Skip to main content

Posts

Showing posts from March, 2013

ဘယ်ဆီ

သင်္ကြန်ဒိုးတွေကြားရတိုင်း ဘယ်ဆီမှန်းလို့လွမ်းရမှန်းမသိ ငယ်ငယ်အတိတ်ဘ၀ဆီက အမေ့ကို ရေပြွတ်ကြီးဝယ်ခိုင်းဖို့ကလဲ  အရွယ်ကစားပြော ဒီအရွယ်နဲ့ရေပြွတ် မလိုက်တာအမှန် ပိတောက်ဆိုတာကလဲ မိုးပြေးလေးရွာမှထထ ပွင့်တက်တာကြာပေါ့ မိုးပြေးမှီတဲ့ ပန်းပိတောက်ထင်ပ တစ်နှစ်တစ်ခါ မှန်ပေမဲ့ သူလဲ အမှီရှိတယ်။ အလုပ်နဲ့ သင်္ကြန်သင်္ကြန်နဲ့ အလုပ် ဘာကိုပျော်စေရမလဲ  တရားစခန်းသွားဖို့ကလဲ စိတ်မပါ  ဘုန်းကြီးကျောင်းမနက်သွားပြီး နေ့လည်သွားကဲတာပဲကောင်းမှာပါ။ မိုးပြေးနဲ့အတူ လက်တွဲဖော်ဆိုတာလဲ ဘယ်ဆီမှာမသိ Rock n Roll နဲ့သင်္ကြန်ဒိုးကလဲ လွမ်းသူ့ရင်ထဲ ခိုခိုဝင်လာတယ်။ ဘယ်သွားရပါ့မလဲ ဘယ်သွားကြမလဲသူငယ်ချင်းတို့။

ဘောက်ဖတ်ကလေး

ပန်းဝတ်ရည်တွေကိုသောက်သုံးပြီး လှပတဲ့ပန်းပွင့်တိုင်းပေါ်မှာ နားခွင့်ရတဲ့ လိပ်ပြာလေးတွေကို သင်တွေ့ဖူးမှာပေါ့။ လှပတဲ့လိပ်ပြာလေးတွေဆိုတာက ကြိုက်တဲ့ ပန်းပွင့်ကို စားသုံးခွင့်ရှိသလိုလောကကြီးကိုလဲ သူအပေါ်စီးမှ ခံစားခွင့်မြင်နိုင်ခွင့် ရှိပါတယ်။ လူတိုင်းလဲ ပြီးပြည့်စုံတဲ့ဘ၀တစ်ခု၊ လိုချင်တာရနိုင်တဲ့ "လိုတရ" ဘ၀တစ်ခုသင်ပိုင်ဆိုင်ချင်မှာပေါ့။ ဒုက္ခတွေကြုံနေလဲသင်စိတ်ဓာတ်မကျဖို့ ကျွန်တော်အဖြစ်မှန်တစ်ခုပြောပြပါရစေ။ နေရိပ်မလာခင်တော့ နေပူထဲလျောက်ရတာလူ့သဘာဝတရားတစ်ခုပါ လှပတဲ့လိပ်ပြာလေးမဖြစ်ခင်က တရွှေ့ရွှေ့ပဲသွားလာနိုင်ပြိး အရွက်ကလေးတွေပဲစားသုံးနေရတဲ့ ဘောက်ဖတ်လေးကို တွေ့ဖူးကြမှာပါ။ ဘောက်ဖတ်လေးကနေရာကျဉ်းကျဉ်း လေးမှာ ပဲပျင်းရိစွာနေရတာတွေ့ရလိမ့်မယ်။ ရက်အနည်းငယ်ကြာတဲ့အခါမှာ သူ့အပေါ်အခွံမာတစ်ခု လာဖုံးအုပ်ပြီး သူနေရခက် ထိုင်ရခက်သွားစရာရှိတာမသွားရ လာစရာရှိတာမလာရနဲ့ အခက်ကြုံပါလေရော။ သုတေသနကျောင်းသားတစ်ဦးက ဘောက်ဖတ်နှစ်ကောင်အနက် တစ်ကောင်ရဲ့အခွန်မာကို သူခွဲထုတ်ပေးပြီး အပြင်ထွက်ခွင့်ပေးခဲ့တယ် ။ ကံမကောင်းစွာပဲ ထိုဘောက်ဖတ်လေးသေဆုံးသွားခဲ့တယ်။ အခွံမာနဲ့ဘောက်ဖတ်လေးကတော့ တိုးထွက်လာနိုင်ပြီး အမြင့်ကိုပျံသန်း...

ကြွေစေ့

"ချွင်" ခနဲ အသံနဲ့အတူလည်ပတ်ပြီး ချာချာလည် တ၀ီဝီကြားနေရတယ်။ ကောင်းတစ်ခါဆိုးတလှည့်ပေါ့။ - - - အပြောင်းအလဲကလည်း နှစ်ခုကပ်လျှက် အဆိုးအကောင်းကလည်း "ဒေါက်" ကနဲကအောက်ကျတာတောင် ဟိုလှိမ့်ဒီလှိမ့်နဲ့ ခဏကြာမှသူဆုံးဖြတ်ချက်တစ်ခု ခပ်ရဲရဲချလိုက်တယ် - -- ဒါဖြစ်မြဲအရာတစ်ခုပေါ့။

ရှဉ့်ကလေးတွေရဲ့သတ္တိ …

ရှဉ့်ကလေးတွေရဲ့သတ္တိ … … လွန်ခဲ့သော (၁၅)နှစ်ခန့်က ဖြစ်ပါသည်။ ကျွန်တော်စာရေးဆရာ ပေါက်စဘ၀။ ၀င်ငွေ မသေချာသေးသည့်အချိန်။ တစ်နေ့မှာတော့ လက်ရှိဘ၀ပြဿနာကို အလေးအနက် စဉ်းစား အဖြေရှာတော့မည် ရည်ရွယ်ကာ တိတ်ဆိတ်သည့် ပန်းခြံတစ်ခုထဲ ကျွန်တော်ဝင်လာခဲ့သည်။ …အမျိုးသမီးနှင့် ကျွန်တော် စေ့စပ်ကြောင်းလမ်းထားခဲ့တာ လေးနှစ်ရှိသွားပြီဖြစ်သည်။ သို့သော် လက်ထပ်ဖို့ မစဉ်းစားနိုင်သေး။ နောက်နှစ်မှာ ကျွန်တော့ဝင်ငွေ ဘယ်လောက်ရှိမည်ဆိုတာ ခန့်မှန်းမရနိုင်သေး။ ပြီးတော့ ကျွန်တော်တို့ နှစ်ယောက် သိပ်တောင့်တတာ တစ်ခုရှိသည်။ ပါရီ၊ ရောမ၊ ဗီယင်နာ၊ လန်ဒန် စသဖြင့် ဥရောပ အနှံ့အပြားမှာ လှည့်လည် နေထိုင်ရင်း စာရေးချင်သောဆန္ဒ။ …သို့သော် မကြာမကြာ ငွေအသင့်အတင့်ရဖို့ပင် မသေချာသေးသော ယခုချိန်ခါ၌ ကိုယ့်အတွက် လုံခြုံမှုရှိသည့် ကိုယ်သိကျွမ်းပြီးသား ပတ်ဝန်းကျင်ကို စွန့်ခွာကာ မိုင် ၃၀၀၀ ကျော် အဝေးရှိ ဥရောပသို့ သွားရောက်ရန်မှာ မစဉ်းစား ကောင်းသောအရာတစ်ခုဖြစ်နေသည်။ …အဲသည်အခိုက်အတန့်မှာပင် ပန်းခြံထဲရှိ သစ်ပင်မြင့်ကြီး တစ်ခုထက်မှ ရှဥ့်ကလေးတစ်ကောင် နောက်သစ်ပင်ကြီး တစ်ပင်ပေါ် လှမ်းခုန်ကူးတာ ကျွန်တော်မြင်ရသည်။ သူရည်ရွယ်ပုံရသည့် ဒုတိယသစ်ပင်ကြ...

Excellent Quotes by Warren Buffet

တက်လို့ရေးထားတာမဟုတ်ပါဘူး။ တစ်ချို့စကားလုံးလေးတွေကို ဘာသာမပြန်တက်တာကတစ်ကြောင်း ဘာသာမပြန်ထိုက်တာကတစ်ကြောင်း ကြောင့် မူရင်းအတိုင်းပဲရှယ်ယာလုပ်လိုက်ပါတယ်။ အတွေးနယ်ချဲ့နိုင်ကြပါစေ။ On Earning : "Never Depend On Single Income. Make Investment To Create A Second Source". On Spending : "If You Buy Things You Do Not Need, Soon You Will Have To Sell Things You Need". On Savings : "Do Not Save What Is Left After Spending, But Spend What Is Left After Saving". On Taking Risk : "Never Test The Depth Of River With Both The Feet". On Investment : "Do Not Put All Eggs In One Basket". On Expectations : "Honesty Is Very Expensive Gift. Do Not Expect It From Cheap People".

လမ်းဆုံ

ကောင်းကင်ကိုမောင်းတင်ကာ ကျော်ဖြတ်မယ်ကြံ စင်္ကြာဝဌာရေမြေဆုံးစေတော့ ပျို့ဖူးစာ ရွာနှယ်လည်လို့ facebook မှာ share လုပ်သလိုပ မြန်လိုက်သည့် ဒီဖြစ်အင် ဒုန်းပျံလိုထင် လွမ်းပိုင်ပင် သူ့လောက်မြန်မည်မထင် ခုတစ်မျိုးတော်ကြာတစ်မျိုးလိုပ အခုချစ်ကာခုကွဲ ချစ်ကာမျှမ၀သေး အသဲကွဲပြီလေးးးးးးးးးးးးးးးးးး ။ အမှတ်မရှိတဲ့  ရဲသွေး