Skip to main content

Posts

ဥပက္ခာ

အင်း တွေးမိတိုင်းချစ်တယ်ဆိုတဲ့အဖြေကလွဲပြီး ထွက်မလာဘူး ဖော်မျူလာလဲ စုံလှပြီ ဥာဏ်နီဥာဏ်နက်လဲစုံလှပြီ စုံလှတဲ့ တွက်နည်းတောင် ချစ်တယ်ဆိုတဲ့ အဖြေလေးက ယောင်လို့တော့ ထွက်မလာတာ အံ့စရာ ဘ၀က ခပ်ပါးပါးအသိနဲ့ ခပ်နွမ်းနွမ်းလျောက်နေရတော့ အချစ်ဆိုတာလဲ တကူးတက............... ရိုးသားမှဒိုးပြားရမယ်ဆို ဒိုးပြားမရှိတာက ဘယ်သူ့အပူပါလိမ့် သစ္စာကို ပုခုံးပေါ်တက်ပြီး ချွေးပြိုက်ပြိုက်ကျအောင် ဇွဲနဲ့တက်နေတာတောင် ထိပ်မရောက်ဘူး ................ မြင့်လှချည်လား ချစ်တောင်တန်းရယ်။

ပန်း

မရေးဖြစ်တာလဲကြာပြီဆိုတော့ အိုင်ဒီယာလဲခန်းနေပါပြီ ဒါကြောင့် မရှိရှိတဲ့ ဥာဏ်လေးနဲ့ ကဗျာတိုလေးတစ်ပုဒ် ဖန်တီးခွင့်ပြုပါ ဖြစ်နိုင်ရင်တော့ အများကြီးတွေး အများကြီးရေးပစ်လိုက်ချင်ပါတယ်။ ပန်း ပန်းဆိုပေမဲ့လဲ မမြင်နိုင်တဲ့ ပန်းတစ်ပွင့် မမြင်နိုင်ပေမဲ့ ခံစားလို့ရတယ် လူတိုင်းရင်မှာရှိသင့်တဲ့ပန်းတစ်ပွင့်  ပန်းသတင်းလေညှင်းဆောင်  လူသတင်းလူချင်းဆောင်ဆိုသလို မေတ္တာပန်းကိုတော့ လက်ဆင့်ကမ်းကာ  လူတိုင်းပန်ဆင်မြတ်နိုးကြတယ် မိမိရင်ထဲကမေတ္တာပန်းကသာ  အလှဆုံး ကျက်သရေအရှိဆုံးပါ။

စာကြောင်းတိုတိုဖတ်စေလို

ကဲ စာကြောင်းတိုတိုဖတ်စေလိုဆိုလို့ လာဖတ်ကြတယ်ဟုတ် ကျွန်တော်ထူးထူးခြားခြားအကြောင်းတွေရေးမှာမဟုတ်ပါဘူး ကျွန်တော်ပို့စ်မတင်နိုင်တဲ့အကြောင်းကိုပို့စ်ရေးခြင်းဖြစ်ပါသည်။ (တစ်ယောက်တည်းရှုပ်နေတာပဲ) ကျွန်တော်အလုပ်နှစ်ခုကြောင့်မအားမလပ်နိုင်ပဲ ၀ါသနာပါတဲ့ စာကိုမရေးဖြစ်တာ နည်းနည်းကြာပါပြီ။ စာအုပ်ထဲမှာပဲချရေးထားဖြစ်ပါတယ်။ အချိန်ရမှပဲ ကျွန်တော်ကြိုးစားထားသမျှကို မျှဝေပါ့မယ်။ အားလုံးကိုလေးစားလျက် ကိုနော် (Wisdom Life)

အမိန့်မကျသေးလို့ပါ။

ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းတဲ့လူတွေကိုမ ဖမ်းပဲဦးထုပ်ဆောင်းပြီး နည်းနည်းလောက် သေးငယ်တဲ့အမှုကို ဦးထိပ်တင်တက်တဲ့ တို့ပြင်ဦးလွင်က ယာဉ်ထိန်းရဲတွေအတွက် မှတ်ကျောက်တင်ပါရစေ။သုံးယော က်စီးတဲ့လူတွေကိုတော့ ဖမ်းပါရဲ့။ဦးထုပ်မဆောင်းတဲ့ လူတွေကို မဖမ်းဘူးလားဆိုတော့ အများကြီးဆိုတော့မဖမ်းနိုင် ဘူးလေဗျာ အမိန့်လဲမရသေးလို့ပါတဲ့ ။ သိတဲ့လူတွေဖြေကြပါ တရားဥပဒေစိုးမိုးရေးဆိုတဲ့ေ ခါင်းစဉ် ဘယ်မှာချောင်ထိုးထားကြပါသလဲ ။ ကိုယ်တွေ့ဖြစ်ရပ်ပါ။ ကျွန်တော်မီးနီဖြတ်ပီး စီးမိပါတယ် ဖမ်းပါဖမ်းခံခဲ့ပါတယ် အပြစ်ရှိတာကိုး ကိုယ်လုပ်ရင်ကိုယ်ခံရဲပါတယ် ။ ဒါပေမဲ့ များတယ်ဆိုပြီး မနိုင်ဘူးဆိုပြီး စည်းကမ်းမရှိစီးနင်းနေတဲ့ လူတွေကြတော့လစ်လျှူရှုနေကြတာ ဒို့နိုင်ငံကို ခင်ဗျားတို့ ယာဉ်ထိန်းရဲတွေ ခြစားအောင်လုပ်နေတာနဲ့ အတူတူပဲ ။တရားဥပဒေအထက်မှာဘယ်သူမှမရှိစေရဘူးဆိုတဲ့ စကားကို ဘယ်မှာထားကြပါသလဲ။ ပေါက်ကွဲလွန်းလို့တင်နေခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်သမ္မတကြီးလဲသိစေချင်ပါတယ်။ ကျွန်တော်က ဥပဒေ၊တရားမျှတမှု၊စည်းကမ်း ကို လိုလား၊လေးစားတဲ့ မြန်မာပြည်သား စစ်စစ်ပါ။ ဒီကိစ္စကို ဖတ်မိတဲ့လူတိုင်း ပြန်ရှယ်ယာလုပ်ပေးကြပါ။ ဒီလိုဦးထုပ်မဆောင်းတဲ့လူတေ...

ဒို့ပြည်

ခပ်ရိုင်းရိုင်းအပြောအဆိုနဲ့ စာရိတ္တသင်နေတဲ့ ဆရာ၊ဆရာမတွေ သခင်မျိုးဟေ့ဒိှု့ဗမာဆိုပြီး တရုတ်ရဲ့အလုပ်သမားတွေ ဖြစ်နေရတဲ့ ဒို့လူမျိုးတွေ ဒီလိုအဖြစ်တွေတွေ့ရတိုင်း ခေါင်းကုတ်စဥ်းစားစရာဖြစ်လာရော ဘာကြောင့်ဖြစ်ပါလိမ့်........ ???  ယဉ်ကျေးမှုမပပျောက်ရေးဆိုတာတွေထက် ကိုးရီးယားစတိုင်ဝတ်စားမှုတွေက ခေတ်စားလာတာအမှန် ကျောင်းဆိုတာကလဲ စာဆိုတာထက် အသပြာကို သင်နေတာလားမသိ ကိုးတန်းဆယ်တန်းရောက်သာရောက်လာတယ် True or False ဆိုတာ မသိသူတွေ ဒုနဲ့ဒေး အမှားနဲ့အမှန်မသိသရွှေ့ တို့မြန်မာတွေ တိုးတက်ဖို့ဝေးနေအုန်းမှာပဲ Free flow of Myanmar ဖြစ်လာရင် ဒို့နိုင်ငံမှာ သူများနိုင်ငံသားကခိုင်းတာလုပ်ရအုန်းမှာပဲ။ ဒါကို ထမင်းစားတာ မမေ့သလို မမေ့ဖို့လိုတယ် ရှာမယ်ဆိုတာထက် 12 လ ရာသီပွဲမှာ သုံးဖြုန်း မူးတူး ပျော်ပါးနေကြတာတွေ ဒို့လူငယ်တွေအင်အားပြဖို့ က ငမူးအင်အားပြဖို့ ငရူးအင်အားပြဖို့မဟုတ်ပေ သူများလူငယ်တွေနဲ့ကွာပဗျာ။ မလုံမလဲဝတ်စားမှုတွေ ရဲ့ စီးဆင်းမှုအောက်က ရွှေမြန်မာ မ တွေရဲ့ ၀တ်စားမှုကြောင့် ဖြစ်ပေါ်လာတဲ့ မဒိမ်းမှုတွေ။ ဒို့မြန်မာတွေရဲ့ တလင်တမယား စနစ်မြောင်းထဲရောက်ပြီလားဟင်......။ အတုမခိုးသင့်တာခိုးတဲ့ ဒို့လူမျိုးတွေပါလား။ ဒ...

မသိခြင်းများနှင့်ကျွန်တော်

အရာရာကို သင်ယူချင်နေတဲ့ ကျွန်တော်မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ်ဆိုင်မှာ သွားအလုပ်လုပ်ဖြစ်တယ်လေ။ ကဲ ပြဿနာက စတော့တာပဲ။ စရောက်တုန်းက မနေတက်မထိုင်တက်ပေါ့။ဟိုနေရာ မ၀င်ဒီနေရာမကိုက် ကောင်တစ်ယောက်ဖြစ်နေခဲ့တယ်။ အပြောအဆိုကစ၊ အနေအထိုင်အဆုံး အစစ သင်နေရတယ်လေ။  ရေးနေတာကလဲ ဘလော့သာဆိုတာပါ။ ဒိုင်ယာရီ တစ်ပုဒ်အဖြစ်သာ စိတ်ထဲက ထင်နေမိပါတယ်။ အဆင်မပြေတာကြုံလာရတိုင်း ဘ၀အတွက်ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးနဲ့ အဆင်ပြေအောင်ပေါင်းတက်အောင်လုပ်နေရတယ်။ အနေအထိုင်မတက်လို့ အပြောခံရတာလဲ ရှိတယ်။ နောက်တစ်ခါ မမှားအောင် မနည်းသတိထားနေရတယ်။ အမှားတစ်ခုကို ထပ်ခါထပ်ခါမှားတာက ပိုဆိုးတယ်ဆိုလို့လေ။ သဘောကျမိတာက စည်းကမ်းပိုင်းဆိုင်ရာ Management ပိုင်းပေါ့။ ဘယ်လို ဆက်ဆံမလဲ ။ဘယ်လိုပြောဆိုမလဲ။ ဘယ်လိုရောင်းဝယ်မလဲ ။စသည်စသည်ပေါ့။နောက်တစ်ခုခေါင်းထဲရောက်လာတာက ။ ဆက်ဆံရေးနှင့်ကျွမ်းကျင်မှု။ ဆက်ဆံရေးက စီးပွားရေးမှာ အရမ်းအဓိကကျတယ်နော်။ အဲဒီရောက်မှသိတယ် အ၇မ်းအရေးပါတယ်ဆိုတာပေါ့။ ဆက်ဆံရေးကောင်းတာတင်မကဘူးဗျ ၀န်ဆောင်မှုကလဲ လိုပြန်ရော။ ကဲ သင်နိုင်သမျှသင်ယူလေ့လာအုန်းမှာပဲနော်။ အင်းတစ်နေ့နေ့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ မမှိတ်မသုန် လေ့လာကြိုးစာ...

နားလည်မှု

အရာရာကို မ ထက်ပိုပြီး မလိုချင်ခဲ့ဘူး ထာဝရဆိုပြီးရည်မှန်းထားခဲ့တာ ပကာသနမပါဘူးချစ်သူ။ ပကာသန မပါလဲ  နားလည်မှုမပါရင်  အရာရာမှာ အဆင်မပြေဘူးချစ်သူ နားလည်မှုဆိုတာလဲ လိုတက်တာပိုလို့မကောင်းဘူးနော် အလယ်အလတ်ပဲကောင်းတယ်။ အချစ်အချစ်နဲ့ လူတွေပြောနေပေမဲ့  အချစ်ကို ရယူခြင်းလဲ မသတ်မှတ်ဘူး ပိုင်ဆိုင်ခြင်းလဲမသတ်မှတ်ဘူး အချစ်ဆိုတာ လက်ခံတဲ့လူပေါ်မှာပဲမူတည်တယ်လေ။ ရေလိုပဲပေါ့။  ရေကို ပူတဲ့ခွက်ထဲထည့်ရင်ပူသွားသလို အေးတဲ့ခွက်ထဲထည့်ရင်အေးသွားတာပဲ။  လက်ခံတဲ့ လူပေါ်မှာပဲမူတည်တယ်ချစ်သူ။ ချစ်သူက နားလည်မှုတွေနဲ့အပြန်အလှန်လက်တွဲသွားကြဖို့ပဲလိုတယ်နော်။ ချစ်သူ လက်တွဲနိုင်ပါ့မလား။ ဘ၀အခက်အခဲတွေကို အတူတူလက်တွဲဖြေရှင်းနိုင်ပါ့မလား။ ဘ၀ဆိုတာထင်ထားသလိုမဖြစ်လာနိင်တာကိုလဲ သတိရပေးအုန်းနော်။ ဒါမှ ခံနိုင်ရည်ရှိမှာလေ။  မိဘအသိုင်းအ၀ိုင်းတွေအပေါ်နားလည်ပေးနိုင်ပါ့မလား။ အေးအတူပူတမျှနေနိုင်ပါ့မလား။ အပြန်အလှန်သစ္စာရှိနိုင်ပါ့မလား။ ကမ်းလင့်နေဆဲလက်တစ်ဘက်က..........လှမ်းလာမဲ့ လက်ကလေးကို မျှော်နေဆဲပါချစ်သူ။ ရွှေလက်ခိုင်ခိုင်တွဲနိုင်ပါ့မလား။ မျှော်နေမယ်နော် ချစ်သူ။  ...