတိယ အဘိုးကြီးလဲ ခုနတုန်းက အဘိုးကြီးတွေလို ရေပေါ်ကနေ ဟိုဖက်ကမ်းကို သွားတာပေါ့၊ ဒီအချိန်မှာ လူငယ်လေးက စဉ်းစားတယ်။“ဒီအဘိုးကြီးသုံးယော က်လုံး ရေပေါ်ကနေလျှောက်ပြီး ဟိုဖက်ကမ်းကို သွားနိုင်ကြတယ်။ဒီတော့ အဘိုးကြီးသုံးယောက်စလုံးတော့ စွမ်းတာမဖြစ်နိုင်ဘူး၊ေ၇ကပဲစွမ်းလို့ သူတို့သွားနိုင်တာဖြစ်မယ်၊ ငါလည်း သူတို့လိုသွားကြည့်ဦးမယ်”လို့တွေးပြီး ရေထဲကိုခုန်ချလိုက်တာ “ဝုန်း” ဆိုပြီး လူငယ်လေးရေနစ်ပါလေရော။ ဒီတောု့ငါးဖမ်းနေတဲ့ အဘိုးကြီးတွေက အတင်းဝိုင်းဆယ်လိုက်ရတယ်။ပြီးမှ အဘိုးကြီးတစ်ယောက်က “မင်းက...

ဖူးစာရှင်ရှာနည်း

သူငယ်ချင်း မင်းဘ၀အတွက် ဖူးစာရှင် ရှာကြည့်ရအောင်..... ပထမအဆင့်‘‘က”ကနေ ‘‘အ”အထိသည် ၁ မှ ၃၃အထိဖြစ်သည်။ မင်းနာမည်ကိုပေါင်းပါ။ (က-၁)(ခ-၂)(ဂ-၃)(ဃ-၄)(င-၅)(စ-၆)(ဆ-၇)(ဇ-၈)(ဈ-၉)(ည-၁၀)(ဋ-၁၁)(ဌ-၁၂)(ဍ-၁၃)(ဎ-၁၄)(ဏ-၁၅)(တ-၁၆)(ထ-၁၇)(ဒ-၁၈)(ဓ-၁၉)(န-၂၀)(ပ-၂၁)(ဖ-၂၂)(ဗ-၂၃)(ဘ-၂၄)(မ-၂၅)(ယ-၂၆)(ရ-၂၇)(လ-၂၈)(၀-၂၉)(သ-၃၀)(ဟ-၃၁)(ဠ-၃၂)(အ-၃၃)..... Example လှလှ =၂၈+၂၈ (လ=၂၈)=၅၆ ဒုတိယအဆင့် ပေါင်းလဒ်ကို ၉ ဂဏန်းနှင့်စားပါ။ Example 56/9=2 ရလာသောအကြွင်းနှင့် မင်းရဲ့ဖူးစာရှင်ကိုသိနိုင်ပြီပေါ့။ အကြွင်းများမှာ  သုည= မင်းအရမ်းလေးစားသူ။ တစ်= မင်းနဲ့အသက်ကွာသူ။ နှစ်= မင်းအရမ်းချစ်သူ။ သုံး= မင်းအတွက်အရေးပါသူ။ လေး= မင်းကိုအမြဲတမ်းအလျှော့ပေးနေတက်သူ။ ငါး= မင်းရဲ့အဝေးတစ်နေရာကသူ။ ခြောက်= မင်းရဲ့ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့သူ။ ခုနှစ်= မင်းမထင်ထားတဲ့သူ။ ရှစ်= မင်းရဲ့အိမ်မက်တိုင်းမှာရှိနေသူ ကဲ..ကိုယ့်ရဲ့ဖူးစာရှင်ဟာ ဘယ်သူဖြစ်နိုင်သလည်းဆိုတာ အ ဖြေရှာကြည့်ရအောင် တွေ့ရင်တောလက်မလွှတ်စေနဲ့တော့်နော်....။

ဖုန်းများဖြင့်အင်တာနက်သုံးခြင်း၏ကောင်းကျိုးဆိုးကျိုးအချို့

ကောင်းကျိုးငါးချက် (1) ပညာရေးအတွက်အထောက်အကူ Smart phone များ Computer များ တက်ဘလက်များ မိုဘိုင်းဖုန်းများ အားသုံးခြင်းအားဖြင့်လူငယ်များလူကြီးများအတွက် လွယ်ကူလျင်မြန်စွာဖြင့် မိမိသိရှိလိုသည်များကို ကြည်ရှုနိုင်ကြမည်ဖြစ်သည်။အက်ဆေးများ ဖော်မြူလာများ ဇယားများ ဈေးနှုန်းများ စသည်စသည်တို့ကို စာသင်ခန်းအတွင်းမှာပင် လွယ်ကူလျှင်မြန်စွာ ကြည့်ရှုရှာဖွေနိုင်မည်ဖြစ်သည်။ (2)စွဲမက်ဖွယ်ရာစွမ်းဆောင်မှုများ အကယ်၍ဆရာဆရာမများက ကျောင်းသားများကို ခေါ်လိုလျှင်ပင် ဖုန်းများဖြင့်လွယ်ကူလျင်မြန်စွာခေါ်နိုင်ပြောနိုင်မည်ဖြစ်သည်။ကျောင်းသားများကလဲတစ်ဦးနှင့်တစ်ဦး ဆက်သွယ်ရေးအဆင်ပြေပြေပြုလုပ်နိုင်ပြီး စွဲမက်ဖွယ် စွမ်းဆောင်ချက်များသည်ဖုန်းများအပေါ်မူတည်၍ကွဲပြားသွားမည်ဖြစ်သည်။ (3)စီမံခန့်ခွဲမှု စီမံခန့်ခွဲမှုဆိုရာတွင်လည်း မိုဘိုင်ဖုန်းများအားသုံးရာတွင် ဘယ်ဖန်ရှင်ကို ဘယ်လိုသုံးမယ် ဘယ် website ကိုဘယ်လိုဖွင့်မယ် ။စသည်စသည်များသည် အသုံးပြုသူ အပေါ်တွင်မူတည်၍လည်းကွဲပြားသွားသေးသည်ဖြစ်သည်။ ငုင်းတို့၏ ပညာရေးကို absorb လုပ်မှုသည်လဲ အသုံးပြုသူ၏ စီမံခန့်ခွဲမှုပေါ်တွင်မူတည်သွားမည်ဖြစ်ပါသည်.။(ထိုကြောင့် wifi ကိုအားမက...