အရာရာကို သင်ယူချင်နေတဲ့ ကျွန်တော်မိုဘိုင်းဖုန်းနဲ့ အီလက်ထရောနစ်ဆိုင်မှာ သွားအလုပ်လုပ်ဖြစ်တယ်လေ။ ကဲ ပြဿနာက စတော့တာပဲ။ စရောက်တုန်းက မနေတက်မထိုင်တက်ပေါ့။ဟိုနေရာ မ၀င်ဒီနေရာမကိုက် ကောင်တစ်ယောက်ဖြစ်နေခဲ့တယ်။ အပြောအဆိုကစ၊ အနေအထိုင်အဆုံး အစစ သင်နေရတယ်လေ။ ရေးနေတာကလဲ ဘလော့သာဆိုတာပါ။ ဒိုင်ယာရီ တစ်ပုဒ်အဖြစ်သာ စိတ်ထဲက ထင်နေမိပါတယ်။ အဆင်မပြေတာကြုံလာရတိုင်း ဘ၀အတွက်ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးနဲ့ အဆင်ပြေအောင်ပေါင်းတက်အောင်လုပ်နေရတယ်။ အနေအထိုင်မတက်လို့ အပြောခံရတာလဲ ရှိတယ်။ နောက်တစ်ခါ မမှားအောင် မနည်းသတိထားနေရတယ်။ အမှားတစ်ခုကို ထပ်ခါထပ်ခါမှားတာက ပိုဆိုးတယ်ဆိုလို့လေ။ သဘောကျမိတာက စည်းကမ်းပိုင်းဆိုင်ရာ Management ပိုင်းပေါ့။ ဘယ်လို ဆက်ဆံမလဲ ။ဘယ်လိုပြောဆိုမလဲ။ ဘယ်လိုရောင်းဝယ်မလဲ ။စသည်စသည်ပေါ့။နောက်တစ်ခုခေါင်းထဲရောက်လာတာက ။ ဆက်ဆံရေးနှင့်ကျွမ်းကျင်မှု။ ဆက်ဆံရေးက စီးပွားရေးမှာ အရမ်းအဓိကကျတယ်နော်။ အဲဒီရောက်မှသိတယ် အ၇မ်းအရေးပါတယ်ဆိုတာပေါ့။ ဆက်ဆံရေးကောင်းတာတင်မကဘူးဗျ ၀န်ဆောင်မှုကလဲ လိုပြန်ရော။ ကဲ သင်နိုင်သမျှသင်ယူလေ့လာအုန်းမှာပဲနော်။ အင်းတစ်နေ့နေ့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ မမှိတ်မသုန် လေ့လာကြိုးစာ...
Note of Memories