Tuesday, January 22, 2013

ပန်း

မရေးဖြစ်တာလဲကြာပြီဆိုတော့ အိုင်ဒီယာလဲခန်းနေပါပြီ ဒါကြောင့် မရှိရှိတဲ့ ဥာဏ်လေးနဲ့ ကဗျာတိုလေးတစ်ပုဒ် ဖန်တီးခွင့်ပြုပါ ဖြစ်နိုင်ရင်တော့ အများကြီးတွေး အများကြီးရေးပစ်လိုက်ချင်ပါတယ်။


ပန်း

ပန်းဆိုပေမဲ့လဲ မမြင်နိုင်တဲ့ ပန်းတစ်ပွင့်
မမြင်နိုင်ပေမဲ့ ခံစားလို့ရတယ်
လူတိုင်းရင်မှာရှိသင့်တဲ့ပန်းတစ်ပွင့် 
ပန်းသတင်းလေညှင်းဆောင် 
လူသတင်းလူချင်းဆောင်ဆိုသလို
မေတ္တာပန်းကိုတော့ လက်ဆင့်ကမ်းကာ 
လူတိုင်းပန်ဆင်မြတ်နိုးကြတယ်
မိမိရင်ထဲကမေတ္တာပန်းကသာ 
အလှဆုံး ကျက်သရေအရှိဆုံးပါ။


0 comments:

Post a Comment

ခင်မင်ရင်တစ်ခုခုရေးခဲ့ပေးပါနော်။

Related Posts Plugin for WordPress, Blogger...