One Thing We needs
ခြောက်လပိုင်းတုန်းက Facebook မှာ အတော်တွေ့ခဲ့ရတဲ့ ရခိုင်ဘက်က
ရခိုင်မူစလင် အရေးအခင်း ပဋ္ဋိပက္ခကိုမြင်ရတော့ စိတ်မကောင်းဖြစ်မိပါတယ်။ ဘယ်သူသေတာကိုမှ
မမြင်လိုပါဘူး။မြန်မာသေသေ ဘာသာခြားသေသေ စစ်ကြောင့်၊ရန်ကြောင့် သေကြေခြင်းဆိုတာ ကိုမရှိစေချင်ပါဘူး။ဒီလို
ပဋ္ဋိပက္ခတွေဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် လိုအပ်နေတဲ့အရေးအကြီးဆုံးအချက်က(မေတ္တာ၊အကြင်နာ)ကိုယ်ချင်းစာနာမှု
ကင်းမဲ့နေခဲ့ကြလို့ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။
ကိုယ်ချင်းစာစိတ်ဟူသည် လူ့အဖွဲ့အစည်းဆိုတဲ့နေရာမှာ
အရမ်းကို စကားပြောပါတယ်(အရေးပါတယ်) ကိုယ့်မှာ ဒီလိုမျိုးခံစားရရင် ကျေနပ်မလား ဆိုပြီး
အရင်ခံစားနားလည်တက်တဲ့ ကိုယ်ချင်းစာစိတ်မွေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
လူသားတိုင်း၊ဘာသာတရားတိုင်း၊လူမျိုးတိုင်းလိုအပ်နေတာဟာ
စစ်ပွဲမဟုတ်၊လူသတ်ပွဲမဟုတ်၊ပဋ္ဋိပက္ခမဟုတ် ၊မိမိအိုးအိမ်တည်မြဲရေး၊မိမိမျိုးဆက် ကျန်းမာပျော်ရွှင်ရေး
စသောအချက်တွေကို ဆောင်ကျဉ်းပေးနိုင်မယ် “ထာဝရငြိမ်းချမ်းရေး” ကိုသာလိုလားတယ်လို့ထင်ပါတယ်။
ဒေါသတွေပါတဲ့ လုပ်ရပ်တွေကြောင့် အပူမီးတွေဟာ
ဆက်ဆက်ပြီးလောင်ကျွမ်းစေခဲ့ပါတယ်။ရန်ကိုရန်ချင်း ပြန်ဖြေရှင်းနေရင်တော့ ကမ္ဘာသာပျက်သွားမယ်။စစ်ပွဲက
ပြီးမှာမဟုတ်ပါဘူး။ရန်ငြိုးဆိုတာ အဆုံးသတ်ရိုးထုံးစံမရှိပါဘူး။
အကယ်၍ တစုံတစ်ယောက်က ကိုယ့်ကို ကိုယ့်အမျိုးကို
စော်ကား၊ဖျက်စီးလိုက်တယ်ဆိုရင်လဲ။ဒေါသဖြစ်မှာမှန်ပေမဲ့။ ဒေါသနဲ့မဖြေရှင်းပဲ တရားဥပဒေဘောင်အတွင်းကသာ
ဖြေရှင်းသင့်ပါတယ်။
“ဒေါသနောက်မှာ အမှားတွေ နောင်တတွေလိုက်လာတက်ပါတယ်။”
အမှားကို
ကြိုသိမြင်ထားမှ ရှောင်ကျဉ်နိုင်မှာပါ။
“ဒေါသကြောင့် အစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေမဖြစ်စေချင်တော့ပါဘူး။”
ဟီရိုရှီုးမား
ကိုနျူကလီးယားဗုံး ချတုန်းက ဗုံးဒဏ်သင့် ကလေးလေးရေးခဲ့တဲ့ကဗျာလေး တိုက်ဆိုင်လို့ မျှဝေလိုက်ပါတယ်။ကဗျာလေးကအောက်ပါအတိုင်းပါ………………….
ပြန်လျော်ပေး
ကျွန်တော့်အိမ်တွေပြန်လျော်ပေး
ကျွန်တော့်မိဘတွေ၊ဆွေမျိုးတွေ ပြန်လျော်ပေး
ကျွန်တော့်ကိုလဲ ပြန်လျော်ပေး
ပြန်လျော်ပေး……..ပြန်လျော်ပေး။
အဲလိုသနားစဖွယ်
မြည်တမ်းနေပေမဲ့ နောင်တရားတွေနဲ့သာ အဆုံးသတ်သွားပါတယ်။ဒီလိုမဖြစ်ရအောင်
“အပြန်အလှန်လေးစားတန်ဖိုးထားကြပါစို့”
လေးစားလျက်
ကိုနော်(Wisdom Life)
လောဘ၊ဒေါသ၊မောဟတွေကင်းတဲ. ကမာမြေကြီးဖြစ်စေချင်လိုက်တာနော်
ReplyDeleteမောင်လေးပြောသလို ဒေါသကြောင့် အစားထိုးလို့မရတဲ့ဆုံးရှုံးမှုတွေမဖြစ်စေချင်တော့ပါဘူး။